Background
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှစက်တင်ဘာလနောက်ဆုံးပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်နေ့တာကာလအတွင်း နနွင်း ၁၅၁ ဒသမ ၀၃ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ပါကစ္စတန်နိုင်ငံကို တန် ၃၀၊ စင်ကာပူနိုင်ငံကို တန် ၄၀ နဲ့ မာလီနိုင်ငံကို ၈၁ ဒသမ ၀၃ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုက တန်ရှစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန်ခုနှစ်ဆယ်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ FOB ဈေးက တစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ၅၇၀ ဝန်းကျင်ရရှိခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် စက်တင်ဘာလအတွင်း နနွင်းတင်ပို့မှု စုစု ပေါင်းမှာ တန်ချိန် ငါးရာ့ခြောက်ဆယ် ကျော်ရှိခဲ့ပြီး သြဂုတ်လ နနွင်းတင်ပို့မှုက တန်ချိန် နှစ်ရာ့ခြောက်ဆယ်ကျော်သာရှိခဲ့တာကြောင့် စက်တင်ဘာလမှာ နနွင်း တင်ပို့မှုက တန်ချိန် သုံးရာကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ MIRT (DOT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ စက်တင်ဘာလ ၂၆ ရက်မှ အောက်တို ဘာလ ၂ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၅၉၀ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၂၅၂ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှု ထက် နှစ်ဆနီးပါး၊ တန်ချိန်အားဖြင့် တန် ၆၀၀ နီးပါးအပို့ပိုခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ် လျှင် ယခင်အပတ်ကအပို့မရှိခဲ့တဲ့ သီဟိုဠ်စေ့ (အခွံမပါ)၊ ဆီးသီးခြောက်၊ မာလာဥ ခေါင်း၊ ဂုံညှင်းလုံးနဲ့ တောင်လုံးကျော် ယခုအပတ်မှာအပို့ရှိခဲ့ပါတယ်။ ဝဥခြောက်၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ တောဂျူးမြစ်၊ ကြောင်ပန်းေ စ့၊ ကြောင်လျာစေ့နဲ့ ဆေးမြင်းခွာတို့အပို့ပိုခဲ့ပါတယ်။ နနွင်းတက်၊ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကွမ်းစားဂမုန်း၊ စကားပန်းပွင့်ခြောက်၊ ခပေါင်းစေ့၊ ဒရင်ကောက်မြစ်နဲ့ တောချင်းတို့ အပို့လျော့ခဲ့ပါတယ်။ တမူး နယ်စပ်ကတော့ ယခုအပတ်မှာကန်ဒေါ်လာ သုည ဒသမ ၀၀၀၂ သန်းတန်ဖိုးရှိတဲ့ တောင်လုံးကျော်တစ်တန်သာ အသွင်းရှိခဲ့ရာ ယခင် အပတ်တင်သွင်းတဲ့ ပရဆေးကုန်ကြမ်းတန်ဖိုးထက် ကန်ဒေါ်လာသုညဒသမ ၀၂၈ သန်း လျော့နည်းခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ မူဆယ်နယ်စပ်မှ ပရဆေး ကုန်ကြမ်း ၄၉၈၄ တန်နဲ့ ဧပြီမှ စက်တင်ဘာလအထိ ၄၁၈၃၀ တန်ကျော် တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်။ MIRT(DOBT)
အောင်ပန်းမှာ ချင်းတက်အသစ်တွေ အဝင်ရှိပေမယ့် သိပ်အများကြီးတော့ မဟုတ်သေးပါဘူး။ အပင်ဝါတွေ သေတဲ့အပင် ဥတွေကဖော်ရတာဆိုတော့ အနုတွေ သာများပါတယ်။ ဒီနှစ်က မိုးများတာကြောင့် ချင်းကလည်း အပုပ်တွေ များပါတယ်။ ချင်းစိုက်ဧက က များပေမယ့် တချို့နေရာက အထွက်နည်းပြီး၊ တချို့နေရာက တော့ အထွက်နှုန်း မထိခိုက်တာကြောင့် အထွက်နှုန်းကတော့ သိပ်မနည်းလှဘူး လို့လည်း သုံးသပ်ကြပါတယ်။ လတ်တလောကတော့ ပြည်တွင်းဈေးပတ်သမားတွေ ဝယ်ယူနေတာကြောင့် ချင်းဥမတွေသာ အရောင်းအဝယ် ဖြစ်နေပါတယ်။ ချင်းဥမ ကလည်းအကြီးအသေးပေါ်မူတည်ပြီး တစ်ပိဿာကို ၁၂၀ ကျပ် - ၁၅၀ ကျပ် - ၂၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၂၀၀ ကျပ် - ၁၂၅၀ ကျပ်ဈေးနဲ့ ခပ်အေးအေးသာ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဟိုပုံးချင်းမှာတော့ ချင်းသစ်တွေ သီတင်းကျွတ်ပြီးလောက်မှသာ အဝင်ရှိတော့ မယ်လို့ ဒေသခံကုန်သည် တွေထံကသိရပါတယ်။ ချင်း(စို)တွေ လက်ကျန်မရှိ တော့ပေမယ့် ချင်းခြောက်ကတော့ လက်ကျန်အတော်ရှိနေပြီး တစ်ပိဿာ ၁၁၀၀ ကျပ် - ၁၂၀၀ ကျပ်ဈေးရှိတယ်လို့ ဟိုပုံးချင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာ ချင်း(ဥမ) အရောင်းအဝယ်သွက်နေပြီး ဈေးငြိမ်နေဆဲဖြစ်ပါ တယ်။ ဈေးကွက်အတွင်း ချင်းလှောင်လက်များထံမှာ ချင်း(ဥမ) လက်ကျန်တွေရှိနေပြီး ချင်းအတက်များလည်း အဝင်မရှိသေးကြောင်း၊ အောင်ပန်း၊ တောင်ကြီးမှ ယခုတစ်ပတ် ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်အထိရှိပြီး တစ်ပိဿာ ချင်း(ဥမ) ရှယ် ၅၀၀ ကျပ်၊ (ဂျွန်) ၃၅၀ ကျပ်နဲ့ ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေ ပါတယ်။ ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း လက်လီလက်ကားရောင်းဝယ်သူ များနဲ့ ဧရာဝတီ၊ ရခိုင်ဘက်ကို တင်ပို့မှုအပါအဝင် တစ်ရက်ကို ပျမ်းမျှပိဿာချိန် ၁၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဝင်းဝင်းခိုင်
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်နေ့တာကာလအတွင်း ချင်းတင်ပို့မှုပျောက်ခဲ့ပါတယ်။ ဒီတစ်ပတ်နဲ့ဆိုရင် နှစ်ပတ်ဆက်တိုက် ချင်းတင်ပို့မှုပျောက်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ အတွင်း ချင်းတန် ၂၀ သာတင်ပို့နိုင်ခဲ့ပြီး သြဂုတ်လအတွင်း ချင်းတင်ပို့မှုက တန်ချိန် ခုနှစ်ဆယ်ကျော်သာရှိခဲ့တာကြောင့် သြဂုတ်လမှာ ချင်းတန်ချိန် ငါးဆယ်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။ MIRT (DOT)
ယခင်သီတင်းပတ်အတွင်း ပြည်တွင်းပဲဈေးကွက် အရောင်း အဝယ်အေး ဈေးလျော့ခဲ့ရာမှ ယခုတစ်ပတ်မှာတော့ အိန္ဒိယ ဝယ်လက်တွေ လတစ်လရဲ့ ပထမပတ်ဝယ်လိုအား ထွက်လာတာ ကြောင့် ပဲရောင်းဝယ်မှု ပြန်တက်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အသွက်ဆုံးကတော့ ပခုက္ကူပဲတီစိမ်းဖြစ်ပြီး၊ ဒုတိယကတော့ မတ်ပဲ SQ ကိုအဝယ်လိုက်တယ်လို့ သိရပါတယ်။ မတ်ပဲ FAQ နဲ့ ပဲစင်းငုံကတော့ အသင့်အတင့်ပဲ ရှိတယ်လို့ ကုန် သည်တစ်ဦးက ဆိုပါတယ်။
အိန္ဒိယနိုင်ငံ ပဲအဓိကစိုက်ပျိုးတဲ့ မဟာရပ်ရှတရာ၊ ကာနာတာကာ၊ ရာဂျက်စသန်နဲ့ မဒ္ဒရာပရာဒေ့ရှ်တို့က မတ်ပဲ နဲ့ ပဲတီစိမ်း အသစ်တွေ ဈေးကွက်တွေထဲ တဖြည်းဖြည်းတိုးပြီး ဝင်ရောက်လာပြီဖြစ်ပြီး လက်ကားဈေးကွက်တွေမှာ ပဲခွဲစက် လုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေက ဝယ်ယူမှုမရှိသေးလို့ ပဲ ဈေးတွေ ကျဆင်းလာနေပါတယ်။ အထူးသဖြင့် တော့ ဝင် ရောက်လာတဲ့ ပဲတွေမှာ အစိုဓါတ်များပြီး အရည်အသွေးနိမ့် တာကြောင့် ကုန်သည်တွေ ဝယ်ယူမှုမရှိတာ ကြောင့်လို့ ဆိုပါ တယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုရက်ပိုင်း အရောင်း အဝယ်အနည်းငယ်ရှိလာပါတယ်။ ယခင်တစ်ပတ်အတွင်း ရောင်း ဝယ်မှုနည်းပြီး ဈေးကျဆင်းခဲ့ရာမှ ယခုတစ်ပတ်မှာ ဈေးပြန်တန့် လာခဲ့ပါတယ်။ နိုင်ငံတော် လယ်ယာထွက်ကုန်သမ ဈေးကွက်ရှာ ဖွေရေးအသင်း(Nafed) မှ မဟာရပ်ရှတရာဒေသ တွင်း ဈေးကွက် တွေမှာ မတ်ပဲတွေကို စတင်ဝယ်ယူနေပြီဖြစ်ပြီး လတ္တာနဲ့ အခြား ဈေးကွက်တွေမှာ မတ်ပဲ တစ်တန် ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၈၁၁)နဲ့ ဝယ်ယူနေပါတယ်။ နောက်တစ်ပတ်မှာ အင်ဒရာပရာ ဒေ့ရှ် ဈေးကွက်တွေ မှာလည်း မတ်ပဲနဲ့ ပဲတီစိမ်းတွေဆက်ပြီး ဝယ် ယူသွားမှာဖြစ်ပေမဲ့ ပဲအသစ်တွေမှာ အစိုဓါတ်ပါဝင်မှုများလို့ ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ သိရပါတယ်။ နိုင်ငံ အလယ် ပိုင်းမှာတော့ မိုးပဲအသစ်တွေ ဝင်လာတော့ မယ့် အောက်တိုဘာ ဒုတိယ လဝက်မှာ ပဲဝယ်ယူဖွယ်ရှိတယ်လို့ သိရပါတယ်။
ပရိုတိန်းကြွယ်ဝပြီး အရောင်စုံတဲ့ ကုလားပဲ၊ ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းများဟာ အိန္ဒိယဆင်းရဲသား ပြည်သူတွေရဲ့ ဟင်းလျာအဖြစ် တဖြည်းဖြည်း ပျောက်ကွယ်လာနေပါတယ်။ အိန္ဒိယနိုင်ငံဟာ ပဲမျိုးစုံ အများဆုံး ထုတ်လုပ်သူ၊ အများဆုံး စားသုံးသူဖြစ်သလို အများဆုံး ထုတ်လုပ်သူလဲဖြစ်လို့ မြေဆီ လွှာ ဆက်ပြီး ကောင်းမွန်ရေးဟာ အလွန်ကို အရေးပါနေပါ တယ်။ ဒါပေမယ့် ထုတ်လုပ်မှုက မြင့်တက်နေတဲ့ လူဦးရေကို အမီမလိုက်နိုင်သေးတဲ့အတွက် တောင်သူလယ်သမားတွေ ထက်ပိုပြီး၊ ကုန်သည်တွေက ပဲမျိုးစုံကို ကိုင်တွယ်လာဖို့ဖြစ် စေခဲ့ပါတယ်။
ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၂၈-၉-၂၀၁၂ ကျပ်/ပိဿာ
စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး
21/9
28/9
ပြောင်းလဲမှု
21/9
28/9
ပြောင်းလဲမှု
21/9
28/9
ပြောင်းလဲမှု
21/9
28/9
ပြောင်းလဲမှု
1
မတ်ပဲ
846
800
717
667
-
695
750
750
2
ပဲစင်းငုံ
1025
963
942
900
970
920
955
910
3
ပဲတီစိမ်း
1030
1030
676
711
1000
-
948
842
4
ကုလားပဲရိုးရိုး
1430
1300
996
942
1000
947
1105
974
5
ပဲလွန်းဖြူ
950
950
833
833
-
-
843
-
6
ထောပတ်ပဲ
780
780
942
978
737
737
-
-
* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။
