Main menu

Background

Latest News

(၁၉-၁၁-၂၀၂၁) မှ (၂၅-၁၁-၂၀၂၁) အထိရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Fri, 11/26/2021 - 10:22 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၈၆၄ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၉၆ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်း ရွှေဈေးသည်လည်း နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၈၀၀၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ၁၇၇၇၀၀၀ ကျပ်သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက် အတွင်းမ

(၁၉-၁၁-၂၀၂၁)မှ (၂၅-၁၁-၂၀၂၁)အထိ သကြားပြည်တွင်း စျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 11/26/2021 - 10:19 -- journal_editor

        ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများအနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ်ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြားစျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။

(၁၉-၁၁-၂၀၂၁) မှ (၂၅-၁၁-၂၀၂၁) ထိ ဆန်ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ လေ့လာ သုံးသပ်တင်ပြခြင်း

Fri, 11/26/2021 - 10:17 -- journal_editor

        ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ တွင် International Rice Market Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်းများမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၈ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၅ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါသည်။ ထိုင်းဆန် စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၈ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၇ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၆

(၁၉-၁၁-၂၀၂၁) မှ (၂၅-၁၁-၂၀၂၁ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 11/26/2021 - 10:00 -- journal_editor

          ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထား ရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၁) နိုင်ငံအနက် တူရကီ နိုင်ငံသည် ယခင်အပတ် စျေးနှုန်းထက် (၆.၄၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး Belize နိုင်ငံတွင် (၂.၈၀ %)၊ Kyrgyzstan နိုင်ငံတွင် (၁.၆၀ %)နှင့် ဆွစ်ဇာလန် နိုင်ငံတွင် (၁.၂၀ %) ဖြင့် ဈေးနှုန်း များ မြင့်တက်ခဲ့ပြီး စျေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၂၂) နိုင်ငံရှိကြောင်း တွေ့ရှိရ ပါသည်။

ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်းပေါ်ရှိ “ပတတံတားအား”ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များမှ တက်ရောက် ဖွင့်လှစ်

Thu, 11/25/2021 - 11:48 -- journal_editor

         (၂၄.၁၁.၂၀၂၁) ရက်နေ့ နံနက် (၉)နာရီအချိန် တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁၄)မှ တာဝန်ယူ တည်ဆောက်ခဲ့သော ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်လမ်းပေါ်ရှိ “ပတတံတားအား ” ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ KNU/KNLA(PC) ဥက္ကဌ ဦးစောထော့လေးနှင့် ဒုက္ကဌ ဒေါက်တာနော်ကပေါ်ထူး၊ နယ်ခြားစောင့်တပ်များ၊ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့      အမှတ် (၂) တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စောကြာအင်း၊ KNU (

ကုန်သွယ်မှုမြှင့်တင်ရေးနှင့် မြန်မာ့ထုတ်ကုန်များတိုးချဲ့တင်ပို့နိုင်ရေး ပြည်ပ (၁၃) နိုင်ငံတွင် တာဝန်ထမ်းဆောင်နေကြသော မြန်မာစီးပွားရေးသံမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲ (ဒုတိယနေ့)သို့ စီးပွားကူးသန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

Thu, 11/25/2021 - 10:32 -- journal_editor

  နေပြည်တော် ၊ နိုဝင်ဘာ ၂၄  ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် (၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ကုန်သွယ်မှုမြှင့်တင်ရေး နှင့် မြန်မာ့ထုတ်ကုန်များတိုးချဲ့တင်ပို့နိုင်ရေးအတွက် ပြည်ပ (၁၃) နိုင်ငံ၌ တာဝန်ထမ်းဆောင်နေကြသော မြန်မာစီးပွားရေးသံမှူးများနှင့် ကမ္ဘာကုန်သွယ်ရေးအဖွဲ့ဆိုင်ရာသံမှူးတို့အား တွေ့ဆုံဆွေးနွေးပွဲ (ဒုတိယနေ့)သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ (၂/၂၀၂၁) ကြိမ်မြောက် ဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Thu, 11/25/2021 - 10:09 -- journal_editor

         ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအတွင်းရှိ ဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုသိရှိပြီး လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေး၊ ဒေသတွင်းစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာကိစ္စရပ်များနှင့်  ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတို့ကို ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်း

မြန်မာစီးပွားရေးသံမှူးများ၏ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးဆောင်ရွက်နိုင်မှုနှင့် မြန်မာ့ထုတ်ကုန်များတိုးချဲ့တင်ပို့နိုင်ရေးဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတက်ရောက်အမှာစကားပြောကြား

Wed, 11/24/2021 - 10:56 -- journal_editor

နေပြည်တော်၊နိုဝင်ဘာ ၂၃      ကုန်သွယ်မှုမြှင့်တင်ရေးနှင့် မြန်မာ့ထုတ်ကုန်များ တိုးချဲ့တင်ပို့နိုင် ရေးအတွက် ပြည်ပနိုင်ငံ (၁၃) နိုင်ငံတွင် တာဝန်ထမ်းဆောင်နေကြသော မြန်မာစီးပွားရေး သံမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲ (ပထမနေ့) ကို ၂၀၂၁ခုနှစ်၊နိုဝင်ဘာလ ၂၃ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းတက်ရောက်အမှာစကားပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းရော်ဘာတန်ချိန် ရှစ်ထောင့်သုံးရာကျော်တင်ပို့

Mon, 11/22/2021 - 10:57 -- journal_editor

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ၁ရက်မှ ၁၅ရက်အထိကာလအတွင်းပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၆၂၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၇၄၀ ခန့်နှင့် အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀၀၀ခန့် စုစုပေါင်းတန်ချိန် ၈၃၆၀ ခန့်တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂ ဒသမ ၀၄၈ သန်းရှိကြောင်းသိရသည်။

(၁၂-၁၁-၂၀၂၁) မှ (၁၈-၁၁-၂၀၂၁) အထိရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Fri, 11/19/2021 - 15:30 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၈၆၄ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၅၅ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်း ရွှေဈေးသည်လည်း နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၈၀၅၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ၁၈၀၀၀၀၀ ကျပ်သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက် အတွင်းမ

Pages

Subscribe to RSS - Latest News