Background
ယခုဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ချင်း ပြည်ပကို စုစုပေါင်းတင်ပို့ပြီးစီးမှုမှာ တန်ချိန် ကိုးထောင်ကျော်ရှိခဲ့ပြီး ရရှိခဲ့တဲ့ ဝင်ငွေ ကကန်ဒေါ်လာ ၄၁ သိန်းကျော်ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကာ လတူမှ တန်ချိန် နှစ်ထောင့်ခြောက်ရာကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ဆယ့်သုံး သိန်းကျော်ရ ရှိခဲ့တာကြောင့် ယခုနှစ်မှာ တန်ချိန် ခြောက်ထောင့်ငါးရာကျော်ပိုမို တင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ်လာ နှစ်ဆယ့်နှစ်သိန်းကျော် ပိုမိုရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။ MIRT (DOT)
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ပွဲစားကုန်သည်စက်ပိုင်များ၊ မဟာကထိန် တော်အသင်း (မန္တလေး ကုန်စည်ဒိုင်)၊ မြင်းခြံကုန်စည်ဒိုင်၊ ကျောက်ပန်းတောင်း ကုန်စည်ဒိုင်တို့ရှိရာမှာ မန္တလေးကုန်စည်ဒိုင်ဟာ သက်တန်းရင့် ပြီး၊ ကုန်စည်ဒိုင် အသင်းဝင်အင်အား များပြားတောင့်တင်းကာ နှစ်ပတ်လည် အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်နဲ့ ကျောက်ပန်းတောင်းကုန်စည်ဒိုင်များမှာ သက်တမ်းနုနယ်သော်လည်း ကုန်စည်ရောင်းဝယ်မှု အင်အားမှာ တဖြည်းဖြည်း တိုးတက်လာလျက်ရှိကြောင်း၊ ယခင်ကာလများမှာ ပြင်ပမှာသာ အဆင်ပြေသလို အရောင်းအဝယ်ပြုလုပ်နေကြရကြောင်း၊ ယခုအခါ ကုန်စည်ဒိုင်မှာ အရောင်း အဝယ် ပြုလုပ်ရလို့ ပေါက်ဈေးနှုန်း အမှန်နဲ့ အာမခံချက်ရှိတာကြောင့် ရောင်းဝယ်မှု အဆင် ပြေလျက်ရှိကြောင်း သိရပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ကန် ဒေါ်လာ သုည ဒသမ ၀၁၇ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၃၀ နဲ့ စစ်တွေနယ်စပ်ကုန် သွယ်ရေးမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ မတ်ပဲ ၄ တန်ကို ဇန်နဝါရီလ ၂ ရက်မှ ၈ ရက်မှာ တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က စစ်တွေမှ ၁ တန်နဲ့တမူးမှ ၈ တန်ခွဲသာ တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန် ၃၀ နီးပါး ပိုမိုတင်ပို့ နိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်စခန်းတစ်ခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၂ ရက်မှ ၈ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၂၁ သန်းတန်ဖိုး ရှိတဲ့ ပဲတီစိမ်းလုံးပြည့် ၆၂၄ တန်ခွဲနဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၉၈ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၇၇ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ပဲတီစိမ်း လုံးပြည့်တန် ၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ် တန် ၃၀၀ ကျော် လျော့ နည်းခဲ့ပြီး ယခင်အပတ်က လုံးခြမ်း ၁၇၅ တန် အပိုရှိခဲ့လို့ ယခုအပတ်မှာ ၂ တန် ကျော် အပို့ပိုလာတာတွေ့ရပါတယ်။ နှစ်ဖက်မြေပြင် ပေါက်ဈေးများကိုကြည့်လျှင် မိမိဘက်ဈေးများ ယခင်အပတ်ထက် အနည်းငယ်ဈေးမြင့်လာပြီး တစ်ဘက်နို င်ငံ ဈေးပြောင်းလဲမှု မရှိတာတွေ့ရပါတယ်-
၂၀၁၃ ဇန်နဝါရီ ဒုတိယပတ် ပြည်ပဲဈေးကွက်မှာ ပဲမျိုးစုံ ဈေးနှုန်းများ ဈေးအပြောင်းအလဲ သိပ်မဖြစ် ဘဲ ဈေးငြိမ်နေခဲ့ တာကို တွေ့ရပါတယ်။ ပဲပုပ်သီးနှံတစ်မျိုးသာ တစ်တင်း ၁၀၀၀ ကျပ်ခန့် ဈေးလျော့သွားခဲ့ပါတယ်။ ပဲပုပ်တစ်တင်းကို ၁၆၅၀၀ ကျပ်နဲ့ ပဲသစ်များဟာ ပေါင်းတလည်၊ ပန်းတောင်း ဘက်မှ ဆက်တိုက်ဝင်ရောက်ခဲ့ပြီး၊ အိတ် ၃၀ မှ ၅၀ အထိ လက်လီအဝယ်လိုက်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲသီးနှံ ကတော့ ယခင်အပတ်ကအတိုင်း တစ်တင်း ၁၄၀၀၀ ကျပ်နဲ့ သာ ရန်ကုန်ဝယ်လက်နေ့စဉ်အဝယ်မရှိဘဲ ရက်ခြားသာ အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် အိတ် ၂၀၀ မှ ၃၀၀ ခန့် ရောင်းချနိုင်ခဲ့ပါတယ်။ ပဲသစ်များ လကုန်မှာ ဝင်ရောက်နိုင် တယ်လို့ သိရပါတယ်။
မုံရွာကုန်စည်ဒိုင် ဇန်နဝါရီလ ဒုတိယပတ်အစ ပဲဈေး ကွက်မှာ ပဲသစ်အချို့ပေါ်စပြုပေမယ့် ထင်သလောက် အဝယ် မသွက်ခဲ့ဘဲ ဈေးလည်းအေးလျက်ရှိတာတွေ့ရပါတယ်။ ယခု တစ်ပတ် ကုလားပဲမျိုးစုံဈေးကွက် အနေနဲ့ မန္တလေး-ရန်ကုန် ဝယ်လက်ငြိမ်နေပြီး၊ ဒေသခံစက်သမားနဲ့ လုပ်ငန်းသုံးသမား တွေရဲ့ အဝယ်သာရှိလို့ ပစ္စည်းမပေါပေ မယ့် ဈေးငြိမ်နေခဲ့ပါ တယ်။ ယခုတစ်ပတ်အတွင်းမှာ V2 တစ်တင်း ၁၆၁၀၀ ကျပ်မှာ တန့်နေကာ ထိုင်ဝမ်တစ်တင်း ၁၈၅၀၀ ကျပ်နဲ့ 929 ကုလားပဲတစ်တင်း ၁၈၁၀၀ ကျပ်အသီးသီး အမြင့်ဆုံး ပေါက် ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် ယခုတစ် ပတ်မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲမျိုးစုံ အိတ် ၅၀၀၀ ဝန်း ကျင်ပုံမှန်ဖြစ်ခဲ့တယ်လို့ ကုန်သည်လောကက ကြားသိရပါ တယ်။
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှ ၁၀ ရက်အတွင်း ပခုက္ကူကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ အသစ် အဟောင်း ပြောင်းဖူး စေ့၊ နှမ်းနက်၊ နှမ်းညို၊ ပဲတီစိမ်း ကြီး/သေး၊ ပြောင်းဆန်တွေ အရောင်းအဝယ်ဖြစ်ပါတယ်။ ပဲစင်းငုံအရောင်းအဝယ် အနေ နဲ့ ပဲစင်းငုံနီအသစ် နေ့စဉ် အရောင်းအဝယ်ဖြစ်ပြီး၊ စုစုပေါင်း ၁၄၉၅ အိတ်အရောင်းအဝယ်ဖြစ်ပါတယ်။ ဈေးအနေနဲ့ အနိမ့် ဆုံး ၁၇၃၀၀ ကျပ်မှ ၁၇၈၀၀ ကျပ်ဈေးအထိ နည်းနည်းခြင်း တက်ပြီး၊ တစ်တင်း အပေါ် ၅၀၀ ကျပ် တက်လာတာတွေ့ရ ပါတယ်။ အဟောင်းအနေနဲ့ တစ်ရက်ဘဲ အရောင်း အဝယ် ဖြစ်ပြီး၊ အိတ် ၂၈၀၊ ဈေးနှုန်း ၁၆၁၀၀ ကျပ်ပါ။ ရာသီဖျက်လို့ အသစ်အထွက်နည်းတယ်၊ အဟောင်း သမားလည်း လှောင် လက် လက်ကျန်ရှိနေမယ်။ ဈေးကွက်အပေါ် ပဲစင်းငုံနီ အသစ် တက်ရောက်လာမှုအခြေအနေကို ကြည့်ပြီး၊ အဟောင်းသမားများ ကိုင်သင့်...သလား။ ထုတ်ရောင်း မလား စဉ်းစားချင့်ချိန် သုံးသပ်နေကြ တာ တွေ့ရပါတယ်။ ပြောင်းဖူးစေ့ အိတ် ၁၄၀ ဒိုင်မှာ တင်ရောင်းပြီး၊ ဈေးအနေနဲ့ အနိမ့်ဆုံး တစ်တင်း ၅၈၀၀ ကျပ်၊ အမြင့်ဆုံး ၆၀၀၀ ကျပ်မှာ တစ်တင်းအပေါ် ၂၀၀ ကျပ်အကွာ နဲ့ မွေးမြူရေးသမားတွေ စောင့်....ဆွဲနေတာပါ။
အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲခွဲစက်များနဲ့ ကုန်သည် များ အဝယ်အေးတဲ့အတွက် မြန်မာပဲစင်းငုံနီနဲ့ မတ်ပဲဈေး ကျဆင်း လာခဲ့ပါတယ်။ ကုလားပဲကတော့ ကန်ပါ ဈေးကွက် မှာဝယ်လိုအားကောင်းနေပြီး လာမယ့် နေ့တွေမှာ မဒ္ဒရာပရာ ဒေ့ရှ်နဲ့ အတ္တာရာပရာဒေ့ရှ်ပြည်နယ် အများစုက ဝယ်အား ကောင်းလာမယ်လို့ ခန့်မှန်းထား ပါတယ်။
ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၃-၁-၂၀၁၃ ကျပ်/ပိဿာ
စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး
28/12
3/1
ပြောင်းလဲမှု
28/12
3/1
ပြောင်းလဲမှု
28/12
3/1
ပြောင်းလဲမှု
28/12
3/1
ပြောင်းလဲမှု
1
မတ်ပဲ
751
767
617
633
685
710
685
690
2
ပဲစင်းငုံ
813
841
792
800
840
855
835
865
3
ပဲတီစိမ်း
1200
1165
800
889
1089
1089
1115
1053
4
ကုလားပဲရိုးရိုး
1050
1055
924
969
895
921
947
921
5
ပဲလွန်းဖြူ
915
915
1000
1000
1079
1105
895
-
6
ထောပတ်ပဲ
935
900
978
996
-
-
-
-
* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။
ပြည်တွင်းဈေးကွက်မှာရော ပြည်ပဈေးကွက်မှာပါ ရောင်းဝယ် မှုဈေးကွက်နေရာတစ်ခုကို မြန်မာနိုင်ငံထွက် နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်၊ နှမ်းနက်စမုံ၊ နှမ်းကြားတို့က နေရာယူထားပါတယ်။ နှမ်းဖြူကို ပြည်ပ သို့ ကုန်ကြမ်းအနေနဲ့ တင်ပို့ရောင်းချ ခြင်းသာမက အခွံချွတ်ပြီး တန်ဖိုးမြှင့်ကုန်အဖြစ် တင်ပို့တာကိုလည်း တွေ့ရပါတယ်။ မန္တလေးမြို့ ပွဲစားကုန်သည် စက်ပိုင်များရဲ့ ကထိန်တော် အသင်း (မန္တလေးကုန်စည်ဒိုင်)သို့ နှမ်းဖြူကို ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပခုက္ကူ၊ မြောင် မြို့နယ်များမှ လည်းကောင်း၊ နှမ်းညို၊ နှမ်းနက်များကို မကွေး၊ ရေနံ ချောင်း၊ ပခုက္ကူ၊ ချောက်၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ မြင်းမူ၊ ချောင်းဦး၊ ဝက်လက်ဒေသများမှလည်း ကောင်းဝင်ရောက်လျက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ တယ်။ နှမ်းကြားကို တံတားဦး၊ ငါန်းဇွန်း၊ စစ်ကိုင်း၊ ညောင်ပင်ဝန်း တို့မှ ဝင်ရောက်မှုရှိသော်လည်း ဝင်ရောက်မှု ပမာဏ အလွန်နည်း တာကြောင့် ဈေးနှုန်းကို ကြိုက်ရောင်းကြိုက်ဝယ်ဖြင့်သာ ရောင်းဝယ် တာကို တွေ့ရပါတယ်။
