Main menu

Background

Latest News

စက်တင်ဘာလအတွင်း နို့မှုန့်အဝင်ဆက်လက်လျော့နည်းလျက်ရှိ

Mon, 11/08/2021 - 13:18 -- journal_editor

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၇၉ သန်းတန်ဖိုးရှိ နို့မှုန့် ၄၈၄၆၂၅ တန်အား တင်သွင်းခဲ့သည်။ ယခုလအတွင်း နယူး ဇီလန် နိုင်ငံမှ တန်ချိန် ၄၀၃၅၂၅ ၊ အမေရိကန်နိုင်ငံမှ ၈၁၁၀၀တန် အား အသီးသီး တင်သွင်း ခဲ့ကြောင်းသိရသည်။ ယခင်သြဂုတ်လနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၁၈ သန်းနှင့်  ၁၁၆၃၂၇၅ တန် လျော့နည်းတင်သွင်းခဲ့ကြောင်းသိရသည်။ စက်တင်ဘာလ အတွင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ နို့မှုန့် တင်သွင်းမှုမရှိကြောင်းသိရသည်။

အိမ့်

စက်တင်ဘာလအတွင်း ပင်လယ်ရေကြောင်းမှ နို့ဆီ အဝင်လျော့နည်းလာပြီး နယ်စပ်မှ ပိုမို

Mon, 11/08/2021 - 13:17 -- journal_editor

အမေရိကန်ဒေါ်လာ သုညဒသမ ၉၂၃ တန်ဖိုးရှိ နို့ဆီ ၄၈၀၁၃၀ တန်အား ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခုလအတွင်း မလေးရှားနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့မှ တင်သွင်းခဲ့ပြီး တင်သွင်းခဲ့သည့် အမျိုးအစားများမှာ Dawn Brand, Hawk Brand, Ok sweetened, My boy Brand, Teapot Gold Brand ဖြစ်ကြောင်းသိရသည်။ ယခင်လတွင် နို့ဆီ ၁၁၄၉၀၉၁ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုလတင်သွင်းမှု နှင့် နှိုင်းယှဉ်ပါက ၆၆၈၉၆၀ တန် တင်သွင်းမှုလျော့နည်းကြောင်း သိရသည်။

ပင်လယ်ရေကြောင်းမှ ဘိလပ်မြေတင်သွင်းမှု လျော့နည်းလာသော်လည်း နယ်စပ်မှအဝင်ပိုမို လျက်ရှိ

Mon, 11/08/2021 - 13:15 -- journal_editor

စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၀၈၃ သန်း တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၅၆၃၅၀၀ အား ပင်လယ်ရေကြောင်းမှတဆင့် တင်သွင်းခဲ့ကြောင်းသိရသည်။ တင်သွင်းမှုများအနေဖြင့် မလေးရှားနိုင်ငံမှ ၅၁၂၀၀၀တန်၊ ထိုင်းနိုင်ငံမှ ၄၄၀၀၀တန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၇၀၀၀၊ ပြင်သစ်နိုင်ငံမှ ၅၀၀ တန်တင်သွင်းခဲ့သည်။ မလေးရှားနိုင်ငံမှ အများဆုံး တင်သွင်းခဲ့ကြောင်းသိရသည်။  ယခင်သြဂုတ်လ နှင့် နှိုင်းယှဉ်ပါ က တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၀၅၃ သန်းနှင့်  ၃၈၄၂၂၀ တန် တင်သွင်းမှု လျော့နည်းခဲ့ကြောင်းသိရသည်။ 

စက်တင်ဘာလအတွင်း နယ်စပ်မှ ဓါတ်မြေသြဇာ အဝင်ပိုမိုလာသော်လည်း ပင်လယ် ရေကြောင်းမှ တင်သွင်းမှုလျော့နည်းလာ

Mon, 11/08/2021 - 13:14 -- journal_editor

စက်တင်ဘာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတဆင့်  အမေရိကန်ဒေါ်လာ ၂၄  ဒသမ ၈၀၆ သန်းတန်ဖိုးရှိ ဓါတ်မြေသြဇာ ၆၂,၀၅၈,၅၇၅ တန်အား တင်သွင်းနိုင်ခဲ့သည်။ စက်တင်ဘာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၁၉,၃၂၈,၁၉၄ တန်၊ ကနေဒါနိုင်ငံမှ ၁၀,၀၀၀,၀၀၀၊ ဂျာမနီနိုင်ငံမှ ၁,၆၉၆,၀၀၀ တန်၊ အီရန်နိုင်ငံမှ ၉၈၉,၀၀၀တန်၊ တောင်ကိုရီးယားနိုင်ငံမှ ၉၁၁,၁၆၀တန်၊ အိန္ဒိယနိုင်ငံမှ ၃၄,၅၀၅ တန်၊ မလေးရှားနိုင်ငံမှ ၂,၅၃၅,၉၉၀တန်၊ ရုရှားနိုင်ငံမှ ၇၀၀,၀၀၀တန်၊ စင်္ကာပူနိုင်ငံမှ ၂၄၉,၀၀၀တန်၊ စပိန်နိုင်ငံမှ ၁၃,၅၉၆တန်၊ ထိုင်းနိုင်ငံမှ ၅၂၀,၀၆၃၀ တန်၊  အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ၂၀,၀၅၀,၅၀၀တန်နှင့် ဗီယက်နမ်နိုင်ငံမှ ၃၅၀

(၂၉-၁၀-၂၀၂၁) မှ (၃-၁၁-၂၀၂၁) ထိ ဆန်ပြည်တွင်း စျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Fri, 11/05/2021 - 14:39 -- journal_editor

        ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် International Rice Market Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်းများမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၈ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၃ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါသည်။ ထိုင်း ဆန်စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၁၉ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၆ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၆

(၂၉-၁၀-၂၀၂၁) မှ (၃-၁၁-၂၀၂၁) အထိရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Fri, 11/05/2021 - 14:37 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၀၂ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၉၄ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်း ရွှေဈေးသည်လည်း အောက်တိုဘာလ ၂၈ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၈၁၅၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာလ ၂ ရက်နေ့တွင် ၁၇၈၅၀၀၀ ကျပ်သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရပါသည်။

(၂၉-၁၀-၂၀၂၁)မှ (၃-၁၁-၂၀၂၁)အထိ သကြားပြည်တွင်း စျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 11/05/2021 - 14:34 -- journal_editor

           ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများအနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ်ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြားစျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။

(၂၉-၁၀-၂၀၂၁) မှ (၃-၁၁-၂၀၂၁ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 11/05/2021 - 14:27 -- journal_editor

ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထား ရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၃) နိုင်ငံအနက် အာဖဂန်နစ္စတန် နိုင်ငံသည် ယခင် အပတ် စျေးနှုန်းထက် (၁၆.၉၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး UAE နိုင်ငံတွင် (၈.၀၀ %)၊ အယ်လ်ဘေးနီးယား နိုင်ငံတို့တွင် (၇.၄၀ %)နှင့် ခရိုအေးရှား နိုင်ငံတွင် (၅.၃၀ %) ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး စျေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၂၅) နိုင်ငံရှိကြောင်း တွေ့ရှိရ ပါသ

ရော်ဘာတန်ချိန် ငါးထောင်နီးပါးတင်ပို့

Wed, 11/03/2021 - 14:19 -- journal_editor

၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၆ရက်မှ ၃၁ရက်ထိ ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်မှ သဘာဝရော်ဘာတန်ချိန် ၁၂၀ခန့် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၁၆၈သန်း ဖိုးတင်ပို့ခဲ့ ကြောင်းသိရှိရသည်။

နယ်စပ်နှင့်ပင်လယ်ရေကြောင်းမှအောက်တိုဘာလအတွက် ပြောင်းတန်ချိန် သုံးသောင်းခုနှစ် ထောင်ကျော်တင်ပို့

Wed, 11/03/2021 - 14:17 -- journal_editor

 

၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၁၆ရက်မှ ၃၁ရက်ထိ ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်မှ ပြောင်းတန်ချိန် ၆၀၀ နှင့် မြန်မာ-ထိုင်းနယ်စပ်မှ ပြောင်းတန်ချိန် ၆၄၀ကျော် စုစုပေါင်း တန်ချိန် ၁၂၄၀ကျော်  တန်ဖိုးအမေရိကန်ဒေါ်လာ သုညဒသမ ၂၄၄သန်း ဖိုး တင်ပို့ခဲ့ ကြောင်း သိရှိရသည်။

Pages

Subscribe to RSS - Latest News