Main menu

Background

Friday, 18 Jul 2014

ဇွန်လတုန်းက မိုးကသိပ်ပြီး မကောင်းခဲ့ပါဘူး။ ဒီနှစ်က မိုးနည်းတယ်လို့ ဆိုရ မှာပါ။ဇွန်လမှာတုန်းက မိုးကတဖြိုက်နှ စ်ဖြိုက်ကျပြီးပြန်ရပ်သွားပါတယ်။အခုဇူလိုင်လရောက်မှသာမိုးကပြန်ပြီးရွာလာတာကြောင့်သီးနှံတွေလည်းအခုမှ ခေါင်း ထောင် လာနို  င်တော့ပါတယ်။ အောင်ပန်းဈေးကွက်မှာလည်း ဒီတစ်ပတ်မိုးကြောင့် ချင်းဥမ အဝင်များလာပါတယ်။ တစ်ရက်ကို ခန့်မှန်းခြေ ပိဿာချိန် တစ်သောင်းခန့် အဝင်ရှိနေပါတယ်။ အဝင်များပေမဲ့ အဝယ်ကတော့ အေးသွားတယ်လို့ သိရပါ တယ်။ ပြည်ပတင်ပို့မှုအတွက်လည်း သယ်ယူရတာအနည်းငယ် အခက်အခဲရှိလာ တာကြောင့် အဝယ်ခဏ ရပ်သွား ပါတယ်။ ပြည်တွင်းဈေးပတ်သမားတွေလောက် သာ အဝယ်ရှိတော့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းဈေးကလည်း တစ်ပိဿာ ၁၂၀၀ ကျပ်-၁၂၅၀ ကျပ်ရှိပြီး ချင်း ခြောက်ကတော့ ၂၃၀၀ ကျပ်ဈေးရှိနေပါတယ်။ ဟိုပုံးမှာလည်း မိုး ရလာပြီ ဖြစ်တာကြောင့် ချင်းဥမတွေ ဖော်လို့ရနေပြီ၊ ဈေးကွက်ကိုလည်း ပုံမှန်ဝင်လာနေ ပါတယ်။ အရောင်း အဝယ်က ခပ်အေးအေးသာရှိနေပါတယ်။ မိုးကလည်း ဒီတစ် ပတ်မှာဆက်တိုက်ရွာနေ တာကြောင့် ဝယ်လက်တွေ ကသိပ်မ၀ ယ်သေးဘဲ၊ လှောင် လက်တွေကသာ ဝယ်ပြီး ပုံထားနေရတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဟိုပုံးဈေးကွက်မှာ ချင်းတစ်ပိဿာ ဝယ်ဈေးက ၁၀၀၀ ကျပ်ရှိပြီး ရောင်းဈေးက ၁၀၅၀ ကျပ်၊ ၁၁၀၀ ကျပ်ရှိပါတယ်။

Friday, 18 Jul 2014

ပြည်မြို့၊ ချင်းဈေးကွက်အတွင်းသို့ တောင်ကြီး၊ အောင်ပန်းဈေးကွက်မှ ချင်း(ဥမ) များသာဝင်ရောက်ပြီး ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်နဲ့ ယခင်အပတ်က ထက် အဝင်ပိုများလာကြောင်းသိရပါတယ်။ ဈေးနှုန်းမှာငြိမ်လျက် တစ်ပိဿာကို ချင်း(ဥမ) ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အတွင်း ပုံမှန်အရောင်းအဝယ်ဖြစ်ပြီး၊ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့အပါအဝင် တစ်နေ့ ပိဿာချိန် ၄၅၀ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ ချင်းဓားလှီးသမားများမှ အဝယ်ရှိလို့ ဝါတွင်းချင်းသုတ် အလှူအတွက်မျှော်မှန်းပြီး ချင်းဥမ များ တစ်နေ့ပိဿာချိန် ၃၅၀ ခန့်နဲ့ အရောင်း သွက်လျက်ရှိပါတယ်။

Friday, 18 Jul 2014

ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၅ ရက်သီတင်းပတ်အတွင်း ပြည်ပနိုင်ငံများကို ချင်းတင်ပို့မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ ဇွန်လအတွင်း ချင်းတင်ပို့မှု မှာ တစ်ကြိမ်သာ တင်ပို့နိုင်ခဲ့ပါတယ်။ မေလအတွင်းချင်းတင်ပို့မှုမှာ တန်ချိန် တစ်ရာ့ကိုးဆယ်ကျော်  တင်ပို့နိုင်ခဲ့ပြီး ဇွန်လမှာ ၁၀ တန်သာတင်ပို့နိုင်ခဲ့တာကြောင့် ဇွန်လမှာချင်းတင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ဇွန်လအတွင်း ချင်းတင်ပို့မှု ကန်ဒေါ်လာ နှစ်သောင်းကျော် ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။

Thursday, 17 Jul 2014

 
မန္တလေးကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း)မှာ အရောင်းအဝယ်သွက်လက်တဲ့ ပဲအမျိုးအစား ထဲမှာ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲထိုင်ဝမ်တို့လည်း အပါအဝင်ဖြစ်ပါတယ်။ အဆိုပါ ကုလားပဲများကို မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ ဝမ်းတွင်း၊ မင်းဘူး၊ တောင်တွင်းကြီး၊ ရေနံချောင်း စတဲ့ဒေသများမှ ဝယ်ယူ ရရှိပါတယ်။ တစ်ပိဿာဈေး- ကျပ် သီးနှံအမည်                     ၈.၆.၂၀၁၄                      ၈.၇.၂၀၁၄ နိမ့်    မြင့်                    နိမ့်    မြင့် ကုလားပဲဖြူလုံးကြီး             ၇၅၁    ၇၆၅                ၇၄၂    ၇၅၁ ကုလားပဲထိုင်ဝမ်               ၇၂၉    ၇၂၉                ၇၁၁    ၇၂၀

Wednesday, 16 Jul 2014

 
 
မန္တလေးတိုင်း၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ၁၆ မိုင် (ကျောက်ချော) စစ်ဆေးရေးဂိတ်ကို မန္တလေးတိုင်း ဒေသကြီးနဲ့ အခြား တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ကုန်ပစ္စည်းများ နေ့စဉ်နဲ့အမျှ စီးထွက်သွားလျက်ရှိပါတယ်။ ထိုသို့စီးထွက်သွားတဲ့ ကုန်ပစ္စည်း အနက်အများဆုံးစီးထွက်သွားတဲ့ပဲမျိုးစုံ၊ နှမ်းမျိုးစုံနဲ့ပြောင်းမျိုးစုံတို့ရဲ့၂၀၁၄ ခုနှစ်ပထမနှစ်ဝက်စီးထွက်မှု အခြေ အနေမှာ - ၂၀၁၄ ခုနှစ် ပထမ ၆ လမှာအရောင်းအဝယ်ဖြစ်လို့ စီးထွက်မှုအားကောင်းတဲ့သီးနှံများမှာပဲတီစိမ်း ၊

Tuesday, 15 Jul 2014

 
တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် သည် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၅ ရက်နေ့ ၁၀း၃၀ အချိန်မှ ၁၁း၁၅ အချိန်အထိရန်ကုန်အပြည်ပြည် ဆိုင်ရာကုန်သေတ္တာဆိပ်ကမ်းတစ်ခုဖြစ် သော အလုံကမ်းနားလမ်းရှိ

Tuesday, 15 Jul 2014

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်း ကျောင်း တွင် ဖွင့်လှစ်သည့် အပြည်ပြည် ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်း သင်တန်းအမှတ်စဉ်(၅) ဖွင့်ပွဲအခမ်း အနားကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးရုံးရှိ ညီလာခံခန်းမ တွင် ဇူလိုင်လ ၇ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

Tuesday, 15 Jul 2014

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ကူးသန်းေ ရာင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန၊မြန်မာနိုင်ငံသားများ ဘဏ်လီမိ တက်နှ င့် မြန်မာ့ ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်းလီမိတက် ဝန်ထမ်းမိသားစု တို့၏အဋ္ဌမအကြိမ်မြောက် ဝါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို၂၀၁၄ ခုနှစ်ဇူလိုင်လ၁၀ရက်နေ့နံနက် ၀၉း၃၀ နာရီအချိန်ကနေပြည်တော်ရှိ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

Thursday, 10 Jul 2014

 
မဲခေါင်မြစ်ဝှမ်းဒေသဈေးကွက် မှာ ဝင်ရောက် လွှမ်းမိုးနေသော ဓာတ် မြေသြဇာအတုများအား ဖော်ထုတ်ရန် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Ho-ang Trung Hai က မြို့နယ်အဆင့် အာဏာပိုင်များအား ခေါ်ယူတွေ့ဆုံပြီး မိမိမြို့နယ်အတွင်း ဓာတ်မြေသြဇာအတု များတွေ့ရှိပါက သက်ဆိုင်ရာအာဏာပိုင်မှာ တာဝန်လုံးဝရှိကြောင်း ဓာတ် မြေသြဇာစီမံခန့်ခွဲမှုနဲ့စိုက်ပျိုးရေး မဟာ ဗျူဟာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

Monday, 7 Jul 2014

 
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ဇွန်လ ၂၁ ရက်မှ ၂၇ ရက်နေ့ထိ ကာလ အတွင်းမှာ ကန်ဒေါ် လာ၁ ဒသမ ၆၁၈သန်းဖိုးရှိပရဆေးကုန်ကြမ်း ၁၀၄၈ တန်ကျော် တင်ပို့ခဲ့ပါတယ်။

Pages