Background
အစ္စလာမ်မစ် စီးပွားရေးပွဲတော်နှင့် အစားအသောက်ပြပွဲ ၂ဝ၁၁ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ Jakarta Convention Centre (JCC) မှာ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် "Islamic Halal Business Festival & Food Expo (IHBF)2011" ပြပွဲကို မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသဖို့ ဖိတ်ကြားလာပါတယ်။ ၎င်းပြပွဲတွင် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ၊ အားကစားပွဲများ၊ အစ္စလာမ်မစ် ယဉ်ကျေးမှုပွဲတော်နဲ့ ဖက်ရှင် ပြပွဲအစီအစဉ် (၆) မျိုးပါဝင်ကာ စားသောက်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အဝတ်အထည်နဲ့ အသုံး အဆောင်ပစ္စည်းများ၊ ဘဏ်လုပ်ငန်းနဲ့ အာမခံပစ္စည်းများ ပါဝင်ပြသကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပြပွဲကို ပါဝင်ပြသလိုပါက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းခုျပ်နဲ့ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ အသေး စိတ်သိရှိလိုပါက www.indonesiahalaexpo.com website ကိုဝင်ရောက်ကြည့် ရှုနိုင်ပါတယ်။ AMM(IT)
နိုင်ငံတကာမော်တော်ယာဉ်နှင့် မော်တော်ယာဉ် ပစ္စည်းပြပွဲ ၂ဝ၁၁ကျင်းပခြင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ပေကျင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာကုန်စည် ပြပွဲကျင်းပရေး ဗဟိုဌာနတွင် ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ မှ ၁ဝ ရက်နေ့အထိနိုင်ငံတကာမော်တော်ယာဉ်နှင့်မော်တော်ယာဉ်ပစ္စည်းပြ ပွဲ-၂ဝ၁၁ (China In't Auto Parts Expo)ကိုကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ပြပွဲသို့ကုမ္ပဏီ (၂ဝ)ကျော်နှင့်အထက် တက်ရောက်မည်ဆိုပါက ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အတွက်အသွား အပြန်လေယာဉ်ခအပါအဝင်စရိတ်စက အားလုံးကိုပြပွဲကျင်းပရေးကော်မတီမှ ကျခံပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။ ပြပွဲသို့သွားရောက်ပြသမည့် မြန်မာလုပ် ငန်းရှင်များအနေဖြင့် မိမိတို့နိုင်ငံထုတ် စက်မှုထုတ်ကုန်ပစ္စည်းများ၏အရည်အသွေးနှင့်ဆန်းသစ်မှုတို့အား ပြသခွင့်ရ နိုင်ငံတကာမော်တော်ယာဉ်နှင့် မော်တော်ယာဉ် ပစ္စည်းပြပွဲ ၂ဝ၁၁ကျင်းပခြင်း မည်ဖြစ်ပါသည်။ထို့အပြင် တရုတ်နိုင်ငံ ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့်အပို ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများကိုပါသိရှိနိုင်မည်ဖြစ်ပါသည်။ယခုအခါမြန်မာ နိုင်ငံတွင်လည်း စက်မှုဇုန်များမှမော် တော်ယာဉ်များကို ထုတ်လုပ်လျက်ရှိရာ လိုအပ်သောနည်းပညာများကုန်ကြမ်း ပစ္စည်းများအပြင်တရုတ်နိုင်ငံနှင့်ပူပေါင်း ဆောင်ရွက်နိုင်မှု အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍အဆိုပါ ပြပွဲသို့သွားရောက်ပြသလိုပါကပြသမည့် ပစ္စည်းအမျိုးအမည်၊ပြသမည့်အမည်စာ ရင်းများကို ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းခုျပ်သို့ ၅-၈-၂ဝ၁၁ နေ့နောက်ဆုံးထား၍ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
မြန်မာ့ချဉ်ပေါင်ဖာလာ တိုးခဲျ့တင်ပို့ရန် ကြိုးပမ်းသင့် မြန်မာနိုင်ငံမှာ ချဉ်ပေါင်ဖာလာကို ဧရာဝတီတိုင်းဒေသကြီးမှာ အဓိကထားစိုက်ပျိုးကြပါတယ်။ ရေမြေ ရာသီဥတုရဲ့ အခြေအနေအရတခြားဒေသတွေထက် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အနံှ့အပြားတွေမှာ စိုက်ပျိုးထွက်ရှိကြကြောင်း သိရှိရပါတယ်။ ချဉ်ပေါင်ဖာလာကို မြို့နယ်အသီးသီးရှိဈေး တွေမှာ တိုင်းရင်းပရဆေးဆိုင်များမှာ အနည်းအကျဉ်း လက်လီရောင်းချမှုများရှိပြီး သီးခြားအဝယ်ဒိုင်လေးများ ဖွင့်လှစ်ကောက်ခံကာ သက်ဆိုင်ရာဈေးကွက်ဖြစ်တဲ့ ရန်ကုန် တိုင်းဒေသကြီး ဘုရင့်နောင်ဈေး၊ ညောင်ပင်လေးဈေး၊ ကုန်ဈေးတန်းတို့ကို သွားရောက်ရောင်းချလျက်ရှိကြောင်း သိရှိရ ပါတယ်။ ချဉ်ပေါင်ဖာလာအသုံးပြုပုံကတော့ ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုကြောင်း သိရှိရပါတယ်။ ချဉ်ပေါင်ဖာလာဝယ်ယူရောင်းချကြရာတွင် အခွံပါနဲ့ အခွံမပါ ဆိုပြီး ခွဲခြားကာ ဈေးနှုန်းသတ်မှတ်ရောင်းချလေ့ရှိရာ အခွံမပါ ဈေးနှုန်းမှာ ပိုမိုမြင့်မားကြောင်း လေ့လာတွေ့ရှိရပါတယ်။ မြန်မာ့ပို့ကုန်ချဉ်ပေါင်ဖာလာကို ပြည်တွင်းသာမက ပင်လယ်ရေကြောင်းမှ ပြည်ပနိုင်ငံတွေကို တင်ပို့ လျက်ရှိရာ ဘဏ္ဍာနှစ်အလိုက်တင်ပို့မှုကို လေ့လာကြည့်ရာတွင် အောက်ပါအတိုင်း တွေ့ရှိနိုင်ပါတယ်စဉ် ဘဏ္ဍာနှစ် တန်ချိန် တန်ဖိုး(ကန်ဒေါ်လာ)၁။ ၂ဝဝ၇-၂ဝဝ၈ ၂၁၅.၁၃ ၇၉၄ဝဝ၅.ဝဝ၂။ ၂ဝဝ၈-၂ဝဝ၉ ၁၄၂.၆ဝ ၅၁၆၃၂ဝ.ဝဝ၃။ ၂ဝဝ၉-၂ဝ၁ဝ ၃၂ဝ.၈၃ ၁၃၁၁၁၇၉.ဝဝ၄။ ၂ဝ၁ဝ-၂ဝ၁၁ ၂ဝ၁.၉၈ ၅၉၅၅၄၆.၉ဝ အထက်ပါဇယားအရ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်မှာ တန်ချိန် (၃၂ဝ ဒသမ ၈၃) နဲ့ အများဆုံးတင်ပို့နိုင်ခဲ့ ကြောင်းတွေ့ရှိရပြီး ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ်မှာ တန်ချိန် (၁၄၂ ဒသမ ၆ဝ)နဲ့ အနည်းဆုံးတင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိပါတယ်။ ပျမ်းမျှပုံမှန်နှစ်စဉ်တန်ချိန် (၂ဝဝ) ခန့်သာတင်ပို့နိုင်ခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ရာ ဗီယက်နမ် နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ယူအေအီးနဲ့ တရုတ်နိုင်ငံတွေကိုလည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဟာ မြန်မာ့ပို့ကုန်တွေအနက် စားသောက်ကုန်နဲ့ ပရဆေး ကုန်ကြမ်းတွေ ဒိုင်ခံဝယ်ယူတဲ့နိုင်ငံဖြစ်သလို ချဉ်ပေါင်ဖာလာ တို့လို ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းတွေကို နှစ်စဉ်ဝယ်ယူတဲ့ နိုင်ငံဖြစ်ရာ ရရှိပြီးတဲ့ဈေးကွက်မပျောက်ဖို့ ရေရှည်ထိန်းသိမ်း ပြီး အရည်အသွေးကောင်းပစ္စည်းတွေ ရွေးချယ်တင်ပို့နိုင်ဖို့ ယခုထက် ပိုမိုကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ပါတယ်။ ဝင်းးသန်းးကျော်
ဂျပန်စားသောက်ကုန် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် မြန်မာကုမ္ပဏီ (၆) ခု ရွေးချယ်ခြင်းခံရ အာဆီယံ-ဂျပန်စင်တာမှ ကြီးမှူးပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ၃ဝ ရက်နေ့ အထိ ကျင်းပပြုလုပ်မည့် ASEAN Food & Beverage ပြပွဲနဲ့ ၂ဝ၁၂ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၉ ရက်နေ့ အထိ ပြုလုပ်မဲ့ ၤSpecial Exhibition Foodex ပြပွဲတွေကို တက်ရောက်ဖို့ အတွက် မြန်မာကုမ္ပဏီ ၆ ခုကို မေလ 4၂ဝ ရက်နေ့မှာ ဂျပန်နိုင်ငံကျွမ်းကျင်သူ အဖွဲ့မှ လာရောက်ရွေးချယ်ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ် တိုကျိုမြို့မှာ ကျင်းပမဲ့ ASEAN Food & Beverage ပြပွဲအတွက် ရွေးချယ်ခြင်းခံရတဲ့ ကုမ္ပဏီ ၃ ခုမှာပျားရည်တင်ပို့တဲ့ Nay Phone Tauk Int'l Trading ရေထွက်ကုန် ပစ္စည်း ကုမ္ပဏီတွေဖြစ်တဲ့ Grand Wynn Manufacturing နဲ့ Min Zar Niတို့ဖြစ်ကြပါတယ်။ ၂ဝ၁၂ ခုနှစ် Chiba မြို့မှာ ကျင်းပမဲ့ ှSpecial Exhibition Foodex အတွက် သီဟိုဠ်စေ့ကုမ္ပဏီ Moe Hein သကြားလုံးနဲ့ ဝေဖာထုတ်လုပ် တဲ့ Tin Ye Win Manufacturing (IBC Int'l) နဲ့ လယ်ယာနဲ့ ရေထွက်ကုန် ပစ္စည်းတင်ပို့တဲ့ Asia Winner Industrial ကုမ္ပဏီ (၃) ခုရွေး ချယ်ခြင်း ခံရပါတယ်။ ဂျပန်ကျွမ်းကျင် သူအဖွဲ့က ကုန်ပစ္စည်းအရည်အသွေး၊ ထုတ်လုပ်မှုစွမ်းအား၊ ထုပ်ပိုးမှုပုံစံ၊ ပြည်တွင်းပြည်ပဈေးကွက်ရရှိမှု၊ ကုန်ပစ္စည်း ထိန်းသိမ်း သိုလှောင်မှုစတဲ့ အချက်တွေအပေါ် အခြေခံပြီး ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ ရွေးချယ်ခြင်းခံရတဲ့ ကုမ္ပဏီတွေ က ၎င်း ကုန်စည်ပြပွဲတွေကို စရိတ်ငြိမ်း သွားရောက် ပြသခွင့် ရရှိမှာဖြစ်ပါ တယ်။ အလားတူ အခြားအာဆီယံ နိုင်ငံများမှလည်း စားသောက်ကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ တစ်စုတစ် စည်းတည်း ပါဝင်ပြသကြမှာ ဖြစ်ရာ မြန်မာလုပ်ငန်းရှင်များအနေနဲ့ ဂျပန် ဈေးကွက်အပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ကုန် ပစ္စည်းတွေကိုပါ ထိတွေ့ခွင့်ရရှိမှာ ဖြစ်ပါတယ်။ MMS(IT)
ဈေးနှုန်းမြင့်တက်မှုကို လျှော့ချဖို့ အရန်သိုလှောင်မှုထဲက သကြားများလေလံတင် တရုတ်နိုင်ငံမှာ ဈေးနှုန်းမြင့်တက်မှုကို လျှော့ချဖို့နဲ့ ဈေးကွက်ရောင်းချမှု အာမခံချက်ရှိစေဖို့ အရန်သိုလှောင်မှုထဲက သကြားတန်ချိန် ၂ သိန်းကို နိုဝင်ဘာလ ၂၂ ရက်မှာ လေလံတင်သွားမယ်လို့ စီးပွားကူးသန်းဝန်ကြီး ဌာနရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ အရန်သိုလှောင်ထားတဲ့ သကြားများကို တရုတ်လူမျိုးများ အစားအသောက်ပြုပြင်ထုတ်လုပ်တဲ့ ကုမ္ပဏီများကို တစ်တန် ကန်ဒေါ်လာ ၅၉၇ အခြေခံဈေးနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ ယခုလေလံဟာ ၂ဝ၁ဝ-၂ဝ၁၁ ကြိတ်ခွဲရာသီအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်မှာ နိုင်ငံတော်အရန် သကြားထဲက တန်ချိန် ၂၁ဝဝဝဝ ရောင်းချခဲ့တယ်လို့ သိရပါတယ်။ အမြင့်ဆုံးလေလံဈေးဟာ တစ်တန်ကို ယွမ် ၆၆၈ဝ ဒသမ ၅၆ (ကန်ဒေါ်လာ ၉၉၇) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံ အတွင်း သကြားဈေးနှုန်းဟာ ၂ဝဝ၈ ခုနှစ်အောက်တိုဘာလမှာ တစ်တန်ကို ယွမ် ၂၈ဝဝ (ကန်ဒေါ်လာ ၄၁၈ )ရှိခဲ့ရာမှ ယွမ် ၆ဝဝဝ (ကန်ဒေါ်လာ ၈၉၅) ကျော် ကို မြင့်တက်ခဲ့ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းနိုင်ငံရဲ့ သကြားအများဆုံးထုတ်လုပ်တဲ့ ကွမ်ရှီးမှာ နိုဝင်ဘာလ ၈ ရက် သကြားဈေးဟာ တစ်တန်ကို ယွမ် ၇၆ဝဝ (ကန်ဒေါ်လာ ၁၁၃၄) ထိ စံချိန်တင်မြင့်တက်သွားခဲ့လို့ ၂ဝဝ၉-၂ဝ၁ဝ ကာလတူထက် ၇၄ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဗဟိုအစိုးရရဲ့ ဝက်ဘ်ဆိုဒ် သတင်း အရ အစိုးရအနေနဲ့ ဈေးနှုန်းထိန်းချုပ်မှု မူဝါဒများကို စဉ်းစားနေကြောင်း သိရပါတယ်။ ယမုံနာ၊Sources: Xinhua
မုံရွာပြောင်းဈေးကွက် ဒေသမွေးမြူရေးအစာအတွက် အရောင်းသွက်နေ မုံရွာကုန်စည်ဒိုင် နိုဝင်ဘာ ဒုတိယ ၁ဝ ရက်ပတ်ပြောင်းဈေးကွက်မှာ တန်ဆည်၊ ရေဦး၊ ကန့်ဘလူနယ်တွေက နေ့စဉ် တစ်ရက်အိတ် ၂ဝဝဝ မှ ၃ဝဝဝ ကြား ဝင်ရောက်လျက်ရှိပြီး မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြား အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။ အဓိကဝယ်လက်မှာ ဒေသတွင်း မွေးမြူရေး အစာလိုင်းသမားတွေဖြစ်ပြီး မုံရွာဈေးကွက်ကနေ မန္တလေးကို တင်ပို့မှုမရှိသလောက် နည်းခဲ့တယ်လို့ သိရပါတယ်။ မုံရွာမှာရှိတဲ့ ကြက်မွေးမြူရေးဇုန် အတွက် အစာစပ်လိုင်းသမားတွေ ပုံမှန်ဝယ်ယူမှုရှိပေမဲ့ ယခုရက်ပတ်အတွင်း တစ်တင်း ၅၁ဝဝ ကျပ်မှာ ပြောင်းဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ပြောင်းဖူးစေ့ တင်ပို့မှုအားကောင်း မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးက ထွက်ရှိတဲ့ ပြောင်းဖူးစေ့များ ကို မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ တင်ပို့လျက်ရှိရာ နိုဝင်ဘာလ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလအတွင်း ပြောင်းဖူးစေ့တန်ချိန် ၂ဝ၉၆ဝ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ ဒသမ ၂၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်ကလည်း တန်ချိန် ၂၆ဝ ကန်ဒေါ်လာ ၆၆၈၆ဝ ဖိုး နဲ့ ချင်းရွှေဟော်မှ ၁၆၄ တန်၊ ကန်ဒေါ်လာ ၄၁ဝဝဝ ကျော်ဖိုးတင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာနယ်စပ်မှ စုစုပေါင်း ပြောင်း၂၁၃၈၄ တန်၊ ကန်ဒေါ်လာ ၅ ဒသမ ၃၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ၃ ရက်မှ ၉ ရက် ထိ ကာလတုန်း ကေတော့ မူဆယ်နဲ့လွယ်ဂျယ်မှ ပြောင်းဖူးစေ့ တန်ချိန် ၁၈၁၈၂ ကျော်သာ တင်ပို့ နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၃၂ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံကဝယ်လိုအားရှိသလို မိမိပြည်တွင်း ထွက်ရှိမှုကလည်း ပိုမိုတဲ့အတွက် တင်ပို့မှုအားကောင်းနေတယ်လို့ မူဆယ်-နမ့်ခမ်း ကုန်သည်အသင်းမှ သိရပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် ပြောင်းဈေးသိသိသာသာ ပြောင်းလဲတာ မတွေ့ရပါ ဘူး။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပြောင်းမြေပြင် ပေါက်ဈေးများ ဖော်ပြပေးလိုက် ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၅ဝ၄၉၃ ၂၄၂၇ဝ၆ ၇၇၈၇ ၃ ၂၉၂ ၂၇၆ ၁၆ ၅နံှစားပြောင်း ၂၇၃၅၂၇ ၂၄၂၆၂၉ ၃ဝ၈၉၈ ၁၁ ၂၇၃ ၂၇၃ - -MIRT (DOBT)
ပြောင်းတင်ပို့မှု အခြေအနေကောင်းဆဲ နိုဝင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၅၄၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၁၃၆ သန်းဖိုးတင်ပို့ ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၃၇၈ တန်တင်ပို့ခဲ့တာကြောင့် ၁၆၉ တန်ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကို ၁၉၂ တန်နဲ့ စင်ကာပူကို ၃၅၅ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ KZW
ဂျပန်ယန်းငွေ တန်ဖိုးကျဆင်းမှုနှင့် ရောင်းလိုအားကျဆင်းမှုကြောင့် ရော်ဘာဈေးတက်၏ တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးတွင် ရော်ဘာဈေးနှုန်းက နှစ်ရက်ဆက်တိုက်ကျဆင်းနေရာမှ အောက်တိုဘာ လ ၁၅ ရက်နေ့တွင် ဂျပန်ယန်းငွေက အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာတွင် တန်ဖိုးကျဆင်းသွားတာကြောင့် ရော်ဘာဈေးနှုန်း ပြန်တက်သွားကြောင်း သတင်းရရှိပါတယ်။ တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးတွင် ဧပြီလသင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက ၂ ဒသမ ၈ ရာခိုင်နှုန်းဈေးတက်သွားပြီး တစ်တန်ကို ကန်ဒေါ်လာ ၄၃၇၅ ကိုရောက်ရှိသွားခဲ့ပါတယ်။ ရှန်ဟိုင်းကြိုပွိုင့် ရောင်းဝယ်ရေးတွင် မေလ သင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက ၃ ဒသမ ၃ ရာခိုင်နှုန်းဈေးတက်သွားပြီး တစ်တန်ကို ကန်ဒေါ်လာ ၅၂၄၁ နဲ့ ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။ ဂျပန်ယန်းငွေတန်ဖိုးကျဆင်းခြင်းက ဈေးကွက်ဝယ်လိုအားကိုတက်သွားစေခဲ့ကြောင်း DS Futures Co မှသုတေသီ Chaiwat Muenmee မှပြောကြားလိုက်ပါတယ်။ ဒါ့ပြင် ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့မှ ရောင်းလိုအား တင်းကြပ်မှု ကြောင့်လည်း ရော်ဘာဈေးနှုန်းကို တွန်းအားပေးလိုက်ပါတယ်။ ယခုနှစ်တွင် ရော်ဘာကြိုပွိုင့်ဈေးနှုန်းများ ၃ဝ ရာခိုင်နှုန်းတက်သွားရခြင်းမှာ အရှေ့တောင်အာရှနိုင်ငံများ တွင် မိုးရွာ သွန်းမှုနဲ့ ရေလွှမ်းမိုးမှုကြောင့် ရော်ဘာထုတ်လုပ်မှုထိခိုက်ခဲ့ရာ ရော်ဘာထုတ်လုပ်သူများမှ ရော်ဘာ ဝယ်လိုအားကို ပြည့်မီအောင် ရောင်းချနိုင်ခြင်း မရှိခြင်းကြောင့် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်လည်း စတုတ္တလေးလပတ်တွင် ရော်ဘာထုတ်လုပ်မှုက ၁ဝ ရာခိုင်နှုန်းကျဆင်းသွားကာ တန်ချိန် ၈၇ဝဝဝဝ သာရောက်ရှိနိုင်ပြီး တစ်နှစ်လုံးအတွက်မူ ထုတ်လုပ်မှု ၅ ရာခိုင်နှုန်းကျဆင်းကာ တန်ချိန် ၃ သန်းသာရှိနိုင်ကြောင်း ထိုင်း ရော်ဘာအသင်းရဲ့ ခန့်မှန်းချက်အရသိရှိရပါတယ်။ လာမဲ့ ၇ နှစ်အတွင်းတွင် ထိုင်းနိုင်ငံ ရဲ့နှစ်စဉ်ရော်ဘာရောင်းလိုအားက အပင်သစ်များမရင့်မချင်း တန်ချိန် ၅ဝဝဝဝ ကျော်ကျဆင်းသွားနိုင်ကြောင်း ထိုင်းနိုင်ငံရော်ဘာအသင်းဥက္ကဌ ူLuckchai Kittipol မှသုံးသပ်လိုက်ပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့က ထိုင်းရော်ဘာလက်ငင်းဈေးနှုန်းက တစ်ကီလိုဂရမ်ကို သုည ဒသမ ၈ ရာခိုင်နှုန်း ဈေးကျ သွားကာ တစ်တန်ကို ကန်ဒေါ်လာ ၄၃၇ဝ နဲ့အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ထိုင်းရော်ဘာသုတေသန တက္ကသိုလ်အရ သိရှိရပါတယ်။ ထိုင်းနိုင်ငံရဲ့ ရောင်းလိုအားက ဆက်လက်ကျဆင်းနေဦးမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဂျပန်နဲ့ တရုတ်နိုင်ငံတို့တွင် ရော်ဘာသိုလှောင်ထားမှုလက်ကျန်လျော့နည်းလာခြင်းမှာ စဉ်ဆက်မပြတ် ဝယ်ယူမှုများ ကြောင့် ဖြစ်ကြောင်း DS Futures ကြိုပွိုင့်ရောင်းဝယ်ရေးအရ သိရှိရပါတယ်။ ဂျပန်နိုင်ငံရဲ့ ကုန်သိုလှောင် ထားမှုက နိုဝင်ဘာလ ၁ဝ ရက်နေ့က တန်ချိန် ၇၅၅၂ သာရှိတော့ကြောင်း ဂျပန်ရော်ဘာသတင်းအချက်အလက်များအရ သိရှိရပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန်သိုလှောင်ရုံများတွင်လည်း ရော်ဘာသိုလှောင်ထားမှုက လျော့နည်းသွားခဲ့ကြောင်း သုတေသနပြူမှုများ အရ သိရှိရပါတယ်။ Source:bloomberg.com, အေးမွန်မွန်လှိုင်
အပိုလိုမှ တာယာ ဈေးမြှင့်မည် အပိုလိုတာယာထုတ်လုပ်ရေးဟာ ရော်ဘာဈေးနှုန်းတွေမှတ်တမ်းတင်လောက်အောင် မြင့်တက်နေတာကြောင့် ၎င်းရဲ့ တာယာဈေးနှုန်းများကို ၁၅ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်တော့မှာဖြစ်ကြောင်း ထိပ်တန်းအရာရှိများက ပြောကြားပါတယ်။ ဈေးနှုန်းတက်တာဟာ စိန်ခေါ်မှုအဖြစ်ရင်ဆိုင်နေရပြီးကုန်ကြမ်းပစ္စည်း တွေအတွက် ဖိအားပေးခံနေရ ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ အိန္ဒိယတာယာထုတ်လုပ်ရေးတွေဟာ ရော်ဘာဈေးနှုန်းမြင့်တက်မှုရဲ့ ဖိအားကို ရင်ဆိုင်နေရပြီး အချိန်အခါမဟုတ်ရွာတဲ့မိုးက ကမ္ဘာ့စတုထ္ထအကြီးဆုံး ထုတ်လုပ်သူကို ရောင်းလိုအား အခက်ကြုံစေခဲ့ပါတယ်။ ဒါ့ကြောင့် အိန္ဒိယရဲ့ နံပါတ် (၂ )တာယာထုတ်လုပ်ရေး အပိုလိုက ဈေးတက်ဖို့ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ပါတယ်။တာယာတစ်ခုမှာ ရော်ဘာရဲ့ ကုန်ကျစရိတ်က ၄ဝ ရာခိုင်နှုန်း ရှိပြီး ကုမ္ပဏီအနေနဲ့ အမြင့်ဈေးနဲ့ပဲ သွင်းကုန်တင်သွင်းရမှာဖြစ်ပြီး ပြည်တွင်း ရောင်းလိုအားကတော့ ဝယ်လိုအားကို မလိုက်နိုင်ကြောင်းသိရပါတယ်။ အပိုလိုဟာ ယခုနှစ်ဇူလိုင်ကနေ စက်တင်ဘာအထိ သွင်းကုန်တန်ချိန် ၁၅ဝဝဝ တန်တင်သွင်းပြီးဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယရဲ့ကားထုတ်လုပ်မှှုဟာ အလယ်အလတ်မှာရှိပြီး နှစ်စဉ်ကားရောင်းရနှုန်းတွေမြင့်တက်ခဲ့ကာ အောက်တိုဘာမှာ ၃၈ ရာခိုင်နှုန်းမြင့်တက်ပြီး မှတ်တမ်းတင်နိုင်တဲ့အဆင့်ကို ရောက်ရှိ ခဲ့ပါတယ်။ ထို့အတူအခြားတာယာထုတ်လုပ်ရေးတွေဖြစ်တဲ့ MRF၊ JK စိဒ်နဲ့ ဖလ်ကွန်တာယာထုတ်လုပ်ရေး တို့ ကလည်း မကြာမီဈေးနှုန်းတွေထပ်မံမြှင့်တင်တော့မယ်လို့ သိရပါတယ်။ တာယာထုတ်လုပ်ရေးတွေဟာ ယခုနှစ်မှာ ဈေးတင် ခဲ့တာ ၃ ကြိမ်ရှိခဲ့ပြီဖြစ်ပါတယ်။ JK နဲ့ စိဒ်တာယာတို့ရဲ့ ဇူလိုင်ကနေစက်တင်ဘာအမြတ်ဟာ ကားဈေးကွက် အရောင်းသွက် နေပေမဲ့ ကျဆင်းခဲ့ကြောင်းသိရပါတယ်။ ဥရောပမှာရှိတဲ့ အပိုလိုလုပ်ငန်းတွေကတော့ အိန္ဒိယထက်ပိုမိုကောင်းမွန် ကြောင်းနဲ့ ဥရောပရဲ့ ထုတ်လုပ်မှုစွမ်းအားကို ၂ဝ ရာခိုင်နှုန်းတိုးမြှင့်ဖို့ စီမံကိန်း ရေးဆွဲထားကြောင်း သတင်းရရှိပါတယ်။ Source: mint,KZW