Background
ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၂-၁၁-၂၀၁၂ ကျပ်/ပိဿာ
စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး
26/10
2/11
ပြောင်းလဲမှု
26/10
2/11
ပြောင်းလဲမှု
26/10
2/11
ပြောင်းလဲမှု
26/10
2/11
ပြောင်းလဲမှု
1
မတ်ပဲ
820
803
667
667
725
753
790
-
2
ပဲစင်းငုံ
947
923
803
867
910
875
900
880
3
ပဲတီစိမ်း
1180
1200
800
711
1026
1000
1026
1105
4
ကုလားပဲရိုးရိုး
1340
1320
960
960
909
973
1079
1026
5
ပဲလွန်းဖြူ
965
950
1167
1167
-
-
816
790
6
ထောပတ်ပဲ
800
800
924
996
-
-
-
-
* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။
ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်နဲ့ ပျော်ဘွယ် မြို့နယ်များမှာ မိုးဦးကာလက မိုးနည်းခဲ့ပြီး ငရုတ်ထွက်နှုန်း ကျဆင်းနေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်များစွာက အီရော့နနွင်းရောင်းဝယ် မှု မကောင်းခဲ့ပေမယ့် နိုင်ငံအထက်ပိုင်းမှ အမှာအော်ဒါအသစ် များကြောင့် ဈေးစပြီးမြင့်တက်လာခဲ့ပါတယ်။ နနွင်းတင်ပို့သူ များဟာ ဘီဟာ၊ ချက်တီဂရပ်နဲ့ ဥတ္တရာပရာဒေ့ရှ်က ဒေပါဝလီ အတွက် အဝယ်အသစ်တွေလက်ခံရရှိတယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။ ဒါကြောင့် ပြည်ပတင်ပို့သူများက ပျော်ရွှင် ပြီး စတင်ဝယ်ယူခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဈေးနှုန်းငြိမ်နေပြီး၊ ရောင်းချမှုတိုးလာခဲ့တယ်လို့ ဆိုပါတယ်။
ပြည်တွင်း အရောင်းအဝယ်ရှိတာကြောင့် ရှမ်းနနွင်းကတော့ အေးစက်စက်ဖြစ်နေပါတယ်။ ဒါပေမယ့် မြန်မာတွေရဲ့ ဟင်းချက်ရာမှာ မပါမဖြစ်အသုံးပြုနေရတဲ့ နနွင်းမှုန့်ပြုလုပ်ဖို့အတွက် ဝယ်ယူမှုရှိနေတာကြောင့် အရောင်းအဝယ် ကတော့ ဖြစ်နေပါတယ်။ တချို့တွေကလည်း ပရဆေးဖော်ဖို့အတွက်လည်း ဝယ်ယူမှုရှိနေပါတယ်။
ကန်ဒေါ်လာသုည ဒသမ ၀၂၁ သန်းတန်ဖိုးရှိ ရှမ်းမြောက်နဲ့ ကျောက်ဆည်ဒေသထွက်နနွင်း ၁၄ တန် ခန့်ကို အောက်တို ဘာလ ၂၄ ရက်မှ ၃၀ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှအပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ထက် ၂၄ တန်ခန့်အပို့ လျော့ခဲ့တာတွေ့ရပါတယ်။ MIRT(DOBT)
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်နေ့တာ ကာလအတွင်း နနွင်း ၁၅၆ ဒသမ ၆၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံကို ၃၀ ဒသမ ၈ တန်နဲ့ မလေးရှားနိုင်ငံကို ၁၁၅ ဒသမ ၈၄ တန် တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံကို အများဆုံးတင်ပို့နိုင်တာတွေ့ ရပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် သုံးဆယ်ကျော်သာ တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းအပို့များခဲ့တယ်လို့ဆိုရပါမယ်။FOB ဈေးက တစ်တန်ကို ကန် ဒေါ်လာ ၅၁၀-၅၅၀ ရရှိခဲ့တာကြောင့် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာရှစ်သောင်းကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
ပြည်ပကို မန်ကျည်းတင်ပို့မှု့ပျောက်ခဲ့တာ နှစ်ပတ်ကျော်ရှိခဲ့ပြီး ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ် ပါတယ်။ ဒီသီတင်းတစ်ပတ်ဖြစ်တဲ့ အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်နေ့အတွင်းမှာ မန်ကျည်း ၁၀၈ တန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်က မလေးရှားကို ၈ တန်နဲ့ စင်ကာပူနိုင်ငံကို တန် ၁၀၀ ဖြစ်ပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ ပို့ကုန်ဝင်ငွေက ကန်ဒေါ်လာ တစ်သောင်းခုနှစ်ထောင်ကျော်ဖြစ်တယ်လို့ သိရပါတယ်။MIRT(DOT)
အိန္ဒိယနိုင်ငံ ပန်ဂျပ်၊ ဆစ်ကင်မ်နဲ့ အာသန်ပြည်နယ်တို့မှာ ချင်းစိုက်ပျိုး ထုတ် လုပ်မှု ကျဆင်းရာ ဈေးနှုန်းများစွာ မြင့်လာတယ်လို့ သိရတယ်။ အိန္ဒိယရဲ့ ချင်းထုတ် လုပ်မှုကျဆင်းတာကြောင့် နီပေါနိုင်ငံမှ ချင်းတွေကို အိန္ဒိယကိုတင်ပို့မှုရှိနေပြီး နီပေါ နိုင်ငံမှာ ချင်းဈေးနှုန်းတွေက ယခင်နှစ်ကထက် (၇) ဆ ခန့် မြင့်မားလာပြီး တစ်ကီလို ကို နီပေါရူပီး ၃၅ (မြန်မာကျပ်ငွေ ၃၄၅ ဝန်းကျင်) အထိ ရောက်ရှိလာတယ်လို့ သိရတယ်။
ဒီတစ်ပတ်တော့ ရှမ်းချင်းတွေ အဝင်မရှိသလောက်ပါဘဲ။ ရှမ်းပြည်နယ်ရဲ့ ဓလေ့ထုံးစံအရ သီတင်းကျွတ်ကာလမှာ ဘုန်းကြီးကျောင်းကို တစ်လလုံးသွားကြပါ တယ်။ တောင်သူတွေကလည်း အလုပ်နားကြတော့တာကြောင့် အရောင်းအဝယ် အနေနဲ့လည်း အရင်တစ်ပတ်ကထက်စာရင်တော့ အေးနေတယ်လို့ ဆိုရမှာပါ။ ယခုလောလော ဆယ်မှာလည်း သီတင်းမကျွတ်ခင်ကဝင်တဲ့ ပစ္စည်းတွေကိုသာ အရောင်းအဝယ်လုပ်နေကြတယ်လို့ ဆိုပါတယ်။ နောက်ဈေးနှစ်ပတ်လောက်မှသာ အဝင်ရှိလာနိုင်တယ်လို့လည်း သိရပါတယ်။ ချင်း(ဥမ)ကော၊ ချင်းသစ်ပါတစ်ပိဿာ ၂၀၀ ကျပ်ဈေးရှိပါတယ်။
ပြည်ချင်းဈေးကွက်အတွင်း ယခုတစ်ပတ်မှာတော့ ချင်းအဟောင်းပစ္စည်း လက် ကျန်ပြတ်သွားပြီး၊ ချင်းအသစ်များသာ ပိဿာ ၂၀ ဝင်၊ တောင်း ၃၀၀ ခန့် အဝင် ရှိလာပါတယ်။ချင်းအသစ်မှာ ပစ္စည်းသိပ်မကောင်းသေးတဲ့၊ အရင့်လိုသေးလို့ အကျိုး အကြေများတဲ့အတွက် တောင်းများနဲ့ သယ်ယူေ နရခြင်းဖြစ်ပြီး၊ ပြည်ပွဲရုံများမှာ ပုံမှန် ရောင်းဝယ်လျက် ချင်းအတက် (ဂျွန်) ၃၅၀-၄၀၀ ကျပ်၊ (ရှယ်) ၆၀၀ ကျပ်၊ ချင်း (ဓားလှီး) ၇၀၀ ကျပ်တို့နဲ့ အရောင်း အဝယ်ဖြစ်နေကြောင်းသိရပါတယ်။ ချင်းတက် အသစ်ကို လှောင်လက်သမားများ မှ ဝယ်ယူခြင်းမရှိသေးဘဲ လက်လီ လက်ကား ရောင်းဝယ်သူများမှလည်း ပစ္စည်းသစ်ကို ထိန်းဝယ်နေတဲ့အတွက် တစ်ပတ်အတွင်း တောင်း ၂၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ပြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည် နယ်တို့သို့ စားသုံးမှုအဖြစ် ယခုတစ်ပတ် ပိဿာချိန် ၁၂၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ဝင်းဝင်းခိုင်-ပြည်
