Background
ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် စီးပွားရေး ဖွံဖြိုးတိုး တက်ရေးအတွက် စီးပွားရေး မူဝါဒ ၁၂ ရပ် ချမှတ် ဆောင်ရွက် လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း ယင်းစီးပွားရေး မူဝါဒများနှင့်အညီ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံရရှိတဲ့အတွက် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံရရှိခဲ့ပါတယ်။ ယခင်နှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာသန်း ၅၀၀ ခန့်နဲ့ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၀၀ရရှိခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဗန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားသံအမတ်ကြ H.E. Dr. Enno Drofenik ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မတ် ၂၈ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရောင်းဝယ် ရေးဝန်ကြီးဌာန ဝန်ကြီးရုံး ဧည့်ခန်းမ (၁) ၌ လက်ခံ တွေ့ဆုံသည်။
ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများသည် ငြိမ်သက်လျက်ရှိနေ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့် ငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင် ငြိမ် သက် လျက်ရှိသော်လည်း အရောင်းအဝယ်မှာမူ ပုံမှန်အတိုင်းဖြစ်နေကြောင်း သိရသည်။ "ဒီတစ်ပတ်မှာ ဈေးကျလာတယ်။ ဈေးကျပေမယ့် အရောင်းအဝယ်ကတော့ ပုံမှန်အတိုင်းပဲရှိနေပါတယ်။ လာမယ့် တစ်ပတ်ဆိုရင်တော့ သြင်္ကန်နား နီးလာတဲ့ အတွက် အရောင်းအဝယ် ကျသွားနိုင်သလို ဈေးလည်း ကျဆင်းသွားနိုင်တယ်လို့ ထင်ပါတယ်။ အခုရက်ပိုင်းမှာတော့ ဈေးက ငြိမ်နေပေမယ့် အရောင်းအဝယ်က ပုံမှန်အတိုင်းပဲရှိနေပါတယ်"ဟု ဈေးကွက် အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ပြော
မတ်လကုန် ရက်သတ္တပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ပဲနီပြား သီးနှံပင် များဆက်တိုက်ဝင်လာပြီး ရွှေတောင်၊ ကျီးသဲဘက်နှင့်ပြည်အနီးတစ်ဝိုက်ဒေသ များမှ ဝင်ရောက်ခဲ့ပါတယ်။ ပဲဈေးမှာ ဈေးမြင့်လာပြီး တစ်တင်းကို ကျပ် ၂၅၅၀၀ ဖြင့် ယခင်တစ်ပတ်ကထက်ဈေးပို ရခဲ့ပါတယ်။ ပဲဟောင်းဈေးအနေဖြင့်လည်း ပဲနီပြားသီးနှံဟာ တစ်တင်းကျပ် နှစ်သောင်း အောက်လျော့နည်းရရှိခဲ့လို့ ပဲသစ်များ ဈေးကောင်းရနေတာကြောင့် ပဲစိုက် တောင်သူများ အနေဖြင့် ထွက်ရှိလာသမျှ ရောင်းချလျက်ရှိတယ်လို့သိရပါတယ်။ ၂၀၁၆ မတ်လအတွင်း ပဲနီပြား ပဲသစ်ဈေးဟာ တစ်တင်း ကျပ် ၂၃၀၀၀ နဲ့လကုန် ပိုင်းမှာ အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုနှစ် မတ်လကုန်မှာ ယခင်နှစ်ထက် ဈေးပိုရနေတာကို လည်းတွေ့ရ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် World Bank Group တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ေျဆာင်ရွက်နိုင်ရန်အတွက် ရေးဆွဲ ထားသော နှစ်လတ်စီမံကိန်း Medium Term Programme(MTP) Report ထုတ်ပြန်ခြင်း အခမ်းအနားကို မတ် ၃၀ ရက်က နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် နိုင်ငံ တော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၇ နှစ် World Economic Forum အစည်းအဝေး၏ ထုတ်ဖော်ချက်များအရ ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ရမည့် အစီအစဉ်များတွင် နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းညှိနှိုင်း
ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောနဲ့ ဆန်ကြမ်း(အသစ်) အရောင်းအဝယ်သွက်ပြီး ဈေးအနည်း ငယ်တက်လာကြောင်း ဝါးတန်းဆန်ကုန်စည်ဒိုင်မှ သိရပါ တယ်။ ပေါ်ဆန်းဆန်များဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၁၀၀၀ နဲ့ လတ်စတစ်အိတ် ကျပ်၃၀၀၀၀၊ ပုသိမ်^မြောင်းမြ ပေါ်ဆန်းဆန်တစ်အိတ် ကျပ် ၃၄၀၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၃၁၀၀၀၊နယ်စုံကျိုက်လတ်ထိပ်စ တစ်အိတ်ကျပ် ၂၈၅၀၀ နဲ့ လတ်စ တစ်အိတ် ကျပ်၂၇၅၀၀၊ ရွှေဘိုပေါ်ဆန်းအသစ်(ရှယ်) တစ်အိတ် ကျပ် ၃၆၀၀၀ မှ ကျပ် ၃၇၅၀၀ ဖြစ်ပြီး ပေါ်ဆန်းဆန်တစ်အိတ်ကိုကျပ်၅၀၀ မှ ကျပ် ၂၀၀၀ခန့်အထိ ဈေးတက်ကြောင်းသိရပါတယ်။
မတ်လ တတိယပတ်မှာ မုံရွာကုန်စည်ဒိုင်၏ ပဲဈေးကွက်တွင်အရောင်း အဝယ်အသွက်ဆုံးမှာ အသစ်ဝင်ရောက်လာတဲ့ ပဲကြီးများဖြစ်ကြောင်း မုံရွာ ကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးက ပြောပါတယ်။ ပဲကြီး(အဟောင်း)မှာ
ဒေသတွင်းဈေးကွက်လက်ကျန်မရှိတော့တဲ့အတွက် ဒေသတွင်း အသုံးပြု သူများကလည်း နေ့စဉ်ဝယ်ယူလျက်ရှိပါတယ်။ ပြည်ပဝယ်လက်ဖြစ်တဲ့ ရန်ကုန်ဝယ်လက်ကလည်း ဆက်တိုက်ဝယ်ယူလျက် ရှိပါတယ်။ ဒါကြောင့် ကုန်စည်ဒိုင်သို့ ဝင်ရောက်သမျှ ပဲများအားလုံး နေ့စဉ်အရောင်းအဝယ်ဖြစ်နေ တယ်လို့ဆိုပါတယ်။
မုံရွာ (ပွဲရုံ) စားဖိုဆောင်သီးနှံ ရောင်းဝယ်ရေးတွင် ယခုတစ်ပတ် ကြက်သွန်နီ ဈေးကွက်မှာ ကြက်သွန်နီများ ဈေးကွက်အတွင်းသို့ အများအပြား ဝင်ရောက် လျက် ရှိပြီး အရောင်းအဝယ်လည်း သွက်လျက်ရှိကြောင်း သိရပါတယ်။ ပွဲရုံသို့ နေ့စဉ် ကြက်သွန်နီ ပိဿာချိန် ၁၀၀၀၀ ကျော် ဝင်ရောက်နေကြောင်း သိရပါတယ်။ မုံရွာပွဲ ရုံများမှ ဒေသတွင်း ဝယ်လက်များနှင့် အိတ်ဆွဲသမားများအပြင် ရန်ကုန်၊ မန္တလေး မြို့များသို့ တင်ပို့လျက်ရှိပြီး တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ် ၃၅၀ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ် ကြက်သွန်နီဈေးမှာ မုံရွာပွဲရုံ များ၌ လက်ကားတစ်ပိဿာလျှင် (ကြီး) ကျပ် ၆၀၀၊ (လတ်) ကျပ် ၅၀၀၊ (သေး) ကျပ် ၄၀၀ နှုန်းရှိပ
ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းရွှေဈေးများသည် ပြန်လည်မြင့်တက် လာခဲ့ကာ ကျပ်ကိုးသိန်းကျော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ဈေးကွက် အတွင်း အဝယ်လိုက်လာသဖြင့် ဈေးများမြင့်တက်လာရခြင်းဖြစ် သည် ဟု ဆိုသည်။ဧပြီ ၁ ရက်တွင် ရွှေဝယ်ခွန်များကောက်မည်ဖြစ်သဖြင့် ယခုလအတွင်း ရွှေ အထည်ဝယ်သူများ များပြားလာသည့်အပြင် ဒုံးဝယ်သူများလည်း များပြားလာ ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ပြည်ဈေးကွက်တွင် ယခုတစ်ပတ်နှမ်းနီနှင့်စမုံနက်နှမ်းဈေးပြန်ကျလာပြီး ရိုးရိုးနှမ်းနက် ဈေးငြိမ်နေတာတွေ့ရပါ တယ်။ နှမ်းများဝင်ရောက်မှုမရှိပေမယ့်လည်း ပွဲရုံများမှ ယခင် ဝယ်ယူထားတဲ့နှမ်းများနဲ့သာ အရောင်း အဝယ်ဖြစ် လျက် ရှိပါတယ်။ နှမ်းနက်ရိုးရိုးကို မန္တလေးဝယ်လက်များက ဝယ်ယူမှုရှိသဖြင့် ဈေးငြိမ်နေတာတွေ့ရပါတယ်။ ယခုတစ်ပတ် နှမ်းဈေးမှာ နှမ်းနီသုံးတင်းတစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ ဈေးကျသလို စမုံနက်နှမ်း ဈေးမှာ သုံးတင်းတစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ဈေးဖြင့် ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ ခန့်ဈေးကျလာတာတွေ့ရပါ တယ်။ ရိုးရိုးနှမ်းနက်ဈေးမှာ သုံးတင်းတစ်အိတ်လျှင် ကျပ် ၉၀၀၀၀ ဈေးဖြင့် ယခင်တစ်ပတ်ကအတိ