Main menu

Background

Sunday, 21 Oct 2012

အိန္ဒိယဈေးကွက်တချို့ကို ပဲစင်းငုံအသစ်ဝင်ရောက်လာ လို့ ပဲစင်းငုံခွဲခြမ်းဈေးက လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ် မှာ ဖြစ်ပေါ်ခဲ့တဲ့ဈေးနဲ့ယှဉ်ရင် ၄၀ ရာခိုင်နှုန်းနီးပါးကျဆင်းလာ ခဲ့ပါတယ်။ ဂူဘာကာမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက တစ် ကီလိုကိုရူပီး ၁၀၀(ကန်ဒေါ်လာ ၁ ဒသမ ၈၇)ရှိခဲ့ရာမှ ယခု အခါ ရူပီး ၆၀(ကန်ဒေါ်လာ ၁ ဒသမ ၁၂)နဲ့ရောင်းချနေပါ တယ်။ ဒါပေမယ့် ထုတ်လုပ်မှု သိသိသာသာ ကျဆင်းတာ ကြောင့် လာမယ့် သီတင်းပတ် တွေမှာ  ပဲစင်းငုံဈေး သိသိသာ သာ မြင့်တက်နိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။

Sunday, 21 Oct 2012

အိန္ဒိယစားသုံးသူ လက်လီဈေးကွက်တွေမှာ ပြီးခဲ့တဲ့ တစ်ပတ် အထိမြင့်တက်လာတဲ့ ဈေးအမြင့်မှာဝယ်ယူမှု အားနည်းတဲ့ အတွက် ပဲမျိုးစုံဈေးအေးပြီးအရောင်းအဝယ်ပါးနေပါတယ်။ဒါ့အပြင် အိန္ဒိယ ပဲတင်သွင်းသူများ အကြားရောင်းဝယ်မှုပါးနေတဲ့အတွက် တင်သွင်း ပဲဈေးလည်း လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ ကုလားပဲကြိုပွိုင့် ဈေး ကွက်မှာတော့ ဈေးအနိမ့်တန်းမှာ အဝယ်ရှိလို့ ဈေးမြင့်တက်ခဲ့ပါ တယ်။

Sunday, 21 Oct 2012

ယခုတစ်ပတ်အတွင်း ပဲတစ်မျိုးချင်း တင်ပို့မှုမှာ ယခင် တစ်ပတ်ထက် ပိုတင်လာတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်း ပတ်မှာ အိန္ဒိယ အဝယ်ရှိခဲ့တဲ့အတွက် တင်ပို့မှု တက်လာတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာန စာရင်းတွေအရ အောက်တို ဘာလ ၁၂ ရက်အထိ ပဲမျိုးစုံစုစုပေါင်းတင်ပို့မှု တန်ချိန် ၈ သိန်းကျော်ပြီး၊ ကန်ဒေါ်လာ ၅၀၇ သန်းကျော်ရရှိထားရာ ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၈၇၀၀၀၀ နီးပါးမှ ရရှိတဲ့ဝင်ငွေ ကန်ဒေါ်လာ ၇၂၇ သန်းနဲ့ ယှဉ်ရင် ပမာဏအားဖြင့် တန်ချိန် ၇ သောင်းခန့်သာ လျော့နည်း တင်ပို့ခဲ့ပေမဲ့ ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၂၂၀ ခန့်ထိ များစွာလျော့ကျတာ တွေ့ရပါတယ်။

Monday, 15 Oct 2012

ကမ္ဘာ့ရော်ဘာ ထုတ်လုပ်တင်ပို့မှု အများဆုံးနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က ရော်ဘာတင်ပို့မှုကို လျှော့ချတဲ့ အစီအစဉ်ကို အောက်တိုဘာလ ၁ ရက်မှစပြီး  အကောင်အထည်ေ ဖာ်ပြီဖြစ်ရာ အောက်တိုဘာလအတွင်း  ရော်ဘာ ဈေးနှုန်းတွေက နေ့စဉ်နဲ့ အမျှ မြင့်မားလာတယ်။

Monday, 15 Oct 2012

ကမ္ဘာ့ဈေးကွက်မှာ ရော်ဘာဈေး တည်ငြိမ်စေရေး အတွက် မလေးရှားအစိုးရဟာ ရော်ဘာတင်ပို့မှုမှာ ဦးဆောင် နိုင်ငံများဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့နဲ့ ပူးပေါင်း ဆောင် ရွက်လျက်ရှိပါတယ်။ နယ်စပ်ဒေသ နဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီး Datuk Seri Mohd Shafie Apdl   က ရော်ဘာ ထုတ်လုပ်မှုများသော်လည်း ဈေးကြီးမြင့်လွန်းပါက ရော်ဘာတုများကို ပြောင်းလဲအသုံးပြုသွားကြမည်စိုး၍ ယခု ကဲ့သို့ပူးပေါင်းဆောင်ရွက်ရခြင်း ဖြစ်တယ်လို့ ပြောကြားပါ တယ်။

Monday, 15 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၉၇၅ သန်းတန်ဖိုးရှိတဲ့ RSS-3 ၃၄၆ တန်ကို အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။  ယခင်အပတ်က ချင်းရွှေဟော်မှ ရော်ဘာအပို့နားခဲ့ပြီး ယခုအပတ်မှာမှ အပို့ရှိလာတာဖြစ်ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာသုညဒသမ ၀၂၉ သန်းတန်ဖိုးရှိ ရော်ဘာ ၁၀ တန်ကျော်ကို မူဆယ်မှ အပို့ရှိခဲ့ရာ ယခုအပတ်နယ်စပ်မှ ရော်ဘာ ၃၅၆ တန်ကျော် အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ မြိတ်နယ်စပ်စခန်းများမှ တန် ၄၄၀ ကျော်အပို့ရှိခဲ့ရာ ယခုအပတ်မှာ ၈၅ တန်ခန့်တင်ပို့မှု လျော့နည်း ခဲ့ပါတယ်။ မူဆယ်မှာRSS-3 ပြောင်းလဲမှုမရှိသော်လည်း RSS-5 ဈေးမိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ ဈေးမြင့်လျက် ရှိတယ်လို့ သိရပါတယ် -

Monday, 15 Oct 2012

စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၆ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၅၉၁ သန်းတန်ဖိုးရှိ ရော်ဘာ ၂၃၄ တန်ကျော်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မလေးရှားနဲ့ တရုတ်နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ မလေးရှားသို့ RSS-3 တန် ၄၀ နဲ့ တရုတ်သို့  MSR-20 ၁၉၄ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကတော့ တရုတ်နိုင်ငံသို့ MSR-20 ၁၉၄ တန်ကျော်သာ အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ တန် ၄၀ အပို့ပိုခဲ့တယ်လို့သိရပါတယ်။ နိုင်ငံတကာရော်ဘာ ပေါက်ဈေးမှာ ကျရိပ်ရှိနေသော်လည်း ပြည်ပသို့တင်ပို့မဲ့ FOB ရော်ဘာဈေးနှုန်းများမှာ ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိပါဘူး လို့ သိရပါတယ်။RSS-1 ၁ တန်ဒေါ်လာ၂၈၅၀ မှ ၂၉၅၀၊ RSS-3 နဲ့ MSR-20  ၁ တန် ဒေါ်လာ ၂၇၅၀-၂၈၅၀၊ RSS-5 နဲ့  MSR-50  ၁ တန် ဒေါ်လာ ၂၆၅၀-၂၇၅၀ နဲ့ Crepe Rubber ၁ တန်ကို ဒေါ်လာ ၂၆၀၀ မှ ၂၇၅၀ ဈေးနဲ့ ပြည်ပ သို့တင်ပို့နိုင်ကြတယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သတင်းရရှိပါတယ်။                       CMK

Monday, 15 Oct 2012

ပြည်တွင်းသကြားဈေးကွက်ကို ကာကွယ်ဖို့ ပြည်ပမှ သကြားတင်သွင်းမှု အပေါ် အခွန်ကောက်ခံမှုကို ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံဖို့ အိန္ဒိယ သကြားလုပ်ငန်းရှင်တွေက အစိုးရကို တောင်းဆိုထား ကြောင်း သိရတယ်။

Monday, 15 Oct 2012

ဒီနှစ်ပြောင်းရာသီမှာ ရှမ်းမြောက်ပြောင်းများသာ မူဆယ်ကုန်စည်ဒိုင်သို့ အဝင် ရှိနေရာမှ ယခုအပတ် မှာ ရှမ်းတောင်နဲ့ရွှေဘိုဒေသထွက်ပြောင်းတွေ ပါဝင် လာနေပြီလို့ သတင်းရရှိပါတယ်။ အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၇၈၆ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၉၉၁၃ တန် ကျော်ကို  မူဆယ် ၁၀၅ မိုင်မှ တစ်ဖက်နိုင်ငံရွှေလီသို့ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် က မူဆယ်မှ တင်ပို့မှုထက် ၁၄၄၂ တန်ခန့်တင်ပို့မှု ပိုမိုခဲ့တယ်လို့သိရပါတယ်။ မူဆယ်ကို ယခုအပတ်အတွင်း ပြောင်းကားအစီး ၅၀ ပျမ်းမျှအဝင်ရှိပြီး အဝင်များတဲ့ နေ့မှာဆို ပြောင်းကားအစီး ၈၀ ဝန်းကျင်အထိအဝင်ရှိနေပါတယ်။ မိမိဘက် မြေပြင် ပြောင်းပေါက်ဈေး အနည်းငယ်သာကျသော်လည်း တစ်ဖက်မြေပြင်ဈေးများ ပြောင်း လဲမှု မရှိဘူးလို့ သိရပါတယ် -

Monday, 15 Oct 2012

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်ထိကာလ အတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာ ၇ ဒသမ ၂၂၆ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၃၈၄၅ တန်နဲ့ ပြောင်းဖူးမှုန့် ၅၅ တန်ကို အပို့ရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအလိုက်တင်ပို့နိုင်မှုတွေကိုကြည့်မယ်ဆိုလျှင် အိန္ဒိယသို့ ၉၁၈ တန်၊ အင်ဒိုနီးရှားသို့ ၁၆၄၈ တန်၊ မလေးရှားသို့ ပြောင်းဖူးစေ့ တန် ၁၂၀ နဲ့ ပြောင်းဖူးမှုန့် ၅၅ တန်၊ ဖိလစ်ပိုင်နိုင်ငံသို့ ၆၀၉၆ တန် ကျော်၊ ပိုလန်သို့ ၆၂၅ တန်၊ စင်္ကာပူသို့ ၉၃၈၉ တန်နဲ့ ဗီယက်နမ်နိုင်ငံသို့ ၅၀၄၆ တန်ကျော် အသီးသီးဖြစ် ပါတယ်။ အောက်တိုဘာလ ပထမအပတ်အတွင်းမှာ ပင်လယ်ရေကြောင်းမှ ပြောင်း တင်ပို့မှုမရှိခဲ့ပါ ဘူး။ ပြောင်းတစ်တန်လျှင် FOB ဈေးမှာ ဒေါ်လာ ၂၆၀ မှ ၂၈၀ ဖြစ်ပါတယ်။                            CMK

Pages