Background
ကသာမြို့တွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီ ဈေးနှုန်းမှာ သြဂုတ်လနောက်ဆုံးပတ်တွင် လက်လီတစ်ပိဿာ ကျပ် ၃၈၀ဝ အထိမြင့်တက်သွားပြီး လက်ရှိကြက်သွန်နီဈေးနှုန်း မှာ လက်ကား တစ်ပိဿာလျှင် အကြီး၊ အသေးပေါ် မူတည်၍ ကျပ် ၃၇၀ဝ မှ ၃၂၀ဝ၊ လက်လီတစ်ပိဿာလျှင် အကြီးကျပ် ၄၀ဝ၀၊ အသေး ကျပ် ၃၅၀ဝ တို့ဖြင့် ရောင်းချလျက်ရှိကာ ကြက်သွန်နီဈေးနှုန်းမှာ ဆက်လက် မြင့်တက်လျက်ရှိကြောင်း သိရသည်။ကြက်သွန်နီဝင်ရောက်မှုအနေဖြင့် ယခုတစ်ပတ်အတွင်း မန္တလေး၊ မုံရွာဘက်မှ ၃၅ ပိဿာပါ အိတ် ၈၀ ခန့်နှင့် ခင်ဦး၊ ရေဦးဘက်မှ ၃၅ ပိဿာပါ အိတ် ၆၀ ခန့် ဝင်ရောက်ကြောင်း သိရသည်။ကသာမြို့နယ်အတွင်းသို့ ခရမ်းချဉ်သီး ဝင်ရောက်မှု အနေဖြင့် ယခုတစ်ပတ်အတွင်း မန္တလေး၊ မု
ကြက်သွန်နီ ဈေးကောင်းရသော်လည်း ယခုတစ်ပတ်တွင် အရောင်းအဝယ်အေးနေကြောင်း မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ ကြက်သွန်နီဈေးကွက်မှ သိရသည်။ ''လက်ရှိ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၂၀ဝ၀ ပေါက်ဈေး ရှိတယ်။ ကြက်သွန် သေး အနုတ် တစ်ပိဿာ ကျပ် ၁၅၀ဝ ရောင်းချကြတယ်။ အရောင်းအဝယ်တော့ ကြက်သွန်နီ ဈေးမြင့်တက်နေတော့ လက်လီ အဝယ်အေးတယ်}''ဟု ရေနံချောင်း မြို့မဈေး ကြက်သွန်နီရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ကယားပြည်နယ်တွင် အခြေခံစားကုန် စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီကို ပြည်နယ်အတွင်း စားသုံးမှု လိုအပ်ချက်အရ အခြားဒေသဖြစ်သည့် မိထ္ထီလာ၊ မန္တလေး၊ မြစ်သားတို့မှ အများဆုံး တင်သွင်းရပြီး ယခုလက်ရှိ စက်တင်ဘာလပိုင်းအစမှာ ဈေးကွက်တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းသည် ယခင်လဈေးနှုန်းထက် ဆက်လက် မြင့်တက်လာသည်။
ပြည်တွင်းမတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ် တစ်ပတ်လုံး တစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ အထက်တွင် ရှိခဲ့ရာမှ တဖြည်းဖြည်း ဈေး ထပ်မံမြင့်တက်လာကြောင်း တွေ့ရသည်။သီတင်းပတ်တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများ မှာ သြဂုတ် ၂၅ ရက်တွင် တစ်တင်းလျှင် ကျပ် ၆၁၈၀ဝ၊ ၂၆ ရက်တွင် ကျပ် ၆၂၀ဝ၀၊ ၂၇ ရက်တွင် ကျပ် ၆၃၂၀ဝ၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ကျပ် ၆၄၂၀ဝ၊ ၃၀ ရက်တွင် ကျပ် ၆၄၈၀ဝ၊ ၃၁ ရက်တွင် ကျပ် ၆၆၇၀ဝ၊ စက်တင်ဘာ ၁ ရက်တွင် ကျပ် ၆၇၃၀ဝ၊ ၂ ရက်တွင် ကျပ် ၆၅၅၀ဝ အသီး သီးဖြစ်ခဲ့သည်။
သြဂုတ်လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်တန်ချိန် ၂၉၀ဝ၀ ကျော်တင်ပို့ပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆၁၈ သန်းခန့် ရရှိခဲ့ ကြောင်း သိရသည်။တင်ပို့မှုများအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံသို့ ဆန်တန်ချိန် ၁၆၁၀ဝ ကျော်၊ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၂၉၀ဝကျော် တင်ပို့နိုင်ခဲ့သည်။ နိုင်ငံအလိုက် ဆန်တင်ပို့မှု များမှာ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၃၉၂၀ကျော်၊ အီတလီ နိုင်ငံသို့ ဆန်တန်ချိန်၂၃၂၀ ကျော်၊ နယ်သာလန်နိုင်ငံသို့ ဆန် တန်ချိန် ၁၃၅၀၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၁၂၇၀ ကျော်၊ ချက်သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၁၂၃၀ကျော်၊ ရိုမေး နီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၈၀ဝ၊
သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံ သီးနှံနှင့် နှမ်းသီးနှံများအနက် ပဲတီစိမ်းနှင့် နှမ်းသည် နေ့စဉ်ဈေးကွက် အတွင်းသို့ ဝင်ရောက်လျက်ရှိသည်။ သြဂုတ်လ တတိယပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၄၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်တွင် ကျပ် ၅၀ဝ၀ဝ ဖြင့် ဈေးမြင့်တက်လာသော်လည်း အရောင်းအဝယ်အေးလျက်ရှိသည်။ နှမ်းသီးနှံများမှာလည်း တတိယပတ်တွင် နှမ်းနက်တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ၊ နှမ်းနီ တစ်တင်းလျှင် ကျပ် ၇၅၀ဝ၀ ဖြစ်ခဲ့ပြီး ယခုတစ်ပတ် တွင် နှမ်းနက်တစ်တင်းလျှင် ကျပ် ၈၅၀ဝ၀၊ နှမ်းနီ တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ ဖြစ်၍ ကျပ် ၅၀ဝ၀စီ ဈေးမြင့်တက်လာကြောင်း သိရှိရသည်။
အရှေ့တောင်အာရှ တစ်ခွင်တွင် ဒူးရင်းသီးကို သစ်သီး များရဲ့ဘုရင် (King of Fruits) ဟ ုတင်စားခေါ်ဝေါ်ကြပါ တယ်။ ဒူးရင်း (Durian) ဆိုသည့် အမည်ဟာ မလေးဘာသာ (Duri) မှဆိုသည့် စကားရပ်မှ ဆင်းသက်လာတာဖြစ်ပြီး (Duri) ဆိုတာကတော့ "ဆူး" ဆိုတဲ့အဓိပ္ပာယ်ပါ။ ထားဝယ် ရာဇဝင်သမိုင်း ဖော်ပြချက်မှာတော့ မြတ်စွာဘုရားရှင်အား "ဒူရကနတ်သား" မှ နတ်ပြည်မှပါလာသည့် နတ်သစ်သီးအား ဆပ်ကပ်လှူဒါန်းခဲ့သည့် နတ်သစ်သီးမျိုးစေ့ကို လူတို့စိုက် ပျိုးကြရာမှ ထိုအသီးကို "ဒူရကသီး" ဟု ခေါ်တွင်ခဲ့ရာမှ နောက် ပိုင်းတွင် ]ဒူးရင်းသီး}ဟု အမည်တွင်ခဲ့တယ်လို့ ဖတ်ရှုလေ့ လာဖူးပါတယ်။
ယခုတစ်ပတ် ပြည်ချင်းဈေးကွက်သို့ အောင်ပန်းချင်းများ တစ်ရက်လျှင် ၁၅ ပိဿာဝင် အိတ် ၂၀ဝ ခန့် အဝင်ရှိသည်။ အရောင်းအဝယ် အနည်းငယ်အေးနေပြီး ဓားလှီးချင်းဖတ်သမားများနှင့် လက်လီသမားတို့သာ အဝယ်ရှိနေသည်။ သြဂုတ်လ စတုတ္ထပတ် ချင်းဈေးများမှာ ချင်းတက်ပွဲရုံဈေး တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ-၁၅၀ဝ နှင့် လက်လီဈေးတစ်ပိဿာလျှင် ကျပ် ၂၂၀ဝ-၂၃၀ဝ တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်တစ်ပတ်ထက်စာလျှင် တစ်ပိဿာလျှင် ကျပ် ၂၀ဝ ဈေးမြင့်လာသည်။မန်ကျည်းမှည့် ပွဲရုံများတွင် ကျောက်ပန်းတောင်း၊ ပျော်ဘွယ် စသည့် အညာ ဒေသထွက် မန်ကျည်းမှည့်များ ဝင်ရောက်မှု အနည်းငယ်ရှိနေသည်။ မန်ကျည်းမှည့် ဈေးများမှာ ပွဲရုံဈေး တစ်ပိဿာလျှင် ကျပ် ၃၈၀ဝ-၄၀ဝ၀ ဖြစ်ပြီး ဒေသထ
ကသာခရိုင် မြို့နယ်လေးမြို့နယ်တွင် ယခင်နှစ် မိုးစပါးစိုက်ဧက ၁၇၃၆၀၈ ရှိပြီး ဧရာမင်း စပါးစိုက်ဧက ၃၀၆၇ ရှိကြောင်း သိရှိရသည်။ ဧရာမင်းစပါးသည် အခြားစပါးများထက် ဈေးနှုန်းမြင့်မားပြီး ငွေကြေးတတ်နိုင်သူများသာ စားသုံး ကြသည့်အတွက် ခရိုင်အတွင်း စိုက်ပျိုးမှု အနည်းငယ်သာရှိကြောင်း သိရသည်။ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌဖြစ်သည့် ဦးမောင်မောင်က "ဒေသတွင်း တိုင်းရင်းသားပြည်သူများအနေနဲ့ ဆန်အမာ စားသုံးမှုနည်းပြီး ဆန်အစီးကိုသာ စားသုံးကြတယ်။ တောင်သူအများစုကတော့ ဆင်းဧကရီ(၃) စိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးသူများသလို တရုတ်ပြည်တင်ပို့မှုလည်း ရှိပါတယ်။ ဧရာမင်းဆန်က ဆန်အမာအမျိုးအစားမှာပါတဲ့ အတွက် ဒေသတ
ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၂၅၃ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၀၈၄၀ တင်ပို့ခဲ့ကြောင်း သိရသည်။တင်ပို့မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရော်ဘာ တန်ချိန် ၇၅၂၀၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၁၇၀၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၉၀ဝ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၈၈၀ ကျော်၊ ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာ တန်ချိန် ၂၆၀ အသီးသီး တင်ပို့နိုင်ခဲ့သည်။ဇူလိုင်လအတွင်း မြန်မာ-ထိုင်း နယ်စပ်လမ်းကြောင်းမှ ရော်ဘာတန်ချိန် ၁၃၇၀ကျော်နှင့် မြန်မာ-တရုတ် နယ်စပ်က