Main menu

Background

Wednesday, 13 Sep 2017

       ပြည်ဈေးကွက်ရဲ့ လက်လီရောင်းဝယ်မှုအဖြစ်များတဲ့ ပဲများထဲမှာ စား တော်ပဲဈေးက ထိပ်ဆုံး ရပ်တည်နေပါတယ်။ နှစ်စဉ်လိုလို ဈေးကောင်းရလျက် ရှိတာကိုတွေ့ရပြီး ယခုနှစ်ဈေးမှာတော့ တစ်တင်း ကျပ် ၄၆၀၀၀ ဖြင့်ပဲနီပြား၊ ဘိုကိတ်၊ ပဲလွန်းဖြူသီးနှံများထက်   ဈေးပိုရခဲ့တာကိုလည်း တွေ့ရပါတယ်။ လက်လီသာ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း  အိတ်အနည်းငယ်စီ ရောင်းချခဲ့ကြရပါတယ်။ ယခင်နှစ်က   စားတော်ပဲသီးနှံဈေးဟာ စက်တင် ဘာလအတွင်း တစ်တင်းကျပ် ၃၈၀၀၀ မှ  ကျပ် ၃၉၀၀၀ အတွင်း ရရှိခဲ့တဲ့ အတွက် ယခင်နှစ်က ဈေးကောင်းရနေခဲ့သလို ယခုနှစ်မှာ ဈေးဆက်ကောင်း နေတာကြောင့်  လက်လီပဲဈေးကွက်မှာ ဈေးအမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။                   

Friday, 8 Sep 2017

      ကန့်သတ်ချက်များ ဖြေလျော့ခြင်းမရှိဘဲ ဘဏ်နှင့် အစု ရှယ်ယာရှင်များအတွက် အကျိုးမရှိပါက ပထမပုဂ္ဂလိကဘဏ် အနေဖြင့့်ှဌ မှ နုတ်ထွက်သွားမည်ဖြစ်ကြောင်း သိရသည်။ပထမပုဂ္ဂလိကဘဏ် အနေဖြင့်YSX သို့ စတင်ဝင် ရောက်ပြီးချိန်တွင် ရှယ်ယာဈေးတည်ငြိမ်ရန်အတွက် ပြန်  လည်ဝယ်ယူလိုသော်လည်းshare buy backု ပြုလုပ်၍ မရ ကြောင်း၊ ထို့အပြင် စတော့အိတ်ချိန်းမှ ဝယ်ယူထားသည့် ရှယ်ယာကို စပယ်ရှယ် အကောင့် ရှယ်ယာထံသို့ လွှဲပြောင်းရန် အတွက်YSX ၏ကန့်သတ်ချက်များအရ ပြုလုပ်၍မရကြောင်း သိရသည်။''YSX ကိုဝင်ရတာက ရည်ရွယ်ချက်နှစ်ခုရှိတယ်။ တစ်ခု က အစုရှယ်ယာရှင်တွေ ငွေလိုတဲ့အခါ ငွေဖော်နိုင်အောင် နဲ့ နောက်တစ်ခုက ရန်ကုန်စတော့အိတ်ချိန်းတိုးတက်ဖွံ့ဖ

Friday, 8 Sep 2017

      မုံရွာကုန်စည်ဒိုင်သို့ ဆီထွက် သီးနှံဖြစ်သော  နှမ်းများ နေ့စဉ် အိတ် ၈၀၀- ၉၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး နှမ်းနက်ကတော့ ဈေးအနည်းငယ်ကျ၍ အရောင်းအဝယ်လည်း အနည်းငယ် အေးလျက်ရှိကြောင်း  သိရပါတယ်။ နှမ်းဖြူနှင့် နှမ်းညိုမှာ ဈေးငြိမ်လျက်ရှိပြီး ဒေသတွင်း   အဝယ်ရှိလို့ အရောင်း အဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရ ပါတယ်။ ယခုတစ်ပတ် နှမ်းသီးနှံပေါက် ဈေးနှုန်းကတော့ နှမ်းဖြူတစ်ပိဿာ ကျပ် ၂၄၀၀ နဲ့ အိတ် ၁၀၀ ခန့်၊ နှမ်းညို တစ်ပိဿာ ၁၈၆၇ ကျပ်နဲ့ အိတ်၂၀၀ ခန့်၊ နှမ်းနက်တစ်ပိဿာ ၂၅၃၃ ကျပ် မှ  ၂၂၆၇ ကျပ် နှုန်းနဲ့ အိတ်၃၀၀ခန့် အသီး သီး  အရောင်းအဝယ်   ဖြစ်လျက်ရှိ ကြောင်း သိရပါတယ်။ ယခင်တစ်ပတ် က နှမ်းဖြူတစ်ပိဿာ ကျပ်၂၄၀၀၊ နှ

Wednesday, 6 Sep 2017

      ဥဇဘက်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာဇစ်ကာမီလော့ဗ်နှင့် နိုင်ငံခြားကုန်သွယ် ရေးဝန်ကြီး  အယ်လ်ယာလာနီယက်ဗ်တို့သည် သြဂုတ် ၂၀ ရက်မှ ၂၃ ရက်ထိ အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ တရားဝင်ခရီးစဉ် လာရောက်ခဲ့စဉ် အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုအား ကောင်းလာစေရန်အတွက် ဥဇဘက်ကစ္စတန် အနေဖြင့် အိန္ဒိယကုန်စည်များပေါ်၌ သွင်းကုန်ခွန် လျှော့ချပေးရန်၊ အကောက်ခွန်လုပ်ထုံးလုပ်နည်း များ ရှင်းလင်းလွယ်ကူစေရေး ဆောင်ရွက်ရန်နှင့် ဗီဇာမူဝါဒများ ဖြေလျှော့ရန်တို့ကို အိန္ဒိယအစိုးရက အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။

Wednesday, 6 Sep 2017

     မုံရွာကုန်စည်ဒိုင်ပဲမျိုးစုံဈေးကွက်တွင် ယခုတစ်ပတ် ဆီထွက်သီးနှံဖြစ်သော မြေပဲဆန်ပေါက်ဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးအတိုင်းဈေးငြိမ်လျက်ရှိပြီး   ဝင်ရောက်မှုလည်း နည်းလာ၍အဝင်ရှိသလောက် ဒေသတွင်း ဆားေ လှာ် သမား များနှင့် ဆီစက်သမားများက ဝယ်ယူလျက်ရှိကာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ မြေပဲဆန်များကို  မုံရွာကုန်စည်ဒိုင်သို့ နေ့စဉ်အိတ် ၁၀၀၀ခန့် ဝင်ရောက်လျက်ရှိရာ ယခုတစ်ပတ် မြေပဲဆန် တစ် ပိဿာပေါက်ဈေးနှုန်းမှာ (လုံးဆန်ဖြူ) ၂၃၅၀ ကျပ်နဲ့ အိတ် ၃၀၀ခန့်၊ (လုံးဆန်နီ) ၂၂၅၀ ကျပ်နဲ့ အိတ် ၃၀၀ ခန့်၊  (ဆီဆန်) ကျပ်၂၁၀၀ မှ ၂၂၀၀ နဲ့ အိတ် ၂၀၀ ခန့်အသီးသီး အရောင်း အဝယ် ပုံမှန်ဖြစ်လျက် ရှိကြောင်း သိရပါတယ်။  ယ

Wednesday, 6 Sep 2017

      မအူပင်ခရိုင်တွင် နွေစပါးများဈေးကောင်းရလျက်ရှိ သကဲ့သို့ကောက်စောစပါးများလည်း  အခြေအနေကောင်း လျက်ရှိကြောင်း မအူပင်မြို့နယ်ဆန်စက်ပိုင်ရှင်တစ်ဦးကပြော ကြားခဲ့သည်။မအူပင်မြို့နယ်ရှိကျော် ပဒေသာ ဆန်စက်ပိုင်ရှင် ဦးတင် မင်းက ယခုရက်ပိုင်းတွင်ပဲ့ထောင်များ၊ ထော်လာဂျီများနှင့် နေ့စဉ်စပါးတင်းတစ်ထောင်ကျော်လာရောက်ရောင်းချလျက် ရှိကြောင်း၊ ယခုကဲ့သို့ စပါးရောင်းအားကောင်းလာခြင်းမှာ နွေစပါးသီးထပ်ရင် တင်းတစ်ရာ လျှင်ကျပ် ၅၃၀၀၀၀ ရှိပြီး ဈေးကောင်းရနေကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံများမှ မအူပင်အနိမ့်ဆန်တစ်အိတ်လျှင်ကျပ် ၁၉၀၀၀ မှ ကျပ် ၂၀၀၀၀ တို့ဖြင့် လာရောက်ဝယ်ယူနေကြသဖြင့် အရောင်းအဝယ်သွက် လျက်ရှိကြောင်း၊ထိုကဲ့သို

Tuesday, 5 Sep 2017

      မန္တလေးတိုင်းဒေသကြီး ကြယ်ပဲစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ အသင်းသား /အသင်းသူများနှင့် တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ၍   လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ် ၂၉ ရက်က  စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ပါသည်။မန္တလေးတိုင်းဒေသကြီးဦးစီးမှူးမှ အမှာစကားပြောကြားရာတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ကြီးဌာန၏ မူဝါဒပိုင်း၊ ကုန်သွယ်မှုမြှင့်တင် ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အစုအဖွဲ့၏ စိန်ခေါ်မှုအခက်အခဲများကို ဝန်ကြီး ဌာန၏ ကိုယ်စားကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း ပြောကြားပါသည်။ ဒုတိယတိုင်းေ ဒ

Thursday, 31 Aug 2017

   ကျောက်ဆည်ခရိုင်အနေဖြင့် ယခုနှစ် ငရုတ်ကို ၁၇၅၃၁ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများ အရသိရှိရပါသည်။ ငရုတ်သီးကို ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးခဲ့ပြီး မေလတွင် စတင်ခူး ဆွတ်ကြကြော င်း၊ ငရုတ်မျိုးအနေဖြင့် အထွက်နှုန်းကောင်းမွန်သော သာမို၊ဒီမွန်မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် အပင်များကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်း၍အသီးများ ဖြိုင်ဖြိုင်ရင့်မှည့်နေပြီဖြစ်ပါသည်။

Wednesday, 30 Aug 2017

       သြဂုတ်လ ၁၃  ရက်မှ ၁၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၃၀၉၆၂၁၀ တန်ဖိုးရှိ မြေသြဇာ ၁၄၇၄၂ ဒသမ ၄၅၂ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဘီလာ ရုစ်နိုင်ငံမှ ၁၅၆၇ ဒသမ ၅၀ တန်၊ တရုတ်နိုင်ငံမှ ၈၇၄၇ တန်၊ ကိုရီးယားနိုင်ငံမှ ၃၁၄ ဒသမ ၉၃၂တန်၊ မလေးရှားနိုင်ငံမှ ၆၅ ဒသမ ၈၄ တန်၊ ပါကစ္စတန်နိုင်ငံမှ တန်ချိန် ၅၀၀၊ ရုရှားနိုင်ငံမှ ၉၉၂ ဒသမ ၃၀ တန်၊ စင်ကာပူနိုင်ငံမှ ၂၈ ဒသမ ၈၀ တန်၊ ထိုင်းနိုင်ငံမှ ၂၀၂၆ဒသမ ၀၈ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ တန်ချိန်၅၀၀ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ တင် သွင်းခဲ့တဲ့အမျိုးအစားများမှာ ပိုတက်၊ ယူရီးယား၊ နိုက်တြိုဂျင်၊ အမိုးနီးယားကလိုရိုဒ်၊ ကွန်ပေါင်း၊ သြ

Wednesday, 30 Aug 2017

       သြဂုတ်လ ၁၃ရက်မှ၁၉ရက်အထိ သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၂၇၃၅၀ တန်ဖိုးရှိ ဘိလပ်မြေ ၁၁၃ ဒသမ ၅၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မလေးရှားနိုင်ငံမှ ၁၃ ဒသမ ၅၀ တန်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၁၀၀ နဲ့ ကိုရီးယားနိုင်ငံမှ သုည ဒသမ ၀၅ တန် တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်ကတင်သွင်းခဲ့တဲ့ ဘိလပ်မြေတန်ချိန် ၈၂၄၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ  ဘိလပ်မြေ တန်ချိန် ၈၁၀၀ ကျော် တင်သွင်းမှု လျော့နည်းခဲ့တယ်လို့သိရပါတယ်။

 

သီတာဝင်း (DOT)

Pages