Background
ပြည်ဈေးကွက်ကို ယခုတစ်ပတ်မှာ အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့်သာ အဝင်ရှိနေပြီး၊ ဈေးနှုန်းမှာ ဇန်နဝါရိလ တတိယပတ်မှစပြီး၊ ဈေးတက် သွားကြောင်း သိရပါတယ်။ အရောင်းအဝယ်အားဖြင့် ဈေးကွက်အတွင်း တစ်နေ့ကို ပိဿာချိန် ၅၀၀ ခန့်ရှိပြီး၊ ရခိုင်ပြည်နယ်ကို စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့် တင်ပို့မှုရှိနေ ပါတယ်။ ဈေးနှုန်းမှာ တစ်ပိဿာ ချင်း(ရှယ်) ၇၀၀ ကျပ်၊ (ဂျွန်) ၅၀၀ ကျပ်တို့နဲ့ အရောင်းအဝယ် သွက်လျက်ရှိနေတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်
ချင်းပြန်လည်တင်ပို့လာတာ နှစ်ပတ်ရှိပြီလို့ သိရပါတယ်။ ယခင်သီတင်းပတ် မှာချင်းတန်ချိန် ရှစ်ဆယ်ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ ၁၃၈ ဒသမ ၁၄ တန်တင်ပို့နိုင်ခဲ့တာကြောင့် ယခင်တစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် တန်ချိန် ငါးဆယ်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာ ပါကစ္စတန်၊ အိန္ဒိယ၊ ဂျပန်နိုင်ငံများကို တင်ပို့ခဲ့ပေမဲ့ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းတင်ပို့မှုက ပျမ်းမျှရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ လေးသောင်းနီးပါးရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ပဲတီစိမ်း(ဆောင်း)စိုက်ပျိုး ဧက ၂၇၀၀၀ ကျော်ရှိပါတယ်။ အဓိကစိုက်ပျိုးတဲ့ခရိုင်မှာ ကျောက် ဆည် ခရိုင်ဖြစ်ပြီး၊ ဧက ၁၁၀၀၀ ခန့် စိုက်ပျိုးပြီးဖြစ်တာကြောင့် ယခင်နှစ်စိုက်ဧက ၉၀၀၀ ခန့်ထက် ဧက ၂၀၀၀ ပိုမိုစိုက်ပျိုးနိုင်ခဲ့ ပါတယ်။ ယခင်နှစ်မှာတစ်ဧကအထွက်နှုန်း ၁၃ ဒသမ ၇၆ တင်း ထွက်ရှိ တာကြောင့် ၁ ဒသမ ၂၂ တင်းသိန်းထွက်ရှိပြီး၊ ယခင်နှစ် အထွက်နှုန်းအတိုင်း၊ ယခုနှစ်ထွက်ရှိပါက ၁ ဒသမ ၅၁ တင်းသိန်း ထွက်ရှိမှာဖြစ်လို့ ကျောက်ဆည်ခရိုင်အနေနဲ့ ဆောင်းပဲတီစိမ်း တင်းသုံးသောင်း ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ကျောက် ဆည်မြို့နယ်မှာ ၄၈၆၁ ဧက၊ စဉ့်ကိုင်မြို့နယ်မှာ ၂၀၀၅ ဧက၊ မြစ်သားမြို့ နယ်မှာ ၁၄၂၉ ဧက၊တံတားဦးမြို့နယ်မှာ ၂၆၄၃ ဧက အသီးသီးစိုက်ပျိုးကြောင်း သိရပါတယ်။
မုံရွာကုန်စည်ဒိုင် ဇန်နဝါရီ စတုတ္ထပတ်ပဲဈေးကွက်မှာ ပဲစင်းငုံနီနည်းတူ ကုလားပဲသစ်တွေ စတင်ဝင်ရောက် လာပြီး၊ ပဲဟောင်းဈေးနဲ့သာ ဈေးဖွင့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ဘုတလင်နယ် ဘက်က 929 ပဲသစ် တစ်ရက်အိတ် ၁၀၀ ခန့် ဝင်လာသလို ပုလဲ၊ ဆားလင်းကြီး နယ်ဘက်က V2 တစ်ရက် အိတ် ၁၅၀ ခန့် စတင်ဝင်ရောက် ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲမျိုးစုံအိတ်စပို့ ဝယ်လက်မရှိဘဲ ဒေသခံ စက်သမား၊ ကြာဇံသမားနဲ့ ပဲလက်လီအဝယ်သာ ရှိခဲ့လို့ ဈေးငြိမ်နေလျက်ရှိရာ ထိုင်ဝမ်တစ်တင်း ၁၆၇၀၀ ကျပ်၊ V2 တစ်တင်း ၁၆၀၀၀ ကျပ်၊ 929 တစ်တင်း ၁၆၀၀၀ ကျပ်၊ အသီးသီးဈေးပေါက်ခဲ့ပြီး နေ့စဉ်တစ်ရက်အိတ် ၁၂၀၀ ဝန်း ကျင်အရောင်းအဝယ် ပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် မြန်မာမတ်ပဲကို ပဲခွဲစက်နဲ့ ကုန်သည်များက အဝယ်လိုက်လို့ ဈေးမြင့်တက် လာပြီး ပဲစင်းငုံနီကို အဝယ်အေးသဖြင့် ဈေးအပြောင်းအလဲမရှိ ကြောင်း၊ ပဲတီစိမ်းနဲ့ ကုလားပဲမှာ ဈေးအနည်းငယ် ကျဆင်း ခဲ့ကြောင်း သိရပါတယ်။ အတ္တာပရာဒက်ရှ်ပြည်နယ်ရှိ ကန်ပါ ဈေးကွက်၊ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ ပီပါရီယ ဈေး ကွက်၊ မဒ္ဒရာပရာဒက်ရှ်ပြည်နယ်ရှိ ဂန်းဘိုဆိုဒါ ဈေးကွက်တွေမှာ ပဲအဝင်နည်း၊ ဝယ်အားကောင်း တဲ့အတွက် ကုလားပဲ၊ စား တော်ပဲ၊ မတ်ပဲ၊ ပဲစင်းငုံနဲ့ Masoor ပဲတွေ ဈေးတက်ခဲ့ပါ တယ်။ မဟာရှ်တရာပြည်နယ်ရှိ အမရာဗာတီ ဈေးကွက်မှာ တော့ ကုလားပဲတွေ အဝင်များတဲ့အတွက် ဈေးကျခဲ့ပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့က ကမ္ဘာ့ရော်ဘာဈေးနှုန်းများ ဟာ ၉ လအတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့တယ်လို့ သိရ တယ်။ ဂျပန်နိုင်ငံ တိုကျိုကုန်စည်ရောင်းဝယ်ရေး (TOCOM) မှာ ဇွန်လအရောက်ပို့စာချုပ်ဈေးနှုန်းက တစ်ကီလိုကို ၃၂၀ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၃၅၉၆ ဝန်းကျင်)အထိ ရောက်ရှိခဲ့ရာ ဧပြီလ နောက်ပိုင်း အမြင့်ဆုံးဖြစ်တယ်လို့ သိရ တယ်။ ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းလာခြင်း၊ တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုဆိုင်ရာစာရင်းဇယားများအရ ဒီဇင်ဘာလ အတွင်း ပို့ကုန်တိုးတက်မှုရှိလာခြင်း၊ ရေနံစိမ်းဈေးနှုန်းများအားကောင်း နေခြင်း၊ ရော်ဘာတင်ပို့မှု အများဆုံးနိုင်ငံတွေရဲ့ ရော်ဘာ တင်ပို့မှု ပမာဏလျှော့ချနေတဲ့ ကာလဖြစ်ခြင်း တို့ကြောင့် ကမ္ဘာ့ရော်ဘာဈေးနှုန်းများ အားကောင်းလာခြင်းဖြစ်တယ်။
ဇန်နဝါရီလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၀၂၀ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၁၈၀၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာအဆင့်စုံ တန်ချိန် ၁၀၄၀ ကျော်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်က ထက် တန်ချိန် ၇၆၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာကို တွေ့ရပါတယ်။ စခန်းအလိုက်တင်ပို့နို င်မှု တွေကတော့ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၄၉ သန်းတန်ဖိုးရှိ RSS-1 ၁၆ တန်ကျော်၊ကန်ဒေါ်လာ ၁ ဒသမ ၀၀၁ သန်းတန်ဖိုးရှိ RSS-3 ၃၁၆ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၆၅၆ သန်းတန်ဖိုးရှိ MSR-20 ၂၃၈ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၂၀၁ သန်း တန်ဖိုးရှိ MSR-50 ၇၆ တန်ခန့်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း ကန်ဒေါ်လာ ၂ ဒသမ ၂၇၆ သန်းတန်ဖိုးရှိ RSS-3 ၈၁၆ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၈၃၀ သန်းတန်ဖိုးရှိ MSR-20 ၃၀၀ တန်ခန့် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တရုတ်နိုင်ငံနယ်စပ်မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ကြည့်ရာမှာ RSS-3 ရော်ဘာဈေးကတော့ ယခင် အပတ်က ထက် အနည်းငယ်တက်ပြီးRSS-5 ဈေးကတော့ ပြောင်းလဲမှုမရှိတာ ကိုတွေ့ရပါတယ်။ မိမိဘက်နဲ့ တဖက်နိုင်ငံနယ်စပ် မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-
ကန်ဒေါ်လာ ၂ ဒသမ ၆၃၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၉၅၁ တန်ကျော်ကို တရုတ်၊ စင်္ကာပူနဲ့ မလေးရှားနိုင်ငံများသို့ ဇန်နဝါရီလ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှအပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မလေးရှားနဲ့ တရုတ်နိုင်ငံနှစ်နိုင်ငံသို့သာအပို့ရှိခဲ့ပြီး ယခုအပတ်မှာယခင်အပတ်ကထက် တန် ၃၇၀ အပို့ပိုခဲ့ပါတယ်။ ယခုအပတ်မှာ တရုတ် နိုင်ငံသို့ RSS-3 တန် ၃၀၀၊ စင်္ကာပူသို့ RSS-5 တန် ၂၀၊ မလေးရှားသို့ RSS-3 တန် ၄၁၀၊RSS-5 တန် ၂၀ နဲ့ MSR-20 ၂၀၁ တန်ကျော်အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခုအပတ်နိုင်ငံတကာ ရော်ဘာ FOB ပေါက်ဈေးများမှာ ယခင်အပတ်ထက်ဈေး အနည်းငယ် ကျဆင်းသွားပါတယ်။ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ် လုပ်သူများနဲ့ တင်ပို့သူများအသင်းကထုတ်ပြန်တဲ့ FOB ရော်ဘာဈေးတွေကတော့ RSS-1 တစ်တန် လျှင်ဒေါ်လာ ၃၀၀၀-၃၁၀၀၊RSS-3 နဲ့ MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၉၀၀-၃၀၀၀၊RSS-5 နဲ့ MSR-50 တစ်တန်လျှင် ဒေါ်လာ ၂၈၀၀-၂၉၀၀၊ MSR-10 တစ်တန်လျှင် ဒေါ်လာ ၂၉၅၀-၃၀၅၀ နဲ့ Crepe Rubber တစ်တန်လျှင် ဒေါ်လာ ၂၇၀၀-၂၈၀၀ အသီးသီးဖြစ်ပါတယ်။ MIRT (DOBT)
အိန္ဒိယအစိုးရသည် ပြည်တွင်းစက်မှု လုပ်ငန်းများကို အကာအကွယ်ပေးရန် တရုတ်နိုင်ငံမှတင်သွင်းသော သံမဏိ ပစ္စည်းအချို့အပေါ် သွင်းကုန်ခွန် ၂၀ ရာခိုင်နှုန်း စတင်ကောက်ခံသွားမည်ဟု ဇန်နဝါရီလလဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့ ပါသည်။
မန္တလေးမြို့သကြား၊ သကာရည် လုပ်ငန်းရှင်များ ကထိန်တော် အသင်း (မန္တလေး သကြားကုန်စည်ဒိုင်)မှာ နေ့ စဉ် (ဥပုသ်နေ့မှအပ) သကြား၊ သကာ ရည်များ အရောင်းအဝယ် ပြုလုပ်ရာမှာ ယခု ၂၀၁၃ ခုနှစ် ဇန်နဝါရီ လလယ် သကြား၊ သကာရည် တစ်ပိဿာပေါက် ဈေးများမှာ သကြား A ၈၅၀ ကျပ်၊B ၈၄၀ ကျပ်၊ C ၈၃၀ ကျပ် ဖြင့် လည်း ကောင်း၊ သကာပွက်ရည် ၅၀၀ ကျပ်၊ စက်ကျရည် ၃၀၀ ကျပ်ဖြင့် လည်း ကောင်း အရောင်း အဝယ် ပြုလုပ် ကြောင်းသိရပါတယ်။ မန်းသကြား ဒိုင်မှာ ပွက်ရည်၊ စက်ကျရည်ထက် သကြား (ကုန်ချော) ကိုသာ အဓိက ထား အရောင်းအဝယ်ပြုလုပ်ပါတယ်။ ဒီဇင်ဘာလလယ်မှာ ပွက်ရည်များ စတင်ထွက်ရှိရာ ယခုဇန်နဝါရီလလယ် မှာ လှိုင်လှိုင်ပေါ်လာပြီ ဖြစ်လို့ ပွက်ရည် ဈေးအနည်းငယ် ကျဆင်းသွားသလို ပွက်ရည်ကိုမှီခိုတဲ့ သကြား ဈေးလည်း အနည်းငယ်အေးတာကို တွေ့ ရပါ တယ်။ မန်းသကြားဒိုင်မှာ နေ့စဉ် (၃၀ ပိဿာဝင်အိတ်) သကြားအိတ် ၃၀၀၀ မှ ၅၅၀၀ ခန့်ထိ အရောင်းအဝယ် ဖြစ်ကြောင်း၊ ပြည်ပမှသကြားအိတ်များ အဝင် ရှိသကဲ့သို့ ပြည်တွင်းမှ သကြား များကိုလည်း ပြည်ပသို့တင်ပို့ကြောင်း သကြား၊ သကာရည်ကုန်သည် စက်ပိုင် တစ်ဦးက ပြောပါတယ်။ စိုးအောင်-မန္တလေး
