Background
ကယားပြည်နယ်ဒေသတွင်းမှထွက်ရှိသော ဆန် စပါးသည် ကယားပြည်နယ်ရှိ လူဦးရေအတွက် မလုံ လောက်သောကြောင့် အခြားမြို့နယ်များမှ ဆန်များ တင် သွင်းနေရကြောင်းနှင့် ကယားပြည်နယ်မှထွက်ရှိသော ဆန် ကိုလည်း မန္တလေးမြို့သို့ အဓိကတင်ပို့ကြောင်း သိရှိရပါ တယ်။ ကယားပြည်နယ်သို့ ဆန်တင်သွင်းရာတွင်လည်း ရန်ကုန်မြို့၊ မန္တလေးမြို့၊ ရွှေဘိုမြို့တို့မှ အများဆုံး တင်သွင်း ကြပြီး ယခင် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့မှ ဆန် အိတ် ၈၃၆၀ ၊ မန္တလေးမြို့မှ ဆန်အိတ် ၂၇၁၀ နှင့်ရွှေဘိုမြို့မှ ဆန်အိတ် ၆၂၀ စုစုပေါင်းအိတ်ပေါင်း ၁၁၆၉၀ အိတ်၊ တန် ချိန်အားဖြင့် ၅၈၇ တန်ရှိရာ တစ်ရက်လျှင် ၂၁ တန်နှုန်းခန့် တင်သွင်းလာသည်ကို ဆန်စီးဝင်မှုစာရင်းအရ သိရှိ
ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ဆောင်းကြက်သွန်နီများ အများ အပြားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ ဆားလင်းကြီးမြို့နယ်တွင် ဆောင်းကြက်သွန်နီ စိုက်ဧကသုံးသိန်းကျော်ရှိပါသည်။ပျိုးထောင်ဆဲ ကာလတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ခင်းများပျက် စီးဆုံးရှုံးခဲ့ရသော်လည်း မတ်လကုန်နှင့် ဧပြီလဆန်းပိုင်းတွင် ထွက်ရှိမည့် ဆောင်း ကြက်သွန်နီစိုက်ခင်းများမှာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရှိရပါသည်။ ယခင်နှစ်က ဆောင်းရာသီစိုက်ြကေက်သွန်နီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၅၀ခန့် ရှိပြီး ယခုနှစ်ဆောင်းကြက်သွန်နီထွက်ပေါ်ချိန်တွင် တစ်ပိဿာလျှင်ကျပ် ၆၀၀မှ ကျပ် ၇၀၀ခန့်ရရှိရန် မျှော်မှန်းထားကြောင်း ကြက်သွန်စိုက်တောင်
ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ၄ရက်အထိသီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၂၀၆၄၁၅၅ တန်ဖိုးရှိ ဒီဇယ် ၄၄၈၂၅ ဒသမ ၉၀၂ တန်နဲ့ ကန်ဒေါ်လာ ၂၀၉၀၆၉၅၄ တန်ဖိုးရှိ ဓာတ်ဆီ ၃၄၈၆၂ဒသမ၆၆၇တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် အဆင့်မြင့်ဒီဇယ်၊ (၉၂)နဲ့ (၉၅)တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ဓာတ်ဆီတင်သွင်းမှုမရှိခဲ့ဘဲ ယခုတစ်ပတ်မှသာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၅၀၇၉၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဒီဇယ်တန်ချိန် ၅၉၇၀ ကျော် တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၃ ရက်အထိ သီတင်းပတ် အတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၉၂၄ သန်းဖိုးရှိ ရော်ဘာတန် ၂၀၁၃ တန်ခန့် တင်ပို့ခဲ့တဲ့အနက်RSS1 ၁၁၆ တန်ကျော် ၊RSS3 ၁၅၄၈ တန်ကျော်၊MSR 20 ၃၃၂ တန်နဲMSR 50 ၁၆ တန် ဖြစ်ပါတယ်။ အလားတူ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၆၉၆ သန်းဖိုးရRSS1 ၄၃၄ တန်ခန့်နRSS3၁၇ တန်ကျော်၊ မြိတ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၂၀၆ သန်းဖိုးရMSR 20 ၀ ၁၂၅ တန်ကျော် တင်ပို့ခဲ့ရာ စခန်းအားလုံးမှ စုစု ပေါင်း တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၂၆ သန်း ဖိုးနဲ့ တန်ချိန်၂၅၈၉ ကျော်ဖြစ် ပါတယ်။ ယခင်တစ်ပတ်က ၄၃၈၂ တန်ကျော် တင်ပို့ခဲ့တ
မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ် တင်ပို့ရောင်းချသူများအသင်း (ဗဟို) သည် Winrock International အဖွဲ့အစည်း၏ ကူညီပံ့ပိုးမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီး အတွင်းရှိ ဖရဲ၊ သခွား မွှေး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး စီမံကိန်းကိုUSAID၏ ရန်ပုံငွေဖြင့် ]]မြန်မာနိုင်ငံ အပူပိုင်းဒေသ ဖရဲ၊ သခွားမွှေး တန်ဖိုးမြှင့် ကွင်းဆက်စီမံ ကိန်း ၂၀၁၇-၁၈ စီမံကိန်း}}အစီအစဉ် ကို ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ နိုင်ငံ အပူပိုင်းဒေသ ဖရဲ၊ သခွားမွှေး တန်ဖိုးမြှင့် ကွင်းဆက်စီမံကိန်း Up- grading Value Chain for Melon in Dry Zone, Myanmar Project) ရုံးခန်း
အုန်းသီးစိမ်းကို ကသည်းလူမျိုး များ အဝယ်များ၊ အစားများတဲ့အတွက် နန့်ဖာလုံဈေးမှာ အုန်းသီးစိမ်းတွေ ဈေး ကောင်းရနေပါတယ်။ ကလေး၊ တမူး၊ ကလေးဝမြို့နယ်အတွင်း ကျေးရွာများ မှာ အုန်းသီးစိမ်းတစ်လုံးလျှင် အလုံး အရွယ်အစားပေါ် မူတည်ပြီး ကျပ် ၃၀၀ မှ ကျပ် ၅၀၀ ခန့် ဈေးရှိပါတယ်။ နန့်ဖာလုံဈေးမှာတော့ အုန်းသီးစိမ်း တစ်လုံးလျှင် ရူပီး ၅၀ (မြန်မာငွေကျပ် ၁၀၀၀ ခန့်) ရှိပါတယ်။အုန်းသီးခြောက် ကတော့ သီတင်း ကျွတ်၊ တန်ဆောင်မုန်း လရောက်မှသာ ဈေးကွက်ရှိပါတယ်။ ဟိန္ဒူလူမျိုးများက အုန်းသီးခြောက်ကို မိမိသက်စေ့ ဝယ် ယူပြီး မိဘ၊ ဘိုးဘွားများကို ကန်တော့ ခြင်း၊ မြစ်အတွင်း အုန်းသီးခြောက်ရေ မျှောသည့်ပွဲများ နှစ်စဉ်ကျင်းပခြင်းတို့ ကြ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ ရက်သတ္တ ပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၆၅ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၁၈ တန်ခွဲတင်ပို့ခဲ့ရာ တင်ပို့ ခဲ့ တဲ့ နှမ်းအမျိုးအစားတွေကတော့ နှမ်းဖြူတန် ၂၀၊ နှမ်းနက် ၁၆၆ တန်ခွဲနဲ့ နှမ်းညို ၃၂ တန်ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်မှ နှမ်းဖြူ /နှမ်းနက် ၆၈ တန်ခွဲသာ တင်ပို့ခဲ့လို့ယခုတစ်ပတ် မူဆယ်မှနှမ်းတန် ၁၅၀ ပိုမိုတင်ပို့နိုင် ခဲ့တာတွေ့ရ ပါတယ်။
ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသစ်များ မတ်လဆန်းတွင် ဝင်ရောက်မှုများလာ ပြီဖြစ်တဲ့အတွက် မတ်ပဲသီးနှံလည်း အထွက်လှိုင်လာလို့ ဈေးကွက်မှာ နယ်စုံမှ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်း ၊ရွှေတောင်၊ ကျီးသဲနှင့် ပြည်မြို့နယ်အတွင်းမှ ဝင်ရောက်မှုများသလို ကံမမြို့နယ် ဘက်မှလည်း ဝင်ရောက်ခဲ့တာကြောင့် တစ်ရက်အိတ် ၅၀၀ ကျော် ၆၀၀ အထိ ပဲအဝင်များခဲ့ပြီး၊ ရန်ကုန်ဝယ်လက်မှလည်း ဝင်လာသမျှ ဝယ်လို အားကောင်းနေကာ ပဲဈေးမှာ တစ်တင်း ကျပ် ၃၀၈၀၀ ဖြင့် ဖေဖော်ဝါရီလကုန်က ဈေးထက် အနည်းငယ်ဈေးပို လာပေမယ့် တချို့တောင်သူတွေကတော့ ပဲဈေးကောင်းစောင့်ကာ ထွက်ရှိလာသမျှ ပဲများ အား ရောင်း ချခြင်း မရှိသေးဘဲ သိုလှောင်ထားရှိကြ တ
ကော်ဖီကြိုက်နှစ်သက်သူများနှင့် စိတ်ပါဝင်စားသူများ လေ့လာ နိုင်မည့် မြန်မာ့ပထမဆုံး Coffee Origin Tour ကို ရှမ်းပြည်နယ်တောင် ပိုင်း ရွာငံမြို့နယ်တွင် လုပ်ဆောင်ထားကြောင်း သိရသည်။အဆိုပါ Coffee Origin Tour လုပ်ဆောင် ရခြင်းမှာ ကော်ဖီသောက် သုံးမည့်သူများအား ကော်ဖီစိုက်ပျိုးပုံ စိုက်ပျိုးနည်းနှင့် ကော်ဖီစေ့ကောင်း ရရှိရန်၊ အထွက်နှုန်းကောင်းသည့် ကော်ဖီများ ရရှိရန်၊ ဆောင်ရွက်ပုံ ဆောင်ရွက်နည်းများကို သိရှိစေ ရန်နှ င့် ဒေသခံများအတွက် အလုပ် အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။
ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ဈေးကွက်အတွင်းဝယ်လိုအားနှင့် ရောင်းလိုအားမျှ နေသော်လည်း ငွေလဲနှုန်းများမှာ ကျဆင်းနေသည်ဟုဆိုသည်။
''ပြီးခဲ့တဲ့တစ်ပတ်ကထက် ငွေလဲနှုန်းတွေ ကျဆင်းလာခဲ့ပါတယ်။ ဈေးကွက် ထဲမှာ ရောင်းလိုအားနဲ့ ဝယ်လိုအားမျှနေပေမယ့် ဈေးကကျလာတယ်။ ကမ္ဘာမှာ လည်း အမေရိကန်ဒေါ်လာနဲ့ တခြားငွေကြေးတွေရဲ့လဲလှယ်နှုန်းကလည်း ကျ ဆင်းလာတဲ့အတွက် အခုလိုပြည်တွင်းငွေလဲနှုန်းတွေပါ လိုက်ပါကျဆင်းလာတာပါ''ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသည့် ကိုစိုးတင့်က ပြောကြားခဲ့သည်။