Background
အိန္ဒိယအစိုးရသည် ပြည်တွင်းစက်မှု လုပ်ငန်းများကို အကာအကွယ်ပေးရန် တရုတ်နိုင်ငံမှတင်သွင်းသော သံမဏိ ပစ္စည်းအချို့အပေါ် သွင်းကုန်ခွန် ၂၀ ရာခိုင်နှုန်း စတင်ကောက်ခံသွားမည်ဟု ဇန်နဝါရီလလဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့ ပါသည်။
မန္တလေးမြို့သကြား၊ သကာရည် လုပ်ငန်းရှင်များ ကထိန်တော် အသင်း (မန္တလေး သကြားကုန်စည်ဒိုင်)မှာ နေ့ စဉ် (ဥပုသ်နေ့မှအပ) သကြား၊ သကာ ရည်များ အရောင်းအဝယ် ပြုလုပ်ရာမှာ ယခု ၂၀၁၃ ခုနှစ် ဇန်နဝါရီ လလယ် သကြား၊ သကာရည် တစ်ပိဿာပေါက် ဈေးများမှာ သကြား A ၈၅၀ ကျပ်၊B ၈၄၀ ကျပ်၊ C ၈၃၀ ကျပ် ဖြင့် လည်း ကောင်း၊ သကာပွက်ရည် ၅၀၀ ကျပ်၊ စက်ကျရည် ၃၀၀ ကျပ်ဖြင့် လည်း ကောင်း အရောင်း အဝယ် ပြုလုပ် ကြောင်းသိရပါတယ်။ မန်းသကြား ဒိုင်မှာ ပွက်ရည်၊ စက်ကျရည်ထက် သကြား (ကုန်ချော) ကိုသာ အဓိက ထား အရောင်းအဝယ်ပြုလုပ်ပါတယ်။ ဒီဇင်ဘာလလယ်မှာ ပွက်ရည်များ စတင်ထွက်ရှိရာ ယခုဇန်နဝါရီလလယ် မှာ လှိုင်လှိုင်ပေါ်လာပြီ ဖြစ်လို့ ပွက်ရည် ဈေးအနည်းငယ် ကျဆင်းသွားသလို ပွက်ရည်ကိုမှီခိုတဲ့ သကြား ဈေးလည်း အနည်းငယ်အေးတာကို တွေ့ ရပါ တယ်။ မန်းသကြားဒိုင်မှာ နေ့စဉ် (၃၀ ပိဿာဝင်အိတ်) သကြားအိတ် ၃၀၀၀ မှ ၅၅၀၀ ခန့်ထိ အရောင်းအဝယ် ဖြစ်ကြောင်း၊ ပြည်ပမှသကြားအိတ်များ အဝင် ရှိသကဲ့သို့ ပြည်တွင်းမှ သကြား များကိုလည်း ပြည်ပသို့တင်ပို့ကြောင်း သကြား၊ သကာရည်ကုန်သည် စက်ပိုင် တစ်ဦးက ပြောပါတယ်။ စိုးအောင်-မန္တလေး
ထိုင်းနိုင်ငံတွင်ထပ်မံတည်လိုက်သော သကြားစက် (၄) ခုကြောင့် ဇန်နဝါရီ လလည်အတွင်းမှာ နေ့စဉ် သကြားထုတ်လုပ်မှုဟာ သိသိသာသာ မြင့်တက်လာ လျက် ရှိပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့စာရင်းအရ ထိုင်းနိုင်ငံရှိ သကြားစက်အလုံး ၅၀ ဟာ ကြံတန်ချိန် ၉၆၃၀၀၀ ကိုကြိတ်ဝါးနိုင်ခဲ့ပြီး ယမန်နှစ်ကကြိတ်ဝါးမှု တန် ချိန်မှာ ၈၆၀၀၀၀ သာရှိခဲ့ပါတယ်။ နေ့စဉ်သကြားတန်ချိန် ၉၇၂၂၂ တန်ထွက်ရှိပြီး ယမန်နှစ်က ၉၄၆၃၉ တန်ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ သကာနဲ့တင်လဲထွက်ရှိမှု ကတော့ ၄၁၄၄၀ တန်ဖြစ်ပြီး ယမန်နှစ်က ၃၇၄၀၀ တန်သာထွက်ရှိခဲ့တာဖြစ်ပါ တယ်လို့ အင်တာနက်သတင်းအရ သိရှိရပါတယ်။CMK
ဇန်နဝါရီလ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန် သွယ်မှုမှ ကန်ဒေါ်လာ သုည ဒသမ ၁၆၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၆၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့တင်ပို့မှုရှိခဲ့ပါတယ်။ ယခုအပတ်မှာ ဖိလစ်ပိုင်အပြင် မလေးရှားနိုင်ငံသို့ ကန်ဒေါ်လာ ၂၄၀၀ တန်ဖိုးရှိ ပြောင်းဖူးစေ့ ၆ တန်လည်း တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ဖိလစ်ပိုင်သို့ ၈၂၅ တန်နဲ့ အိန္ဒိယသို့ ၅၀၄ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ် ပင်လယ်ရေကြောင်း မှ ပြောင်းတင်ပို့မှုမှာ ၁၃၂၉ တန်ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ၇၂၃ တန်အပို့လျော့ခဲ့ပါတယ်။ ယခု အပတ်ပြောင်း FOB ပေါက်ဈေး တစ်တန်လျှင် ဒေါ်လာ ၂၉၀ ဖြစ်ပြီး ယခင် အပတ်ထက် ဈေးအနည်းငယ်တက်လျက်ရှိပါကြောင်း သိရပါတယ်။MIRT (DOBT)
ဇန်နဝါရီ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၈၇၀ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန်ချိန် ၄၆၀ ကျော်တင်ပို့ခဲ့ ပါတယ်။ယခင်အပတ်က ပရဆေး ကုန်ကြမ်းတန်ချိန်၃၉၀ ကျော်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ယခင် အပတ်ကထက် ၆၉ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် မိချောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့၊ တော ဂျူးမြစ်၊ ကြောင်လျာစေ့၊ နေလဲစေ့၊ စကားပန်းပွင့် ခြောက်တို့ ပိုမိုတင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်က တင်ပို့မှုမရှိ တဲ့ တောဂျူးမြစ်၊ ကြက်ဆူစေ့နဲ့ တောင်လုံးကျော်တို့ကို ယခုအပတ်မှာ တင်ပို့နိုင် ခဲ့ပါတယ်။ ယခုအပတ် တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပရဆေး ကုန်ကြမ်းတင်သွင်းမှုမရှိဘူးလို့ သိရပါတယ်။ MIRT (DOBT)
မြန်မာ-အိန္ဒိယနယ်စပ်မှ ဇန်နဝါရီလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၂၃ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၃၀၇ တန်ခန့်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ရိဒ်နယ်စပ်ကုန်သွယ်ရေးမှ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၅၃ သန်းဖိုးရှိကွမ်းသီး ၁၄၆ တန်နဲ့ တမူးနယ်စပ်ကုန်သွယ်ရေးသွယ်ရေးမှ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၇၀ သန်းခန့်ရှိ ကွမ်းသီး ၁၆၁ တန်ကိုအသီးသီးတင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင်အပတ်က ကန်ဒေါ်လာ သုည ဒသမ ၃၅၄ သန်းခန့်တန်ဖိုးရှိ ကွမ်းသီးခြောက် ၃၃၇ တန်ကိုတင်ပို့ နိုင်ခဲ့တဲ့အတွက် ယခုအပတ် မှာ တန် ၃၀ ခန့်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ ကွမ်းသီးများကို အိန္ဒိယဘက်မှအဝယ်နည်းနေပြီး အိန္ဒိယဘက်မှာ လမ်းပိတ်နေတာကြောင့် တင်ပို့မှုလျော့နည်းရခြင်းဖြစ်တယ်လို့ တမူးနယ်စပ်မှ ကုန်သည် တစ်ဦးထံမှ သိရပါတယ်။ MIRT (DOBT)
နနွင်းတက်သီးသန့်သာ ရောင်းချသောဆိုင်များရဲ့ ဝယ် လိုအားလျော့နည်းနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြ ပါတယ်။ ပြည်ပဝယ်လက်များရဲ့ ကုန်အမှာလွှာလည်း လျော့ကျလျက်ရှိ တယ်လို့သိရပါတယ်။ အိန္ဒိယ ဘာသာရေးပွဲတော် "Pongal" နောက်ပိုင်းမှာ နနွင်းတက်ထွက်ရှိမှုများကလည်း လျော့နည်း လျက် ရှိပါတယ်။ ဇန်နဝါရီလတတိယပတ်မှာ Nizamabad ဒိုင်သို့ နနွင်းတက် တန် ၇၀၀၀၀ (၇၀ ကီလိုဂရမ်ပါ နနွင်း တက်အိတ် ၁၀၀၀) ရောက်ရှိလာပြီး ၁၀၀ ကီလိုဂရမ်ကို ရူပီး ၅၇၀၀ (၁ တန် ၅၇၀၀၀ ရူပီး) ဒေါ်လာအားဖြင့် ၁ တန်ကို ၁၀၄၀ ဒေါ်လာဈေးပေါက်လျက်ရှိပါတယ်။ ဒိုင်ဈေးက တနင်္လာနေ့မှာဖွင့်ပြီး သောကြာမှာပိတ်ကာ စနေ၊ တနင်္ဂနွေ အရောင်းအဝယ်နားပါတယ်။ ဇန်နဝါရီလ တတိယပတ်ရဲ့ နနွင်းတက်ဈေးကတော့ ၁ တန်ကို ၅၇၀၀၀ ရူပီးနဲ့ဘဲ ဈေးပိတ် သွားခဲ့ပြီး စတုတ္ထပတ်တနင်္လာနေ့မှသာ ဈေးပြောင်းလဲမှုရှိ နိုင်မှာဖြစ်ကြောင်း အင်တာနက် သတင်းအရ သိရပါတယ်။CMK
ဒီနှစ်မှာ နနွင်းဈေးတွေ နည်းနည်းပြန်ပြီးလှုပ်လာပါတယ်။ မနှစ်ကတော့ နနွင်းဈေးက အောက်ဆုံးအထိ ကျခဲ့ပါတယ်။ ဒီနှစ်တော့ ပြည်ပဝယ်လက်တွေလည်း အနည်းငယ်ပြန်ဝယ်ယူလာတာကြောင့် ဈေးတက်လာပါတယ်။ နနွင်းအသစ်တွေ ကတော့ မဝင်သေးပါဘူး။ ဈေးကောင်းရင်တော့ တောင်သူတွေက စောစောဖော်ကြမှာ ဖြစ်လို့ ၂ လပိုင်း၊ ၃ လပိုင်းလောက်မှာ ဈေးကွက်ကို ဝင်လာနိုင်တယ်လို့လည်းဆိုပါတယ်။ ယခုလောလောဆယ်တော့ ၂၀၁၂ ခုနှစ်ကကျန်နေတဲ့ နနွင်းတွေကိုသာ အရောင်းအဝယ်ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ အရောင်းအဝယ်ကလည်း အခုတစ်ပတ်မှာ ပုံမှန်ဖြစ်နေတယ်လို့လည်း သိရပါ တယ်။ ဟိုပုံးနနွင်းကလည်း အောင်ပန်းဈေးကွက်ကို ဝင်နေပြီး အရောင်းအဝယ်လည်းဖြစ်နေပါတယ်။
ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ဒီဇင်ဘာလကုန်အထိ နနွင်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် တစ်ထောင့်ခုနှစ်ရာ လေးဆယ်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်းဖြစ်တဲ့ ဇန်နဝါရီလ ၆ ရက်မှ ၁၂ ရက်အတွင်းမှာ ၃၁ ဒသမ ၅ တန်သာတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၅ တန်နဲ့ မလေးရှားနိုင်ငံကို ၁၅ တန် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်မှာ တင်ပို့မှုက တန်ချိန် တစ်ရာ့နှစ်ဆယ်ေ ကျာ်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုက တန်ချိန် ရှစ်ဆယ်ကျော်လျော့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း နနွင်းတင်ပို့မှု မှရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ တစ်သောင်း လေးထောင်ကျော်ရှိခဲ့ပါတယ်။ MIRT (DOT)
ပြည်ဈေးကွက်အတွင်း မန်ကျည်းမှည့်အသစ်များ အဝင်ရှိပေမယ့် အထွက် မလှိုင်သေးတာကြောင့် အနည်းငယ်သာ အဝင်ရှိတာကို တွေ့ရပါတယ်။ ဇန်နဝါရီလ ပထမပတ်က မန်ကျည်းမှည့်အခွံမပါ၊ အစေ့မပါ တစ်ပိဿာကို ၂၃၀၀ ကျပ်ရှိခဲ့ ပေမယ့် ယခုတတိယပတ်မှာတော့ တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးကို ကျဆင်းခဲ့တာ ကို တွေ့ရပါတယ်။ မန်ကျည်းမှည့်အဟောင်းမှာလည်း လက်ကျန်အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း အဝင်နည်းပြီး၊ ဈေးမြင့်နေ သေးတာကြောင့် လှောင်လက်သမားများရော၊ တစ်နှစ်စာအတွက် ဝယ်ယူစုဆောင်း တဲ့ အိမ်ရှင်မများပါ ဝယ်ယူမှုမရှိသေးတာကြောင့် ဈေးအမြင့်မှာ အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။ အိဆွေဇင် - ပြည်
