Background
အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၆ ရက်ထိကာလအတွင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စ ပ်မှ ကန်ဒေါ်လာသုညဒသမ ၀၀၃ သန်း တန်ဖိုးရှိ မန်ကျည်းစေ့ တန် ၆၀ နဲ့ ကန်ဒေါ်လာသုညဒသမ ၀၀၇ သန်းတန်ဖိုးရှိ မန်ကျည်းမှည့်(အစေ့ပါ)၁၀ တန်တင်ပို့ခဲ့ပါတယ်။အောက်တိုဘာလအတွင်း နယ်စပ် မှ မန်ကျည်းစေ့နဲ့ မန်ကျည်းမှည့် (အစေ့ပါ)တင်ပို့နိုင်မှုတွေကတော့ မန်ကျည်းစေ့ ၁၈၅ တန်နဲ့ မန်ကျည်းမှည့် (အစေ့ပါ) တန် ၁၁၀ အသီးသီးဖြစ်ပါတယ်။MIRT(DOBT)
သီတင်းတစ်ပတ်ဖြစ်တဲ့ အောက်တိုဘာနောက်ဆုံးပတ်မှာတော့ မန်ကျည်း တန်ချိန် ၁၀၀ ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ စင်ကာပူနိုင်ငံကို တင်ပို့ နိုင်ခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ် ဆိုရင် အောက်တိုဘာလအတွင်း ပါကစ္စတန်၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေကို မန်ကျည်းတင်ပို့မှုက ၁၃၃ တန်ရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်း တင်ပို့မှုမှာ တန်ချိန်နှစ်ရာကျော် ရှိခဲ့တာကြောင့် အောက်တို ဘာလမှာ မန်ကျည်းတင်ပို့မှု လျော့ခဲ့ပါတယ်။ MIRT (DOT)
အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ်တော့ ချင်းအဝင်များလာပါတယ်။ ချင်း သစ်နဲ့ချင်း(ဥမ)တွေ အဝင်များနေပေမယ့်ေ ဈးကတော့တက်လာပါတယ်။ အောင်ပန်း ဒေသတစ်ဝိုက်က ချင်းသစ်တွေ ဈေးကွက်ကို ဝင်လာတာကြောင့် အဝင်များနေ တယ်လို့ သိရပါတယ်။ ဒါပေမယ့် ချင်း(ဥမ)က ပိုပြီးအဝင်များနေတယ်လို့လည်း ပွဲရုံတွေက သိရပါတယ်။ လှောင်လက်တွေနဲ့ တောင်သူတွေကလည်း လက်ထဲမှာ ရှိနေတဲ့ ဥမတွေကို ချင်းအသစ်တွေ သိပ်မလှိုင်ခင်မှာ အကုန်ထုတ်ရောင်းနေ ကြပါ တယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် ငါးသောင်းခန့်အဝင်ရှိနေပါတယ်။ ချင်းသစ် တွေကလည်း ရင့်နေပြီဖြစ်တာကြောင့် ခြံရှင်တွေအတော်များများကလည်း ဖော် နေကြပါပြီ။ အဝင်များသလို အရောင်းကလည်း ပုံမှန်တော့ဖြစ်နေတယ်လို့ သိရပါ တယ်။ ချင်း(ဥမ)က တစ်ပိဿာ ၂၅၀ ကျပ်ဈေးရှိပြီး၊ ချင်း(သစ်)ကတော့ ၂၅၀ ကျပ်မှ ၂၈၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ အရောင်းအဝယ်ခပ်အေးအေးသာဖြစ်နေတယ်လို့ သိရပါတယ်။ ပွဲရုံတွေက တစ်ပိဿာကို ၁၁၀၀ ကျပ် - ၁၂၀၀ ကျပ်ဈေးနဲ့ လက်လီ သာ ဝယ်မှုရှိတယ်လို့ သိရပါတယ်။ ဧဧခိုင် - တောင်ကြီး
ယခုတစ်ပတ်မှာတော့ အောင်ပန်းဘက်မှ ချင်းများ အနည်းငယ်ရင့်လို့ အိတ် များနဲ့ အဝင်ရှိနေပြီး ပိဿာ ၃၀ ဝင်အိတ် ၃၀၀ ခန့်ကို ယခင်အပတ်ထက် ပိုမို စီးဝင်မှုရှိလာပါတယ်။ အရောင်းအဝယ်မှာလည်း လက်လီ၊ လက်ကားရောင်းဝယ်သူ များနဲ့ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ကို တင်ပို့မှုအပါအဝင် အိတ် ၂၃၀ ခန့်နဲ့ ယခင်အပတ်ကထက် အရောင်းသွက်လျက်ရှိနေပါတယ်။ လှောင်လက်သမား များမှ ချင်းအသစ်ဖြစ်လို့ မှိုလိုက်တာကြောင့် ဝယ်ယူမှုမရှိသေးဘဲ ကထိန်အလှူပွဲ ရက်များဖြစ်လို့ စားသုံးသူများ၊ ချင်းဓါးလှီးသမားများ အဝယ်လိုက်နေတာကြောင့် ပြည်ဈေးကွက်အတွင်း အရောင်းသွက်နေတာဖြစ်ကြောင်းသိရပါတယ်။ ပွဲရံုံများရှိ ချင်းဈေးမှာ တစ်ပိဿာကို (ဂျွန်) ၃၅၀-၄၀၀ ကျပ်၊ (ရှယ်) ၆၀၀ ကျပ်၊ ချင်း (ဓါးလှီး) ၆၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက် ရှိနေပါတယ်။ ဝင်းဝင်းခိုင်-ပြည်
အောက်တိုဘာလ ၃၁ ရက်မှ နိုဝင် ဘာလ ၆ ရက်နေ့အတွင်းမှာတော့ ချင်းခြောက် ၁၅ ဒသမ ၁၆ တန်ကျော် တန်ဖိုး ကန်ဒေါ်လာသုညဒသမ ၀၃၀ သန်းဖိုးကို မူဆယ်နယ်စပ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။ MIRT (DOBT)
အောက်တိုဘာလအတွင်းမှာ ချင်းတင်ပို့မှုက ၁၄ တန်သာရှိခဲ့ပါတယ်။ တင်ပို့ ခဲ့တဲ့နိုင်ငံက ပါကစ္စတန်နိုင်ငံဖြစ်ပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ချင်းတင်ပို့မှု တန်ချိန်လေးဆယ်ကျော်ရှိခဲ့တာကြောင့် ယခုနှစ် မှာ ချင်းတင်ပို့မှုက အပို့လျော့ခဲ့ပါတယ်။ MIRT (DOT)
နိုဝင်ဘာဒုတိယပတ်အတွင်းပြည်ပဲဈေးကွက်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ် ဈေး နှုန်းများမှာ ဈေးငြိမ်အရောင်းအ ဝယ်ဖြစ်ခဲ့သော်လည်း ပဲစင်းငုံဈေးနှုန်းအနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ လက်ကျန်များနဲ့ အရောင်းအဝယ် ဖြစ်လျက် ရှိပြီး၊ ရန်ကုန်ဝယ်လက်နေ့တိုင်း အဝယ်ရှိတဲ့အတွက် တစ်နေ့အိတ် ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းသီးနှံမှာ ဈေးကွက်ကို ပဲသစ်များ နေ့စဉ်အဝင်ရှိနေခဲ့ပြီး၊ ကံမ၊ ပန်းတောင်း၊ ပေါက်ခေါင်း မြို့နယ်များမှ ဝင်ရောက်ခဲ့ တာဖြစ်ပါတယ်။ အိတ် ၃၀၀ ကျော်အဝင်ရှိသလို ဝယ်လိုအားများနေတဲ့အတွက် အရောင်း အဝယ်သွက်နေတယ်လို့ သိရပါတယ်။ မတ်ပဲနဲ့ ပဲတီစိမ်းဈေးနှုန်းများမှာ ယခင်အပတ်အတိုင်း မတ်ပဲတစ်တင်း ၁၅၅၀၀ ကျပ်၊ ပဲတီစိမ်းတစ်တင်း ၂၁၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ ပဲစင်းငုံမှာ ဈေးကွက်အတွင်း ပဲလက်ကျန် များ ရှိခဲ့သော်လည်း အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အေးနေခဲ့သလို ပဲဈေးမှာ ယခင် အပတ်က တစ်တင်း ၁၈၀၀၀ ကျပ်မှ ယခုတစ်ပတ်မှာ တစ်တင်း ၁၆၈၀၀ ကျပ်ထိ ဈေးလျော့သွားခဲ့ပါတယ်။
အောင်ပန်းကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန်သီးနှံဈေးနှုန်းများကတော့ ကြက် သွန်ဖြူတစ်ပိဿာ အနိမ့်စ ၄၀၀ ကျပ်မှ ၄၅၀ ကျပ်၊ ထိပ်စ တစ်ပိဿာ ၁၁၀၀ ကျပ်မှ ၁၂၀၀ ကျပ်၊ အစေ့ထုတ်ပြောင်းတစ်ပိဿာ အနိမ့်ဆုံး ၂၈၀ ကျပ်၊ အမြင့်ဆုံး ၃၁၀ ကျပ်၊ ပဲပုပ်စေ့တစ်ပိဿာ အနိမ့်ဆုံး ၉၀၀ ကျပ် - အမြင့်ဆုံး ၁၁၀၀ ကျပ်၊ ပန်းနှမ်း တစ်ပိဿာ အနိမ့်ဆုံး ၁၀၅၀ ကျပ် - အမြင့်ဆုံး ၁၁၀၀ ကျပ်၊ ချင်းအစို တစ်ပိဿာ အနိမ့်ဆုံး ၁၈၀ ကျပ်၊ အမြင့်ဆုံး ၂၅၀ ကျပ်၊ နနွင်းတစ်ပိဿာ အနိမ့်ဆုံး ၈၀၀ ကျပ်၊ အမြင့်ဆုံး ၁၃၀၀ ကျပ်၊ ချင်းခြောက်တစ်ပိဿာ အနိမ့်ဆုံး ၁၀၀၀ ကျပ်၊ အမြင့်ဆုံး ၁၂၅၀ ကျပ်၊ အာလူးတစ်ပိဿာ အနိမ့်ဆုံး ၃၀၀ ကျပ်နဲ့ အမြင့်ဆုံး ၆၅၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၆ ရက်အတွင်းကန်ဒေါ်လာ သုည ဒသမ ၀၉၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း လုံးပြည့် ၁၁၆ တန်ကျော်နဲ့ကန်ဒေါ်လာ သုည ဒသမ ၁၄၅ သန်းတန်ဖိုးရှိ ပဲတီစိမ်း လုံးခြမ်း ၁၃၂ တန်ခန့်ကို တစ်ဖက်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ အောက်တိုဘာလ အတွင်း ပဲတီစိမ်းလုံးပြည့်ရောလုံးခြမ်းပါ တန်ချိန်အားဖြင့် ၅၆၅ တန်၊ တန်ဖိုးကန် ဒေါ်လာ ၁ ဒသမ ၃၀၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ နှစ်ဖက်မြေပြင်ပေါက်ဈေးများ ကိုကြည့်တဲ့အခါ ပြောင်းလဲမှုမရှိတာကို တွေ့ရပါတယ်-
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၆၈၉၇၁၈ ၆၈၉၇၁၈ - - ၈၂၂ ၈၂၁ ၁ ၀ .၁မော်မော်အောင်၊MIRT (DOBT)
၂၀၁၂ အောက်တိုဘာလကုန်မှာ ပခုက္ကူကနေ ရန်ကုန်ကို ပဲစင်းငုံအိတ် ၁၈၅၀၊ ပဲတီစိမ်း ၁၂၄၇၀ အိတ်၊ စားတော်ပဲ ၇၂ အိတ်၊ ထောပတ်ပဲ ၁၁၀ အိတ်၊ ပဲယင်း ၅၈၀ အိတ်၊ နှမ်း ၅၇၄၃ အိတ်နဲ့ မန္တလေးကို နှမ်း ၄၄၀ အိတ် စီးဆင်းခဲ့ပါတယ်။ အခုနိုဝင်ဘာ ၆ ရက်နေ့အထိ ပဲတီစိမ်း ၂၃၀၀ အိတ်နဲ့ ကုလားပဲဖြူလုံးကြီး ၃၀၀ အိတ် ဆက်လက်ဝင်ရောက်လျက်ရှိပါတယ်။အရောင်းအဝယ်ဖြစ်ခဲ့ တဲ့ ဈေးနှုန်းတွေအနေနဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ပဲစင်းငုံ တစ်ပိဿာ ၈၉၀ ကျပ်၊ တစ်တင်း ၁၇၈၀၀ နဲ့ အိတ် ၁၀၀၊ ၃ ရက်နေ့မှာ ပဲတီစိမ်းသေး တစ်ပိဿာ ၁၂၁၀ ကျပ်၊ တစ်တင်း ၂၃၀၀၀ ကျပ်နဲ့ အိတ် ၅၀၊ ပဲစင်းငုံနီ တစ်ပိဿာ ၈၄၅ ကျပ်၊ တစ်တင်း ၁၆၉၀၀ ကျပ်နဲ့ အိတ် ၁၀၀၊ ၄ ရက်နေ့မှာ စိမ်းသေးတစ်ပိဿာ ၁၁၈၄ ကျပ်၊ တစ်တင်း ၂၂၅၀၀ ကျပ်နဲ့ အိတ် ၅၀၊ ၅ ရက်နေ့မှာ စိမ်းသေးတစ်ပိဿာ ၁၁၆၈ ကျပ်၊ တစ်တင်း ၂၂၂၀၀ ကျပ်နဲ့ အိတ် ၅၀၊ ပဲစင်းငုံနီတစ်ပိဿာ ၈၄၅ ကျပ်၊ တစ်တင်း ၁၆၉၀၀ ကျပ်နဲ့ အိတ် ၅၀၊ ၆ ရက်နေ့မှာ ပဲစင်းငုံနီတစ်ပိဿာ ၈၅၀ ကျပ်၊ တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ အိတ် ၂၀၀၊ စိမ်းသေး တစ်ပိဿာ ၁၁၄၇ ကျပ်၊ တစ်တင်း ၂၁၈၀၀ ကျပ်နဲ့ အိတ် ၁၀၀၊ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။အဲဒီအခြေအနေ အပေါ် သုံးသပ်ကြည့်ရင် ပဲတီစိမ်းနဲ့ ပဲစင်းငုံ ၂ မျိုးသာအရောင်း အဝယ် ဖြစ်ခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ပဲစင်းငုံရော ပဲတီစိမ်းပါ ဈေးအကျဘက်ကို ဦးတည်နေတယ်လို့ သုံးသပ် ရမှာပါ။ ပဲစင်းငုံအနေနဲ့ ပစ္စည်းလက်ကျန်ကလည်းနည်းပြန် ဈေးကလည်း တက်ဈေးနဲ့မိထားတာဆိုတော့ ရှိတဲ့ပစ္စည်းထုတ် မရောင်းဘဲ၊ နောက်ထွက်မဲ့ ပဲစင်းငုံမပေါ်ခင်ကြားမှာ တက် ဈေးများရလေမလားလို့ မျှော်နေတော့မယ်လို့ ဆုံးဖြတ်ထား ကြောင်း ပွဲစားတစ်ဦးက ပြောပါတယ်။ မြင့်ဦး - ပခုက္ကူ