Main menu

Background

Wednesday, 21 Dec 2022

၂၀၂၂ခုနှစ် ဒီဇင်ဘာ ဒုတိယပတ်အတွင်း မုံရွာမြို့နယ် တွက် အခြေခံစားကုန်များဖြစ်သော  ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၅၀ဝ ကျပ်၊ ဧရာမင်းဆန်တစ်ပြည်အဟောင်း ၂၅၀ဝကျပ်နှင့် ဧရာမင်း ဆန်တစ်ပြည်အသစ် ၂၀ဝ၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။   စားအုန်းဆီ တစ် ပိဿာလျှင် ၅၅၅၀ ကျပ်၊ မြေပဲဆီ   တစ်ပိဿာလျှင် ၉၅၀ဝ ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၉၅၀ဝ ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ  လက်လီတစ်ပိဿာ လျှင် ၄၀ဝ၀ ကျပ်မှ ၄၅၀ဝ ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ)တစ်ပိဿာလျှင် ၅၅၀ဝ ကျပ်မှ  ၆၀ဝ၀ ကျပ်ထိ၊ ကြက် သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် ၅၀ဝ၀ ကျပ်မှ ၅၅၀ဝ ကျပ်ထိ၊ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာလျှင်   ၄၅၀ဝ

Wednesday, 21 Dec 2022

သနပ်ခါးဆိုတာ မြန်မာလူမျိုးများနဲ့ခွဲခြားဖို့ မဖြစ်နိုင်တဲ့ အသုံးအဆောင်တစ်မျိုးဖြစ်ပါတယ်။နွေရာသီလိုမျိုး ပူပြင်းတဲ့အခါ သနပ်ခါးရည်ကျဲလေး လူးပေးတာက အသားအေးသွားစေတယ်ဆိုတာနဲ့ နေရောင်ခြည်ကြောင့်  အသားအရေ နေလောင်တာတွေကိုလည်း  သနပ်ခါးလူးပေးရင် သက်သာစေတယ် ဆိုတဲ့ သနပ်ခါးရဲ့ ကောင်းကျိုးတွေကို   မသိသူမရှိလောက်ပါဘူး။ သနပ်ခါးက အရေပြားကို ခရမ်းလွန် ရောင်ခြည်ဒဏ်က  ကာကွယ်ပေးနိုင်တဲ့ သဘာဝဆေး တစ်မျိုးလို့ ဆိုနိုင်ပါတယ်။  သနပ်ခါးမှာ  ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ များစွာပါဝင်နေပါတယ်။ သနပ်ခါး အခေါက်(အပွေး)က ရောင်ရမ်းမှုကို  လျော့ပါးသက်သာစေနိုင်တဲ့  အစွမ်းရှိတာကြောင့်   မျက်နှာအသားအရေကို နုပျိုစ

Wednesday, 21 Dec 2022

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် စပါး၊ ပဲ၊ ပြောင်း နှင့်  ဆီထွက်သီးနှံများအား အဓိကစိုက်ပျိုးလျက်ရှိပြီး ၎င်းသီးနှံများထဲမှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲသီးနှံကို စိုက်ပျိုးလျက်ရှိသည်။ ကျောက်ဆည်ခရိုင်အနေဖြင့်  မိုးမြေပဲကို  ၁၂၁၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁၂၁၃ ဧက အားလုံး ရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧက အထွက်နှုန်းအနေဖြင့် ၄၉ ဒသမ ၄၈ တင်း၊ အထွက် စုစုပေါင်း ၆၀ဝ၁၉ တင်း ထွက်ရှိကြောင်း သိရှိရသည်။

Wednesday, 21 Dec 2022

ကရင်ပြည်နယ်တွင် စိုက်ပျိုးသည့် ပဲပုပ်များထွက်ရှိကာ ပြည်တွင်းသို့ သယ်ယူပို့ဆောင်ရောင်းချလျက်ရှိပြီး ယမန်နှစ်ထက် ဈေးကောင်းရရှိလျက် ရှိကြောင်း ပဲ၊ ပြောင်း၊ နှမ်း ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ကုန်သည်များထံမှ သိရသည်။

          ပဲပုပ်ကုန်သည်များအနေဖြင့် အလုပ်သမားခ၊ ကားခ၊ အိတ်ခွံဖိုးနှင့် အထွေထွေကုန်ကျစရိတ် တစ်ပိဿာလျှင် ကျပ် ၆၀ နှုန်းရှိသောကြောင့် တစ်ပိဿာအရင်း ကျပ် ၂၃၁၀ ဖြစ်ပြီး ရန်ကုန်အထိုင်ဈေး တစ်ပိဿာလျှင် ကျပ် ၂၃၈၀ ဖြင့် ရောင်းချရသောကြောင့် တစ်ပိဿာအမြတ် ကျပ် ၇၀ ရှိကာ အကျိုးအမြတ်ရလျက်ရှိကြောင်း သိရသည်။

Tuesday, 20 Dec 2022

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် တရုတ် ကောအုပ်စု သဖန်းကုန်းကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် ရာသီပေါ်ဆီးဖြူသီးအမှုန့်လုပ်ငန်းလုပ်ကိုင်ကြသူများ အဆင် ပြေ လျက်ရှိသည်။ ဆီးဖြူသီးအမှုန့်လုပ်ငန်း  လုပ်ကိုင်ကြသူ များမှာ ဆီးဖြူသီးပေါ်ချိန်ဖြစ်သော   သီတင်းကျွတ်လဆန်းမှ တပေါင်းလအထိ ဆီးဖြူသီးအမှုန့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ကို လုပ်ကိုင်ကြသည်။တစ်နိုင်တစ်ပိုင်ဖြစ်သော်လည်း မိသားစု ဝင်ငွေအတွက် များစွာအဆင်ပြေလျက်ရှိသည်။ 

Tuesday, 20 Dec 2022

ဒီဇင်ဘာ ၁၃ ရက် မော်လမြိုင် ကုန်စည်ဒိုင်၏ကုန်ဈေးနှုန်းပေါက်ဈေး များမှာ  ရော်ဘာ   RSS-3 မှိုင်းခံပြား တစ်ပေါင် ကျပ် ၁၂၂၀ ၊ဒေသထွက်၁၀၈ ပေါင် ဆန်တစ်အိတ်(အနိမ့်)ဈေးနှုန်း ဧည့်မထ ကျပ်  ၄၂၀ဝ၀၊ ပေါ်ကျွဲ ကျပ် ၅၀ဝ၀ဝ၊ ပေါ်ဆန်း ကျပ် ၅၉၀ဝ၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်း  ပဲတီ စိမ်း ကျပ်၄၁၀ဝ၀၊ မတ်ပဲ ကျပ် ၅၈၀ဝ၀၊ ပဲလွမ်းဖြူ  ကျပ် ၄၂၀ဝ၀၊ ဗိုလ်ကိတ် ကျပ်၃၉၀ဝ၀၊ ပဲပုပ် ကျပ် ၄၉၅၀ဝ၊ မြေပဲ ကျပ် ၁၀၄၀ဝ၀၊ ၊ ရေထွက်ကုန်   တစ် ပိဿာဈေးနှုန်း ငါးတန် ကျပ် ၃၅၀ဝ၊ ငါးသလောက် ကျပ် ၁၁၀ဝ၀၊ ငါးမြစ်ချင်း ကျပ် ၅၃၀ဝ၊ တီလားဗီးရား ကျပ် ၈၀ဝ၀၊ ကင်းမွန် ကျပ် ၁၆၅၀ဝ ၊ ကကတစ်ကျပ် ၁၃၅၀ဝ၊ ငါးကွန်းရှပ် ကျပ် ၉၀ဝ၀၊ ငါးပုတ်သင် (ငါ

Tuesday, 20 Dec 2022

နိုဝင်ဘာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၈၄ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၇၅၀ဝ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၆၇၀ဝ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၅၆၀ နှင့် အီရန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၄၀ ကျော် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး အောက်တိုဘာလနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၅၁၅၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။

Wednesday, 14 Dec 2022

မကွေးမြို့  ကန်သာဈေး၌ ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ၊ အာလူး၊ မုန်လာဥနီ၊ မုန်ညင်းသီးနှံများမှာ ရှမ်းပြည်နယ် (အောင်ပန်းမြို့) မှ ဝင်ရောက်လျက်ရှိပြီး ရွှေဖရုံသီး၊ ရုံးပတီသီး၊ ပဲသီး၊ သံပရာသီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်း ရွက် များမှာ မကွေးမြို့နယ် ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မကျီးကန်ကျေးရွာများမှဖြစ်ကြောင်း သိရှိရ သည်။

Wednesday, 14 Dec 2022

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ယာမြေများ ၌ စက်တင်ဘာလတွင်ရွာသော မိုးကြောင့် အောက်တိုဘာလဆန်းတွင် ယာမြေများ၌ ကုလားပဲကို မိုးရေအစိုဓာတ်ဖြင့် စတင်စိုက်ပျိုးကြသည်။ အချို့မှာ မိုးရေအစိုဓာတ် အပြင် ရေစက်များဖြင့် ရေတင်၍ စိုက်ပျိုးကြ ကြောင်း၊ ရေဖြင့် ထပ်မံတင်၍ စိုက်ပျိုးသော ယာမြေများသည် မိုးရေဖြင့် စိုက်ပျိုးသော ယာမြေများထက် ပို၍ကောင်းမွန်ပြီး အထွက်နှုန်းပိုမိုကောင်း မွန်ကြောင်း တောင်သူများထံမှ သိရှိရ သည်။

Wednesday, 23 Nov 2022

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃၀ဝ၀ အထက်တွင်ရှိပြီး  စိုက်ပျိုးမြေဧရိယာ အများဆုံးမှာ ကော်ဖီ ဖြစ်သည်။ သံတောင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန မှ ရရှိသည့်စာရင်းအရ လျားထားစိုက်ဧက ၉၈၃၆ ဧကရှိပြီး စိုက်ပျိုး ပြီး ဧကမှာ ၉၈၀၆ ဧကဖြစ်သည်။ စိုက်ပျိုးသည့်ကော်ဖီမှာ Robusta  အမျိုးအစားဖြစ်သည်။ အသီးဆွတ်ခူးနိုင်သည့် အပင်မှာ ၇၅၄၇ ဧက ရှိသည်။ ယခုနှစ် ကော်ဖီအထွက်နှုန်းမှာ  တစ်ဧကလျှင် ၁၇၂ ပိဿာ ရှိသဖြင့် ကော်ဖီစေ့ ၂၁၂၀ တန်ခန့်   ထွက်ရှိသည်။  သံတောင်ကြီး မြို့နယ်သည် သီးနှံများ စိုက်ပျိုးရာတွင် ဓာ

Pages