Background
အောက်တိုဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၄၀၆ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ ၁၂၇၁ တန်ကို မလေးရှား၊ ကိုရီးယား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့သို့ ပင်လယ်ရေကြောင်းမှ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်က ရော်ဘာတန် ၂၃၀ ကျော် အပို့ရှိတဲ့အတွက် ယခုအပတ်မှာ တန် ၁၀၀၀ ကျော် အပို့ပိုခဲ့ပါတယ်။ မလေးရှားသို့ RSS-3 ၁၈၁ ဒသမ ၅ တန်၊RSS-5 တန် ၄၀၊ MSR-20 တန် ၂၀၀ ကျော်၊ MSR-50 တန် ၄၀၊ တရုတ်သို့ RSS-3 တန် ၄၀၀၊ ကိုရီးယားသို့ RSS-5 ၃၈၈ တန်ကျော်၊ အိန္ဒိယသို့ RSS-1 တန် ၂၀ အသီးသီးအပို့ရှိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ရော်ဘာဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁၀၀ ခန့် ကျဆင်းသွားခဲ့ပါ တယ်။ ပြည်ပတင်ပို့မဲ့ရော်ဘာဈေးနှုန်းများကို ကန်ဒေါ်လာ ၁၀၀ စီ လျှော့ချပေးထားပါတယ်။RSS-1 တစ်တန် ကန်ဒေါ်လာ ၂၈၅၀ မှ ၂၉၅၀၊ RSS-3 နဲ့ MSR-50 တစ်တန် ကန်ဒေါ်လာ ၂၇၅၀ မှ ၂၈၅၀၊RSS-3 နဲ့ MSR-50 တစ်တန် ကန်ဒေါ်လာ ၂၆၅၀ မှ ၂၇၅၀ နဲ့ Crepe ရော်ဘာ ၁ တန် ဒေါ်လာ ၂၅၅၀ မှ ၂၆၅၀ ဈေးနဲ့ ရောင်းချမှုရှိနေပါတယ်။ CMK
ဗီယက်နမ်စားသောက်ကုန်နဲ့အချိုရည်၊အဖျော်ယမကာထုတ်လုပ်နေတဲ့ ကိုကာ ကိုလာ၊ နက်စ်တဲလ်၊ ဘီဘီကာမုန့်လုပ်ငန်း၊ ဗီနာနို့ (Vinamilk) စတဲ့လုပ်ငန်းရှင် များ၊ ကုမ္ပဏီကြီးများက ဗီယက်နမ် ပြည်တွင်းသကြား ထုတ်လုပ်မှု မလုံလောက်မှု၊ အရည်အသွေးနိမ့်ကျမှု၊ သကြားဈေးမတည်ငြိမ်မှု၊ ပြည်ပမှတင်သွင်းတဲ့သကြားဈေး ထက်မြင့်မားမှု စတဲ့အကြောင်းပြချက်များနဲ့ ပြည်ပမှသကြားတင်သွင်းခွင့်ကို ဟိုချီမင်းမြို့တော် မှာ အောက်တိုဘာလ ဒုတိယပတ်ကပြုလုပ်တဲ့ သကြားလိုအပ်ချက် ပြည်တွင်းမှ လုံလောက်စွာထုတ်လုပ်ရေး နဲ့ ဈေးနှုန်းတည်ငြိမ်ရေး အစည်းအဝေးမှာ တောင်းဆိုနေကြတယ်လို့ Thanh Nien News မှာ ဖော်ပြထားပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၂၆၇ သန်းကျော်တန်ဖိုးရှိ ပြောင်းဖူးစေ့များ ကို မူဆယ် မှ ၁၀၇၄၀ တန်ခန့်၊ လွယ်ဂျယ် မှတန် ၂၀၀ နဲ့ ချင်းရွှေဟော်မှ ၁၃၄၅ တန်ခန့်၊ စုစုပေါင်း ၁၂၂၈၅ တန်ခန့်ကို အောက်တိုဘာလ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တယ်လို့သိရပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့ နှိုင်း ယှဉ်လျှင် တန် ၁၀၅၀ ကျော်လျော့နည်းခဲ့ပါတယ်။ ပိဿာ ၃၀ ပါပြောင်းတစ်အိတ် ကို ၉၅ ယွမ်မှ ၁၀၁ ယွမ်ဝန်းကျင်ဈေးရလျက်ရှိပါတယ်။ နှစ်ဖက်မြေပြင်ပေါက်ဈေး များကို ယခင်အပတ်နဲ့နှိုင်းယှဉ်တဲ့အခါ မိမိဘက်ဈေးကျ ခဲ့ပြီး တစ်ဖက်နိုင်ငံဈေးမှာမူ ပြောင်းလဲမှုမရှိတာ တွေ့ရပါတယ် -
အောက်တိုဘာလ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ် လာ ၄၂၀၀၀ တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၁၂၀ ကို စင်္ကာပူနိုင်ငံသို့ ပင်လယ် ရေ ကြောင်းမှ အပု့ိရှိခဲ့ပါတယ်။ ပြောင်း FOB ဈေးများကို ကြည့်မယ်ဆိုလျှင် တစ်တန်လျှင် အောက်တိုဘာလ ၈ ရက်မှ ၂၁ ရက်ထိမှ ဒေါ်လာ ၂၆၀-၂၈၀၊ ၂၂ ရက်မှ ၂၄ ရက်ထိ ဒေါ်လာ ၂၇၀-၂၉၀၊ ၂၅ ရက်မှာ ဒေါ်လာ ၂၈၀ မှ ၃၀၀ ထိ အမြင့်ဖက်ကိုဦးတည်နေတာ တွေ့ရပါတယ်။ CMK
ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၁၉-၁၀-၂၀၁၂ ကျပ်/ပိဿာ
စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး
12/10
19/10
ပြောင်းလဲမှု
12/9
12/10
ပြောင်းလဲမှု
12/9
19/10
ပြောင်းလဲမှု
12/9
19/10
ပြောင်းလဲမှု
1
မတ်ပဲ
859
841
667
717
700
725
-
705
2
ပဲစင်းငုံ
963
963
917
917
910
915
920
920
3
ပဲတီစိမ်း
1150
1230
676
711
921
1000
942
1026
4
ကုလားပဲရိုးရိုး
1340
1340
996
996
1000
1053
1026
1095
5
ပဲလွန်းဖြူ
950
930
-
1167
-
-
-
-
6
ထောပတ်ပဲ
800
800
996
889
-
-
-
-
* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။
ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ
၁၉-၁၀-၂၀၁၂ ဒေါ်လာ/တန်
စဉ်
ပဲအမျိူးအမည်
တောင်အမေရိက
ဥရုဂွေး
အာဂျင်တီးနား
11/10
18/10
ပြောင်းလဲမှု
11/10
18/10
ပြောင်းလဲမှု
11/10
18/10
ပြောင်းလဲမှု
1
မတ်ပဲ
630
630
645
670
773
-
2
ပဲစင်းငုံ
720
710
768
755
773
-
3
ပဲတီရွှေဝါ
840
900
980
1076
980
1001
4
ကုလားပဲဖြူလုံးကြီး
760
740
857
887
871
902
*မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။
အိန္ဒိယဒေလီဈေးကွက် ပဲတီရွှေဝါဈေးမှာ ချန်နိုင်းဈေးကွက်ပေါက်ဈေးဖြစ်ပါသည်။
အောက်တိုဘာလလယ်ပိုင်း ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေက ပြန်လည်အားနည်းလာတယ်။ အီးယူဒေသ အနေနဲ့ ကြွေးမြီ အကျပ်အတည်းကို ဆက်လက်ရင်ဆိုင်နေရခြင်းနဲ့ ကမ္ဘာ့ရော်ဘာသုံးစွဲမှု အမြင့်ဆုံး တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအပေါ် စိုးရိမ်မှုတွေရှိနေခြင်းတို့က ရော်ဘာဈေးနှုန်းကို ဖိအားဖြစ်စေတယ်။
ယခုနှစ်အတွင်း ရော်ဘာဈေးနှုန်းတွေကျဆင်းမှုကို ထိန်း ချုပ်ဖို့ ရည်ရွယ်ပြီး ထိုင်းအစိုးရက ရော်ဘာ စိုက်ပျိုးထုတ်လုပ် သူတွေဆီမှ ဈေးကွက်ပေါက်ဈေးထက် မြင့်တဲ့နှုန်းနဲ့ ရော်ဘာ ကို ဝယ်ယူ သိုလှောင်လျက်ရှိရာ စက်တင်ဘာလလယ်ပိုင်း စာရင်းအရ တန်ချိန် ၂၀၀၀၀၀ အထိ သိုလှောင်ပြီးစီးပြီလို့ ထိုင်းနိုင်ငံ လယ်ယာစိုက် ပျိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က အောက်တိုဘာလ ၁၁ ရက်နေ့က ပြောကြားခဲ့တယ်။
မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၂၃ သန်းတန်ဖိုးရှိ ရော်ဘာပေါင်းသစ် ၁၀၉ တန်ကျော်နဲ့ ကန်ဒေါ်လာသုည ဒသမ ၄၄၀ သန်းတန်ဖိုးရှိ ရော်ဘာကျပ်တင် (RSS-3) တန် ၁၆၀ ကို အောက်တိုဘာလ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တယ်လို့ မြိတ်နယ်စပ်မှ သတင်းရရှိပါတယ်။ တရုတ်နယ်စပ် ကုန်သွယ်ရေး စခန်းများဖြစ်တဲ့ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၅၄၅ သန်း တန်ဖိုးရှိ ရော်ဘာ ၁၉၆ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၂ ဒသမ ၄၇၈ သန်းတန်ဖိုးရှိ RSS-3 ၉၁၁ တန်ခန့်ကို အပို့ရှိခဲ့ပါတယ်။ မိမိဘက်ရော တစ်ဘက် နိုင်ငံမှာပါ ရော်ဘာဈေးများ ယခင်အပတ်ထက် မြင့်လျက် ရှိပါတယ်-
အောက်တိုဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ တရုတ်သို့ ရော်ဘာ တန် ၄၀၀၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁ သန်းဖိုး အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ တရုတ်၊ မလေးရှားနဲ့ အိန္ဒိယနိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၃၃၂ သန်းတန်ဖိုးရှိ ရော်ဘာ တန် ၅၂၀ တင်ပို့ခဲ့ခြင်းဖြစ်ရာ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ပမာဏအများဆုံးဖြစ်ပါတယ်။ မလေးရှားသို့ တန် ၁၀၀ နဲ့ အိန္ဒိယသို့ တန် ၂၀ တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ အဆင့်လိုက်ရော်ဘာတင်ပို့မှုများမှာ တရုတ်သို့ RSS-3 တန် ၄၀၀၊ မလေးရှားသို့ RSS-3 တန် ၆၀၊ RSS-5 တန် ၄၀ နဲ့ အိန္ဒိယသို့ တန် ၂၀ အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။