Main menu

Background

Monday, 7 Jul 2014

 
ဈေးကွက်ဝင်သစ်သီးဝလံ စိုက်ပျိုး ခြင်းဖြင့် တောင်သူတွေရဲ့ ဘဝမြင့်မား လာစေတာကို လက်တွေ့ခံစားနေရတဲ့ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ သစ် သီးဝလံတောင်သူတွေဟာ နထစသမအ ဈေး ကွက်ဝင်သခွားမွှေး၊ ဖရဲနဲ့သရက်သီး တို့ သာမက ပြည်တွင်းဈေးကွက်ခိုင်မာ တဲ့ငှက်ပျောကိုလည်းတစ်နိုင်တစ်ပိုင်တိုးချဲ့ စိုက်ပျိုးလာကြတာတွေ့ရပါတယ်။ မုံရွာ ခရိုင် ၄ မြို့နယ်မှာ ဧက ၃၂၇၄ နဲ့ ယင်းမာပင်ခရိုင် ၄ မြို့နယ်မှာ ၂၇၆၄ ဧကထိ စိုက်ပျိုးလျက်ရှိတယ်လို့ သိရပါ တယ်။အထူးသဖြင့် မုံရွာခရိုင် ဘုတလင် မြို့နယ်မှာ ဧက ၂၄၉၀ နဲ့ ယင်းမာပင် ခရိုင်၊ကနီမြို့နယ်မှာ  ၂၂၉၃ ဧကထိ စိုက်ပျိုးခဲ့ကြတာတွေ့ရပါတယ်။

Monday, 7 Jul 2014

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာနနှင့် UNESCAP တို့ ပူးပေါင်း၍ ရန်ကုန်မြို့၊ ကုန်သွယ်မှု သင်တန်းကျောင်း၌ ''Electronic Trac-eability for Agricultural Trade Facilitation and Smallholder Integration ''သင်တန်းကို ၂၀၁၄ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ပါတယ်။
 
သင်တန်း ဖွင့်လှစ်ရခြင်းရဲ့ ရည် ရွယ်ချက်မှာ စိုက်ပျိုးရေးနဲ့ စားသောက် ကုန်ပစ္စည်းများရဲ့ ကုန်သွယ်မှု လျှင်မြန် ချောမွေ့စေရေးနှင့်အစားအစာဘေးကင်း လုံခြုံရေးအား အထောက်အကူပြုနိုင် ရန်၊ နောက်ကြောင်းပြန်ခြေရာခံခြင်း စနစ်ကိုသိရှိနိုင်စေရန်နဲ့ နိုင်ငံတကာ ဈေးကွက်ကိုမြန်မာ့လယ်ယာထွက်ကုန် ပို့ကုန်ပစ္စည်းများရဲ့ ကုန်သွယ်မှု အဆင် ပြေေ ချာေ မွ့စေ ရန်ရည်ရွယ်ပါတယ်။အဆိုပါသင်တန်းကိုစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊

Monday, 7 Jul 2014

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ် ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနရဲ့ (၁၇)ကြိမ်မြော က် ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲကို ဇူလိုင် ၅ ရက်နေ့က ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ပစ္ဆိမာရုံ ပါဠိ တက္ကသိုလ် စာသင်တိုက်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

Friday, 27 Jun 2014

မုံရွာမြို့၊ မြို့တော်ခန်းမမှာ ဇွန်လ ၁၉ရက်နေ့ကအလုပ်သမားအဖွဲ့အစည်း ဥပဒေအကြောင်းသိကောင်းစရာ ဆွေး နွေးပွဲကို ကျင်းပပြုလုပ် ရာ ဌာနဆိုင်ရာ များ၊အလုပ်ရှင်များ၊ အလုပ်သမားကိုယ် စားလှယ်များစုစုပေါင်း ၆၀ ဦးခန့် တက် ရောက်ခဲ့ကြပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)နဲ့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနတို့ ကြီးမှူးကျင်းပကာ(ILO) ရဲ့ ရည်ရွယ်ချက် နဲ့ လုပ်ငန်းဆောင်ရွက်မှုများ အလုပ် သမားဥပဒေဆိုင်ရာများကို ရှင်းလင်း ပြောကြားပါတယ်။

Tuesday, 17 Jun 2014

ပြီးခဲ့သည်လကတည်းက ကျ ဆင်းခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခု တစ်ပတ်တွင် ပြန်လည်မြင့်တက်လာ ခဲ့ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံ စမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်သတ္တ ပတ်အတွင်းက ကျပ် ၆၄၆၈၀၀ဖြင့် ဈေးပိတ်ခဲ့သည့်မြန်မာ့ရွှေဈေးသည် ယခု တစ်ပတ်ဈေးပြန် အဖွင့်တွင် တက် ဈေးဖြင့် ပြန်ဖွင့်ခဲ့ပြီး ကျပ် ၆၅၀၅၀၀ ရှိခဲ့သည်။

Monday, 16 Jun 2014

အာရှကုန်သွယ်မှုမြှင့်တင်ရေးဖိုရမ်(Asia Trade Promotion Forum-ATPF)အဖွဲ့ကိုလည်းဝင်ရောက်ထားပြီး ဖြစ်ကြောင်း၊ ကုန်သွယ်မှုဖွံ့ဖြိုးရေး အတွက် အခွင့်အလမ်း တစ်ခု ဖြစ်တဲ့EU နိုင်ငံများရဲ့GSP အခွင့်အရေးများ ရရှိ ထားပြီဖြ စ်ကြော င်း၊ နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာနနဲ့ ပူးပေါင်းပြီး အမျိုးသားပို့ကုန်မဟာဗျူဟာရေးဆွဲ ကာ ဆန်စပါး၊ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ၊ သစ်တောထွက်ကုန်၊ ရေထွက်ကုန်၊ အသင့်ချုပ်ပြီးအထည်၊ ရော်ဘာထွက် ကုန်နဲ့ ခရီးသွားလုပ်ငန်းတို့ကို ဦးစား ပေးမြှင့် တင်ရမဲ့ကဏ္ဍများအဖြစ်ရွေးချယ် ထားကြောင်း၊ ကုန်သွယ်မှုမြှင့်တင်ရေး ဗဟိုဌာနများကို မြို့နယ်အဆင့်များထိ ဆက်လက် တိုးချဲ့ဖွဲ့စည်းသွားမှာ ဖြစ် သလို ပြည်ပမှာရှိတဲ့ စီးပွားရေးသံမှူး များနဲ့ ချိတ်ဆက်ပြီး ကုန်သွယ်မှုမြှင့်တင် ရေး ကွန်ယက်ကြီး တည်ဆောက်ကာ ကုန်သွယ်မှုကို အိမ်နီးချင်းနိုင်ငံများ နည်းတူ တိုးတက်လာအောင် တစ်ရှိန် ထိုး မြှင့်တင် သွားမှာဖြစ်ေ ကြာင်း ပြော ကြားခဲ့ပါတယ်။

Monday, 16 Jun 2014

 
စိုက်ပျိုးရေး ရာသီချိန် ရောက် ပြီဖြစ်၍ ဓာတ်မြေသြဇာ ရောင်း ဝယ်မှုများသွက်လက်လာပြီဖြစ်ပါတယ်။ ရိဒ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ အိန္ဒိယနိုင်ငံထွက် ယူရီးယား ဓာတ်မြေ သြဇာနဲ့ ပိုတက်ဓာတ်မြေသြဇာများ စတင်တင်သွင်းလျက်ရှိပါတယ်။

Monday, 16 Jun 2014

 
မြန်မာနိုင်ငံဒေသ အသီးသီးမှ ထွက်ရှိသည့် ကွမ်းသီးများကိုပြည်တွင်း သုံးစွဲသည့်အပြင် ကလေးမြို့ကို အခြေ ပြုပြီး တမူးနဲ့ ရိဒ် တို့မှတစ်ဆင့် နယ်စပ် ကုန်သွယ်ရေးနည်းလမ်းဖြင့်အိန္ဒိယနိုင်ငံ သို့တင်ပို့လျက်ရှိပါတယ်။ ကွမ်းသီးတင်ပို့ရန်အတွက် ပို့ကုန် လိုင်စင်လျှောက်ထားရန် မလိုသည့်အပြင် ကုမ္ပဏီနဲ့ITC လုပ်ငန်းရှင်များကိုပါ ဆောင်ရွက်ခွင့်ပြုထားပါတယ်။

Friday, 13 Jun 2014

 
မန္တလေးတိုင်းဒေသကြီးနဲ့စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ ဟန်မြင့်မိုရ်၊ ကူမဲ၊ အုန်းချော၊ အမရပူရ၊ သပြေရိုး၊ ပလိပ်မြို့တွေက ထွက်ရှိတဲ့ ရွှေဟင်္သာသရက်သီး၊ စိန်တစ် လုံးသရက်သီးနဲ့သရက်အကြမ်းသီးတွေ ကို ရှမ်းပြည်နယ်ေြ မာက်ပိုင်း မူဆယ် ၁၀၅ မိုင်သစ်သီးဝလံကုန်စည်ဒိုင်မှ တစ်ဆင့် တရုတ် ပြည်သို့ တင်ပို့ရောင်း ချကြောင်းသိရှိရပါတယ်။

Friday, 13 Jun 2014

 
၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့မှ စ၍ ထိုင်းနိုင်ငံ တစ်ဝန်းလုံးစစ်အုပ်ချုပ် ရေးအမိန့်ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပိုင်းတွင် တစ်ဘက်နိုင်ငံ ရနောင်းနယ်စပ် တွင်လည်းMarshal Law ထုတ်ပြန်ချက်အရ ည၁၀း၀၀နာရီမှနံနက်ဝရး၀၀ ချိန်ထိရေယာဉ် ဝင်/ထွက်မှုများညပိုင်း လုပ်ငန်းလုပ်ကိုင်မှုနဲ့ လူသွား/ လာမှု များခေတ္တရပ်ဆိုင်းထားကြောင်း၊ဒါပေမယ့် ကျန်အချိန်များမှာ ပို့ကုန်၊ သွင်းကုန်လုပ် ငန်းများနဲ့ အခြားလုပ်ငန်းလုပ်ကိုင်ခွင့် များ ပိတ်ပင်ရပ်ဆိုင်းထားခြင်းမရှိဘဲ ပုံမှန်အတိုင်းလုပ်ကိုင်ဆောင်ရွက်လျှက်ရှိ ရာ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ မေလတွင် သွင်းကုန် ကန်ဒေါ်လာ ၃ ဒသမ ၈ သန်းလျာ ထားတဲ့အနက် အမှန် တင် သွင်းဆောင်ရွက်နိုင်မှုမှာ ကန်ဒေါ်လာ ၃ ဒသမ ၅၉၃ သန်း ဆောင်ရွက်နိုင် ခဲ့သဖြင့်လျာထားချက် များအနက် ၉၄ ဒသမ ၅၅ ရာခိုင်နှုန်း ဆောင်ရွက် နိုင်ကြောင်းသိရပါတယ်။

Pages