Main menu

Background

Thursday, 4 Oct 2012

ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ
၂၈-၉-၂၀၁၂                                              ဒေါ်လာ/တန်

စဉ်
ပဲအမျိူးအမည်
တောင်အမေရိက
ဥရုဂွေး
အာဂျင်တီးနား

20/9
27/9
ပြောင်းလဲမှု
20/9
27/9
ပြောင်းလဲမှု
20/9
27/9
ပြောင်းလဲမှု

1
မတ်ပဲ
640
605

-
629

764
737

2
ပဲစင်းငုံ
750
710

-
746

782
761

3
ပဲတီရွှေဝါ
860
860

-
845

-
901

4
ကုလားပဲဖြူလုံးကြီး
820
780

-
864

847
840

 
*မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။
အိန္ဒိယဒေလီဈေးကွက် ပဲတီရွှေဝါဈေးမှာ ချန်နိုင်းဈေးကွက်ပေါက်ဈေးဖြစ်ပါသည်။

Thursday, 4 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ တစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၄၈၀ သန်း တန်ဖိုးရှိ သကြားဖြူ ၄၈၂ တန်ကျော်နဲ့ သကြားညို ၃၂၈ တန်ခန့်ကို  စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလ အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်စခန်းများမှ တင်ပို့ခဲ့သော်လည်း ယခုအပတ်မှာ မူဆယ်နယ်စပ်တစ်ခုတည်းမှသာ တင်ပို့ခဲ့ခြင်း ဖြစ်ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် ၄၈ တန်ကျော် ပိုမိုခဲ့တယ်လို့သိရပါတယ်။  MIRT(DOBT)

Thursday, 4 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ  လွယ်ဂျယ်မှ စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၀၉၅ သန်းတန်ဖိုးရှိတဲ့ ပြောင်း ဖူးစေ့ တန် ၂၅၀ ကိုအပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှလည်း ကန်ဒေါ်လာ ၁ ဒသမ ၁၆၅ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ ၃၀၇၁ တန်အပို့ရှိခဲ့ရာ ယခုအပတ်မှာ နယ်စပ်မှပြောင်းဖူးစေ့ တန် ၃၃၂၁ တန်ကျော်အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခင်အပတ် မူဆယ်နဲ့ချင်းရွှေဟော်တို့မှ တင်ပို့ခဲ့ခြင်းထက် ယခုအပတ်မှာ ၂၉၈ တန်ကျော်အပို့ပို ခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်ရောတစ်ဘက်နိုင်ငံမှာပါ မြေပြင်ပေါက်ဈေးများ အနည်းငယ်လျော့ နည်းလျက်ရှိပါတယ်။ ယခုအပတ်မိမိဘက်မြေပြင်ပေါက်ဈေးမှာ ၃၃၄၈၅၄ ကျပ်ဖြစ်ပြီး ယခင်အပတ်ထက် ၇၈၅၉ ကျပ် လျော့နည်းပြီး တစ်ဘက် နိုင်ငံရွှေလီဈေးမှာ ဒေါ်လာ ၄၀၀ ဖြစ်ပြီး ယခင်အပတ်ထက် ၂ ဒေါ်လာ လျော့နည်း ခဲ့ပါတယ်။                             MIRT(DOBT)

Thursday, 4 Oct 2012

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၁၉၃ တန်၊ တန်ဖိုးကန် ဒေါ်လာ သုည ဒသမ ၂၇၀ သန်းဖိုးကို စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ တင်ပို့မှုရှိလာတာတွေ့ရပါတယ်။ ဗီယက်နမ် နိုင်ငံသို့ တန် ၁၅၀ နဲ့ စင်္ကာပူနိုင်ငံသို့ ၄၃ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ သြဂုတ်လအတွင်းမှာ တန် ၂၄၀ အပို့ရှိခဲ့ပြီးစက်တင်ဘာ ၂ ရက်မှ ၈ ရက်ထိကာလမှာ အပို့နားခဲ့ပါတယ်။ ယခု အပတ်မှာပြန်လည်တင်ပို့လာတာ တွေ့ရပါတယ်။ သြဂုတ်လမှာ ဗီယက်နမ် သို့တန် ၁၅၀ နဲ့ စင်္ကာပူသို့ တန် ၉၀ တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ပြောင်း FOB ရန်ကုန်ပေါက်ဈေးမှာ ဒေါ်လာ ၃၈၀ ဖြစ်ပါတယ်။                            CMK

Thursday, 4 Oct 2012

တမူးနယ်စပ်မှ စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်း တန်ဖိုးရှိ ဂျုံစေ့ ၃၈ တန်ကျော် အသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်က အသွင်း မရှိခဲ့ဘဲ ယခုအပတ်တင်သွင်းမှု ပြန်ရှိ လာတာတွေ့ရပါတယ်။ စက်တင်ဘာ လ ပထမပတ်မှာတော့ ၇၈ တန်ခန့် အသွင်းရှိခဲ့ပြီး ဇူလိုင်နဲ့ သြဂုတ်လ ၂ လမှာတမူးနယ်စပ်မှ ဂျုံစေ့ တန် ၄၂၀၀ ကျော် တင်သွင်းထားပြီးဖြစ်ပါတယ်။                          MIRT (DOBT)

Thursday, 4 Oct 2012

၂၀၁၂ ခုနှစ် ဧပြီလမှ သြဂုတ်လအထိကာလအတွင်း အိန္ဒိယရဲ့ ကြက်သွန်နီတင်ပို့မှုပမာဏက ၂၃ ရာခိုင်နှုန်း မြင့်မားခဲ့သော်လည်း ဝင်ငွေအနေနဲ့ ၂၇ ရာခိုင်နှုန်း လျော့ကျ ခဲ့ကြောင်း သိရတယ်။ ၎င်းင်းကာလအတွင်း ကြက်သွန်နီတန်ချိန် ၇ ဒသမ ၉ သိန်း တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်အလားတူကာလရဲ့ တင်ပို့မှု တန်ချိန် ၆ ဒသမ ၄၁ သိန်းနဲ့ ယှဉ်ရင် တန်ချိန် ၁ ဒသမ ၄၉ သိန်းဝန်းကျင် ပိုမိုတင်ပို့နိုင်ခဲ့တယ်။ ဒါပေမဲ့ ဝင်ငွေကျဆင်းသွားရာ ယခင်နှစ် တင်ပို့နိုင်မှုဝင်ငွေမှာ ရူပီး ၇၅၆ ဒသမ ၅၀ ကုဋေဖြစ်သော်လည်း ယခုနှစ်မှာ ရူပီး ၅၄၇ ဒသမ ၉၀ ကုဋေသာ ရရှိခဲ့ကြောင်း သိရတယ်။ ယခင်နှစ်က ကြက်သွန်နီတစ်တန်တင်ပို့ရင် ဝင်ငွေ ၁၃၇၉၀ ရူပီး ရရှိခဲ့ သော်လည်း ယခုနှစ်မှာ တစ်တန်ကို ၆၉၃၄ ရူပီးသာရရှိခဲ့ တယ်။

Thursday, 4 Oct 2012

အိန္ဒိယမြောက်ပိုင်းမှ အမှာအော်ဒါ အသစ်မရရှိတဲ့ ဝယ်လက်များအနေနဲ့ဈေးကွက်အတွင်းမဆင်းလာတဲ့အတွက် လက်ငင်းနနွင်းဈေးဆက်ပြီးကျဆင်းနေပါတယ်။ ဒါ့အပြင် ကုန် သည်တွေကလည်း အင်ဒရာပရာဒေ့ရှ်ရှိ ဝါရင်ဂျယ်ဈေးကွက်မှ နနွင်းများဝယ်ယူပြီး၊ အကျိုးအမြတ်ရှာဖွေနေကြပါတယ်။ လှောင်လက်တွေကလည်း နနွင်း သိုလှောင်ဖို့ ဝယ်ယူမှုတွေကို ရပ်တန့်ကြပါတယ်။

Thursday, 4 Oct 2012

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှ စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုည ဒသမ ၁၁၂ သန်းတန်ဖိုးရှိ နနွင်းတက် ၆၅ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်က ၇ တန်သာပို့တာဖြစ်လို့ ၉ ဆကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၄၀ သန်းတန်ဖိုးရှိ နနွင်းတက် ၈၉ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၈ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၁၄ တန်ခန့်အပို့ရှိခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT)

Thursday, 4 Oct 2012

နနွင်း ၂၆၈ တန်ကို စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ပြည်ပကို တင်ပို့ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး နနွင်းတင်ပို့မှုကိုကြည့်ရင် ဒီတစ်ပတ်တင်ပို့မှု တန်ချိန်က အများဆုံးဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်က အိန္ဒိယနိုင်ငံကို ၃၃ တန်၊ မလေးရှားနိုင်ငံကို ၁၀၅ တန်၊ ပါကစ္စတန်နိုင်ငံကို ၅၅ တန်နဲ့ စင်ကာပူနိုင်ငံကို ၇၅ တန်အသီးသီးတင်ပို့ခဲ့ တာ တွေ့ရပါတယ်။ ယခင်တစ်ပတ်နနွင်းတင်ပို့မှုက   တန်ခြောက်ဆယ် သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် နှစ်ရာကျော်ပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။ FOB  ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၅၀၀-၅၅၀ ရရှိခဲ့တယ်လို့ သိရပါတယ်။              MIRT (DOT)

Thursday, 4 Oct 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ ၆၈ တန်ကို စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် များကအပို့မရှိဘဲ ယခု အပတ်မှာ အပို့ရှိလာတာဖြစ်ပါတယ်။ ပင်လယ်ဆားငန်ရေဒဏ်ခံနိုင်စွမ်းရည်ရှိသဖြင့် ဘိလပ်မြေနဲ့ရောပြီး ဆောက်လုပ်ရေးလုပ်ငန်းများမှာ အသုံးပြုတယ်လို့သိရပါတယ်။MIRT(DOBT)

Pages