Main menu

Background

Tuesday, 18 Jul 2023

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၂၁ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၉၁၈  သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၈  ဒသမ ၈၃၉ သန်းဖြစ်၍ ကုန်သွယ်မှု လျာထားချက်အပေါ် ၁၂၅ ဒသမ ၅၉ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။ 

Tuesday, 18 Jul 2023

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ဇူလိုင် ၁ ရက်မှ ၁၁ ရက်အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၂၅၀ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၄၈၀ သန်း၊ ကုန်သွယ်မှုပမာဏ စုစုပေါင်း  ၄၀ ဒသမ ၇၃၀ ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။ 

Tuesday, 20 Jun 2023

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ  မေ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၉ဒသမ၂၀၁ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၇၈ သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈ဒသမ ၃၇၉ သန်း ဖြစ်၍ ကုန်သွယ်မှုလျာထားချက်အပေါ် ၁၂ဒသမ ၅၃ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။ ကာလတူလုပ်ငန်း ဆောင်ရွက်မှုနှင့် နှိုင်းယှဉ် ပါက သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၈၅ သန်းနှင့် ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ဒသမ ၂၅၆ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၂  ဒသမ ၉၄၁ သန်း  လျော့နည်းခဲ့ ကြောင်း သိရသည်။

Monday, 5 Jun 2023

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ မေ ၂၀ ရက်မှ ၂၆ ရက် အထိ တစ်ပတ်အတွင်း အများဆုံတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း  ၁၀မျိုး မှာ မြေပဲဆန် ၉၀၁ ဒသမ ၅၀ဝ တန်၊ တန်ဖိုး ၁ ဒသမ ၄၀၄ ဒေါ်လာ သန်း၊ ပဲတီစိမ်း ၁၅၅၄ တန်၊ တန်ဖိုး သုည ဒသမ ၉၂၉ ဒေါ်လာသန်း၊ ဆန်ကွဲ ၁၃၉၈ တန်၊ တန်ဖိုး သုည ဒသမ ၅၃၀ ဒေါ်လာသန်း၊ ရော်ဘာ ၃၃၇ တန်၊ တန်ဖိုး သုည ဒသမ ၃၈၃ ဒေါ်လာသန်း၊ ဝဥခြောက် ၁၁၈ ဒသမ ၄၃၅ တန်၊ တန်ဖိုး သုည ဒသမ ၂၁၃ ဒေါ်လာသန်း၊ ပဲယင်း ၂၆၈ ဒသမ ၅၀ဝ တန်၊ သုည ဒသမ ၂၁၁ ဒေါ်လာသန်း၊ နှမ်းညို ၉၆ ဒသမ ဝ၀၄ တန်၊ သုည ဒသမ ၁၅၆ ဒေါ်လာသန်း၊ နှမ်းနက် ၉၈ ဒသမ ၂၅၀ တန်၊ တန်ဖိုး သုည ဒသမ ၁၅၂ ဒေါ်လာသန်း၊ မြေ ထောက်ပဲ ၁၀၂ ဒသမ ၆၀၇ တန်၊ တန်ဖိုး သုည

Monday, 5 Jun 2023

မူဆယ် ၁၀၅ မိုင်  ကုန်သွယ်ရေးဇုန်မှ  မေ ၂၀ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၈၂၅ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၁၃၅ သန်းဖြစ်၍  ကုန်သွယ်မှုပမာဏမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၉၆၀ သန်းဖြစ်၍ ယခင်တစ် ပတ်ထက် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၄၉ သန်း လျော့နည်းခဲ့သော်လည်း  သွင်းကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၃ ဒသမ ၉၇၂ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၃၂၂ သန်းပိုမိုခဲ့ကြောင်း သိရသည်။ 

Monday, 5 Jun 2023

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ  မေ ၂၀ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၇၉ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၇၉ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၄ ဒသမ ဝ၅၈ သန်းဖြစ်၍ ယခင်တစ်ပတ်ထက် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၃ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၅၁ သန်းလျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၅၄ သန်း လျော့နည်းခဲ့ ကြောင်း သိရသည်။ 

Tuesday, 23 May 2023

တရုတ်-မြန်မာနယ်စပ်ဂိတ်များ ပုံမှန်ပြန်ဖြစ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းများ ပုံမှန်ပြန်လည်စိုက်ပျိုး လာကြောင်း ဒေသခံလုပ်ငန်းရှင်များထံမှ သိရသည်။ ကိုဗစ်ကာလအတွင်းက ကုန်သွယ်မှုများ နှောင့်နှေးခဲ့ပြီးနောက် ကချင်ပြည်နယ်အတွင်း တစ်သျှူး ငှက်ပျောစိုက်ခင်းများ ထက်ဝက်ကျော် ကျဆင်းခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင် နယ်စပ်ဂိတ်များ ပုံမှန်ပြန်လည် လည်ပတ်ခဲ့ပြီးနောက် တစ်သျှူးငှက်ပျောများ အရောင်းအဝယ်ဖြစ် ထွန်းခဲ့သည့်အတွက် ယခုနှစ်တွင် နေရာအားလုံး၌ ပုံမှန်အတိုင်း စိုက်ပျိုးမှုပြုလုပ်နေ ကြကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် တစ်သျ

Tuesday, 23 May 2023

 မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ မေ ၆ ရက်မှ ၁၂ ရက်ထိ ကာလ အတွင်း  ပို့ကုန်တန်ဖိုး  အမေရိကန် ဒေါ်လာ ၈ ဒသ မ ၁၀၇ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉၉၉ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၁၀၆ သန်းဖြစ်၍  ယခင်တစ်ပတ်ထက် ပို့ကုန်တန်ဖိုး  အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၈၈ သန်း၊   သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၀၅ သန်း လျော့နည်းခဲ့သဖြင့် ကုန်သွယ်မှု ပမာဏအနေဖြင့်  တန်ဖိုး အမေရိကန် ဒေါ်လာ ၇ဒသမ ၅၉၃ သန်းလျော့နည်း ခဲ့ကြောင်း သိရသည်။ 

Wednesday, 10 May 2023

ဧပြီ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၄၃ သန်း တန်ဖိုးရှိ ရော်ဘာ တန်ချိန် ၃၄၄၀ ကျော်တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၅၂၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၃၂၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၃၀ဝ၊ မလေးရှားနိုင်ငံသို့ ရော်ဘာ တန်ချိန် ၂၀ဝ ကျော်နှင့် ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။

Wednesday, 10 May 2023

ဧပြီ ၁ ရက် မှ ၃၀ ရက်ထိကာလ အတွင်း  တာချီလိတ်  ကုန်သွယ်ရေး စခန်းမှ   ပို့ကုန်  အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၅၆  သန်း၊  သွင်းကုန်  အမေ ရိကန်ဒေါ်လာ ၇ ဒသမ ဝ၈၈ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆၄၄ သန်းဖြစ်၍ ကုန်သွယ်မှုလျာထားချက်အပေါ်  ၈၉ ဒသမ ၅၇ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ သည်။  ကာလတူလုပ်ငန်းဆောင်ရွက် မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်အမေရိကန် ဒေါ်လာ ၁ ဒသမ ဝ၃၁ သန်း လျော့ နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင်  တန်ဖိုး အမေရိကန်ဒေါ်လာ  ၁ ဒသမ ၂၄၀ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အနေဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၂၀၉ သန်း ပိုမိုခဲ့ကြောင်း  သိရသည်။

Pages