Main menu

Background

Wednesday, 6 Apr 2016

         သာယာဝတီခရိုင်အတွင်းရှိ တောင်သူလယ်သမားများသည် မိုးစပါးစိုက်ပျိုးရာမှ ထွက်ရှိသည့် စပါးတင်း ၁၀၀ ကို ၆၁၆၄၀၀ ကျပ်ဈေးရရှိကြပြီး၊ ဆောင်းရာသီတွင် ဆောင်းသီးနှံမတ်ပဲကို မိုးစပါးရိတ်ပြီးလျှင်ပြီးခြင်း မြေအစု ဓာတ် အမီစော၍ စိုက်ပျိုးခဲ့သည့်တောင်သူများ ယခုအချိန်တွင် မတ်ပဲများ ထွက်ပေါ်နေပြီဖြစ်သောကြောင့် မတ်ပဲတစ်တင်း ပေါက်ဈေး ၄၇၂၀၀ ကျပ်နဲ့ ယခင်နှစ်ကထက် ဈေးကောင်းရရှိ နေပြီဖြစ်ပါတယ်။

Tuesday, 5 Apr 2016

           မုံရွာကုန်စည်ဒိုင် မတ်လကုန် ပတ် ပဲဈေးကွက်မှာ အဓိက Export ပဲတွေထဲက ငုံနီနဲ့မတ်ပဲတို့ ဈေးမာခဲ့ကြ ပြီး၊ ပြည်တွင်းသုံး လိုအပ်ချက်မြင့်မားတဲ့ ကုလားပဲမျိုးစုံကလွဲရင် ကျန်ပဲတွေ ဈေး အေးခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါ တယ်။ ယခုတစ်ပတ် ငုံနီဈေးကွက်မှာ ကုန်သည်လှောင်လက်ထက်  နယ် တောင်သူပဲတွေ  အဝင်ရှိခဲ့သလောက် အရောင်းအဝယ်ဖြစ်ခဲ့ကာ    တစ်ရက် အိတ် ၁၀၀၀ မှ ၁၅၀၀ ဝန်းကျင်အထိဖြစ် ခဲ့ပြီး၊ တစ်တင်း ၄၆၆၀၀ ကျ ပ်အထိ ဈေး မာခဲ့တာ တွေ့ရပါတယ်။ မတ်ပဲဈေးကွက်မှာလည်း နယ်အဝင်နဲ့ကုန်သည်အရောင်းပုံမှန်ဖြစ်ခဲ့လို့ တစ်ရက်အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၄၉၀၀၀ ကျပ်အထိ အ

Tuesday, 5 Apr 2016

  မတ်လကုန်သီတင်းပတ်အတွင်း ပြည်ပဲဈေးကွက်မှာ ပဲနီပြားသီးနှံများ ဝင် ရောက်မှုများတဲ့အတွက် အိတ် ၃၀၀ ကျော်အထိ ဝင်လာခဲ့တာကို  တွေ့ရပါတယ်။ ဖေဖော်ဝါရီလမှစ၍ ပဲသစ်များ ဝင်ရောက်ခဲ့ပြီး၊ ၎င်းလအတွင်း ပဲ နီပြားေ ဈးနှုန်းမှာ ၃၄၅၀၀ ကျပ်အထိ ရရှိခဲ့တဲ့အတွက် အခြားလက်လီပဲများထက်လည်း ဈေးပိုရလာခဲ့ တယ်လို့ သိရပါတယ်။ မတ်လမှာတော့ ပဲအဝင်များလာတဲ့အတွက် ပဲဈေးမှာ ဈေး ပြန်လျော့သွားပြီး ကျပ်သုံးသောင်းအောက်သာ  ရရှိခဲ့ ကာ ယခုရက်ပိုင်းမှာလည်း ဈေးအလျော့နဲ့ ဆက်လက်အဝယ်ရှိလို့ တစ်တင်း ၂၁၀၀၀ ကျပ်ရရှိခဲ့ပြီး လှောင် လက်များ ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ လက်လီသမားလည်း အဝယ်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပါတယ်။

 

Tuesday, 5 Apr 2016

          မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ မတ် ၁၉ ရက်မှ ၂၅ ရက် အထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၈၂၉ သန်းဖိုးရှိ  ဆန်တန်ချိန် ၁၀၄၆၉ တန်ခန့်တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၇၆၆၀ တန်ခန့်၊ ဧည့်မထဆန် တန် ၈၀၀၊ ၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် တန် ၂၀၀၀ တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်  တင်ပို့မှုထက် ၄၁၈၆ တန် ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၁၁ သန်းဖိုးရှိ ဆန်ကွဲ ၁၂၆၅ တန်တင်ပို့ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် ၄၀၇ တန် လျော့နည်းခဲ့ပါတယ်။

Friday, 1 Apr 2016

ပဲခူးတိုင်းဒေသကြီး၊   ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ဆောင်းပဲများ လှိုင်လှိုင်ဝင်ရောက်ရှိရာ၊ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီး၊ ကုလားပဲသီးနှံများ ဝင်ရောက်မှုများပြီး ပဲတီစိမ်းသီးနှံမှာ ပဲ အဝင်နည်းသွားပြီလို့ သိရပါတယ်။ ပြည်အနီး တစ်ဝိုက် နယ်စုံ မှ ဝင်ရောက်ခဲ့ကာ  အရောင်းအဝယ်ဖြစ်မှုကတော့ မတ်ပဲနှင့် ပဲစင်းငုံသီးနှံကို ရန်ကုန်ဝယ်လက်မှဝယ်ယူနေသလို ကုလားပဲ နှင့် ပဲကြီးသီးနှံများကတော့ ဒေသတွင်း ဝယ်လက်များ အဓိက ထား အရောင်းအဝယ်ဖြစ်ခဲ့ကြပါ တယ်။  ပဲတီစိမ်းသီးနှံမှာ မန္တလေးဝယ်လက်က ဝယ်ယူပြီး လက်ကျန်ပဲအနည်းငယ်သာ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် အိတ် ၁၀၀ ကျော်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မတ်ပဲသီးနှံမှာ

Friday, 1 Apr 2016

 ရန်ကုန်မြို့  ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့  မတ် ၂၅ ရက် လက်ကားဆန်ဈေးနှုန်းများမှာ  ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ၃၃၅၀၀ ကျပ်၊ လတ်စတစ်အိတ် ၃၁၅၀၀ ကျပ်ဖြစ်လို့ ယခင်သီတင်းပတ်ထက် ထိပ်စ၊ လတ်စ တစ်အိတ် ၁၀၀၀ ကျပ်ခန့်စီ ဈေးမြင့်လာပါတယ်။ မြောင်းမြ၊ ပုသိမ်ပေါ် ဆန်းဆန်ထိပ်စ တစ်အိတ် ၃၅၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၃၀၀၀ ကျပ်ဖြစ်လို့  ယခင်တစ်ပတ်ထက် ထိပ်စ ၊ လတ်စ တစ်အိတ်ကို ၅၀၀ ကျပ်ခန့်စီ မြင့် တက်လာပါတယ်။ နယ်စုံ ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ၃၂၅၀၀ ကျပ်၊ လတ်စတစ် အိတ် ၃၁၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်နဲ့ ဈေးနှုန်းနှိုင်းယှဉ် ကြည့်ပါက  ထိပ်စ၊ လတ်စ တစ်အိတ်ကို ၁၀၀၀ ကျပ်ခန့်စီ ဈေးမြင့် လာကြောင်း တွေ့ရပါတယ်။ရွှေဘိုပေါ်ဆန်းဆန

Thursday, 31 Mar 2016

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မတ် ၁၂ ရက်မှ ၁၈ ရက်တာ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၆၃၁၆၀ တန်ဖိုးရှိ ကြက် သွန်နီ ၁၀၃၂ တန်၊မြန်မာ-ထိုင်းနယ်စပ် ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅၉၃၆၀ တန်ဖိုးရှိ ကြက်သွန်နီ ၁၅၃ တန်ခွဲ တင်ပိုခဲ့ပါတယ်။ ယခင်သီတင်း ပတ်က မူဆယ်မှ တန် ၇၀၀၊ မြဝတီမှ၁၄၂ တန်ခွဲနဲ့ တာချီလိတ်မှ တန် ၁၀၀ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ကြက်သွန် နီ ၂၄၃ တန်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါ တယ်။စလင်းမြို့နယ်အတွင်းရှိ ကြက် သွန်နီစိုက်တောင်သူတွေရဲ့  စိုက်ခင်း များတွင် ကြက်သွန်နီ  အထွက်နှုန်း ကောင်းသော်လည်း ယခုကြက်သွန်များ တူးဖော်ရောင်းချချိန်တွင်ဈေးနှုန်းကျ ဆင်းနေသဖြင့်   တောင်

Thursday, 18 Feb 2016

            ယင်းမာပင်ခရိုင်အတွင်းတွင် ဒေသတွင်းပျားမွေးမြူသူနဲ့ ကသာ-အင်းတော်ဒေသမှ ပျားမွေးမြူသူများ၊ ရှမ်း ပြည်နယ်မှ ပျားမွေးမြူသူများဟာ ပျားစားကျက်များကို အလှည့်ကျပြောင်းရွှေ့မွေးမြူကြပါတယ်။ ဆီးပန်းပွင့်ချိန်မှာ ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့ရှိ ဆီးခြံများမှ ဆီးခြံပိုင်ရှင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနဲ့ ညှိနှိုင်းကာ ပျား သေတ္တာများချပြီး  မွေးမြူလျက်ရှိပါတယ်။

Pages