Main menu

Background

Latest News

ဓါတ်မြေသြဇာတင်သွင်းမှုဆက်လက်ကျဆင်း

Tue, 11/16/2021 - 13:27 -- journal_editor

နိုဝင်ဘာ၁ရက်မှ ၁၅ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၉ ဒသမ ၅၄၀ သန်းတန်ဖိုးရှိဓါတ်မြေသြဇာ၂၄,၇၉၂,၈၆၇တန်အားတင်သွင်းခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၂၂,၀၅၅,၁၁၇တန်၊ တောင်ကိုရီးယားနိုင်ငံမှ ၈၀၁,၉၉၀ တန်၊ မလေးရှားနိုင်ငံမှ ၆၅၅,၇၆၀ တန်၊ ရုရှားနိုင်ငံမှ ၂၈၀,၀၀၀တန်၊ အာရပ်စော်ဘွား များပြည်ထောင်စုနိုင်ငံမှ ၁,၀၀၀,၀၀၀ အသီးသီး တင်သွင်းခဲ့ကြောင်း သိရသည်။ ယခုလအတွင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံမှဓါတ်မြေသြဇာအများဆုံးတင်သွင်းကြောင်းသိရသည်။ အနီးစပ်ဆုံးယခင်ကာလတူနှင့် နှိုင်းယှဉ်ပါကတန်ဖိုးအမေရိကန်ဒေါ်လာ၂၂ ဒသမ ၅၁၂ သန်းနှင့် ၄၄,၈၀၈,၆၇၆ တန် လျော့နည်း တင်သွင်းခဲ့ကြောင်းသိရှိရသ

(၅-၁၁-၂၀၂၁) မှ (၁၁-၁၁-၂၀၂၁) အထိရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Mon, 11/15/2021 - 10:12 -- journal_editor

         ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၈၁ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၂၇ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်းရွှေဈေးသည်လည်း နိုဝင်ဘာလ ၃ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၇၉၀၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ၁၇၈၀၀၀၀ ကျပ်သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက် အတ

(၅-၁၁-၂၀၂၁) မှ (၁၁-၁၁-၂၀၂၁ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 11/15/2021 - 09:51 -- journal_editor

            ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၀) နိုင်ငံအနက် တူရကီနိုင်ငံသည် ယခင်အပတ်စျေးနှုန်းထက် (၆.၁၀ %) ဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဘူတန်နှင့်ပါကစ္စတန်နိုင်ငံတို့တွင် (၅.၈၀ %)၊ Aruba နိုင်ငံတို့တွင် (၅.၂၀ %) ဖြင့် ဈေးနှုန်းများမြင့်တက် ခဲ့ပြီး စျေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၄၂) နိုင်ငံရှိကြောင်း တွေ့ရှိရပါသည်။

(၅-၁၁-၂၀၂၁)မှ (၁၁-၁၁-၂၀၂၁)အထိ သကြားပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 11/15/2021 - 09:40 -- journal_editor

          ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများအနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ်ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြား စျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။ အဆိုပါ website တွင် ဖော်ပြချက်များအရ သကြားဖြူ (White Sugar) တစ်တန်လျှင် (၂၁-၉-၂၀၂၁) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၅၀၃.၂၀) ဒေါ်လာပေါက်စျေးရှိခဲ့ရာမှ အတက်အကျ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး (၉-၁၁-၂၀၂၁) ရက်နေ့တွင် သကြားဖြူ (White Sugar) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၅၁၃.၂၀) ဒေါ်လာဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည

(၅-၁၁-၂၀၂၁) မှ (၁၁-၁၁-၂၀၂၁) ထိ ဆန်ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Mon, 11/15/2021 - 09:35 -- journal_editor

        ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ 8 ရက်နေ့တွင် International Rice Market Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်းများမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၈ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကိုသိရှိရပါသည်။ ထိုင်း ဆန်စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၁၁ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၆ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၁ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၉ ဖ

ကိုဗစ် -၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

Fri, 11/12/2021 - 13:21 -- journal_editor

           နေပြည်တော်၊ နိုဝင်ဘာလ ၁၁ ရက် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ Video Conferencing ဖြင့် ကျင်းပခဲ့ပါသည်။

အောက်တိုဘာလအတွင်း နို့မှုန့် တင်သွင်းမှုပိုများလာ

Mon, 11/08/2021 - 13:22 -- journal_editor

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၉၉ သန်းတန်ဖိုးရှိ နို့မှုန့် ၉၅၉၇၅၀ တန်အား တင်သွင်းခဲ့သည်။ ယခုလအတွင်း နယူး ဇီလန်နိုင်ငံမှ တန်ချိန် ၇၄၂၆၀၀၊ ပိုလန်နိုင်ငံမှ ၂၃၀၀၀တန်၊ လစ်သူရေးနီးယားနိုင်ငံမှ တန်ချိန် ၂၄၁၅၀၊ ၊ ယူကရိန်းနိုင်ငံမှ ၁၅၀၀၀၀၊ ဉရုဂွေးနိုင်ငံမှ တန်ချိန်၂၀၀၀၀ အသီးသီး တင်သွင်းခဲ့ကြောင်းသိရသည်။ ယခင်စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၂ သန်းနှင့်  ၄၇၅၁၂၅ တန် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ အတွင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ နို့မှုန့် တင်သွင်းမှု မရှိကြောင်းသိရသည်။

 

အောက်တိုဘာလတွင် နို့ဆီ အဝင်ပိုမို

Mon, 11/08/2021 - 13:21 -- journal_editor

အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၁၅ တန်ဖိုးရှိ နို့ဆီ ၁၄၉၁၈၀၉ တန်အား ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှ တင်သွင်းခဲ့သည်။ ယခုလအတွင်း မလေးရှားနိုင်ငံနှင့် စင်္ကာပူ နိုင်ငံတို့မှ တင်သွင်းခဲ့ပြီး တင်သွင်းခဲ့သည့် အမျိုးအစားများမှာ Dawn Brand, Hawk Brand, Ok sweetened, My boy Brand, Teapot Gold Brand ဖြစ်ကြောင်းသိရသည်။ ယခင် လတွင် နို့ဆီ ၄၈၀၁၃၀ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုလတင်သွင်းမှု နှင့် နှိုင်းယှဉ်ပါက ၁၀၁၁၆၇၉ တန် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။  အောက်တိုဘာလအတွင်း နယ်စပ် ကုန်သွယ်မှုမှ နို့ဆီတင်သွင်းမှုမရှိကြောင်းသိရသည်။

အိမ့်

အောက်တိုဘာလတွင် နယ်စပ်၊ ပင်လယ်ရေကြောင်းမှ ဘိလပ်မြေတင်သွင်းမှုလျော့နည်း

Mon, 11/08/2021 - 13:20 -- journal_editor

အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၀၃၇  သန်း တန်ဖိုးရှိ ဘိလပ် မြေ တန်ချိန် ၂၂၉,၆၈၀ အား ပင်လယ်ရေကြောင်းမှတဆင့် တင်သွင်းခဲ့ကြောင်း  သိရသည်။ မလေးရှားနိုင်ငံမှသာတင်သွင်းခဲ့ကြောင်း သိရသည်။  ယခင် စက်တင်ဘာလ နှင့် နှိုင်း ယှဉ် ပါ က တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၀၄၆ သန်း နှင့်  ၃၃၃,၈၂၀ တန် တင်သွင်းမှု လျော့နည်းခဲ့ကြောင်းသိရသည်။ 

အောက်တိုဘာလအတွင်း ရေကြောင်းကုန်သွယ်မှုမှ အဝင်ပိုမိုလာသော်လည်း နယ်စပ်မှ အဝင်လျော့နည်းလာသော ဓါတ်မြေသြဇာ

Mon, 11/08/2021 - 13:19 -- journal_editor

အောက်တိုဘာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတဆင့်  အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၃၄၈ သန်းတန်ဖိုးရှိ ဓါတ်မြေသြဇာ ၁၀၁,၈၄၃,၈၅၆ တန်အား တင်သွင်းခဲ့သည်။ အောက်တိုဘာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၃၄,၈၅၂,၄၄၉ တန်၊ ဂျာမနီနိုင်ငံမှ ၁,၃၀၄,၃၂၀ တန်၊ အင်ဒိုနီးရှားနိုင်ငံမှ ၂၈,၇၂၉,၃၅၇ တန်၊ အီရန်နိုင်ငံမှ ၈၅,၀၀၀၊ တောင်ကိုရီးယားနိုင်ငံမှ ၂,၀၈၀,၆၇၀တန်၊ မလေးရှားနိုင်ငံမှ ၁၃,၄၆၉,၂၃၀တန်၊ ပိုလန် နိုင်ငံမှ ၁၆၈,၀၀၀တန်၊ ရုရှားနိုင်ငံမှ ၅၀၄,၀၀၀တန်၊ စင်္ကာပူနိုင်ငံမှ ၉,၆၂၇,၈၃၀ တန်၊ ထိုင်းနိုင်ငံမှ ၄,၂၉၀,၀၀၀တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ၅,၀၄၂,၀၀၀တန် နှင့်  ဗီယက် နမ်နိုင်ငံမှ ၁,၇၀၀,၀၀၀တန် အသ

Pages

Subscribe to RSS - Latest News