Main menu

Background

Latest News

(၂၆-၁၁-၂၀၂၁) မှ (၂-၁၂-၂၀၂၁) အထိ ရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေလေ့လာသုံးသပ်တင်ပြခြင်း

Mon, 12/06/2021 - 09:46 -- journal_editor

           ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၉၅ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဒီဇင်ဘာလ ၁ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၈၉ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်းရွှေဈေး သည်လည်း နိုဝင်ဘာလ ၂၅ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၇၈၅၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ ဒီဇင်ဘာလ ၁ ရက်တွင် ၁၇၇၅၀၀၀ ကျပ်သို့ အတက်အကျဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိ

(၂၆-၁၁-၂၀၂၁) မှ (၂-၁၂-၂၀၂၁) ထိ ဆန် ပြည်တွင်းစျေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Mon, 12/06/2021 - 09:38 -- journal_editor

         ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် International Rice Market Website တွင် ဖော်ပြချက်အရ ပါကစ္စတန်ဆန်စျေးနှုန်းများမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၆၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၈ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါသည်။ ထိုင်းဆန် စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၈ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၆ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၉

(၂၆-၁၁-၂၀၂၁)မှ (၂-၁၂-၂၀၂၁)အထိ သကြား ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 12/06/2021 - 09:28 -- journal_editor

          ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများအနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ်ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြား စျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။ အဆိုပါ website တွင် ဖော်ပြချက်များအရ သကြားဖြူ (White Sugar) တစ်တန်လျှင် (၁၂-၁၀-၂၀၂၁) ရက်တွင် အမေရိကန်ဒေါ်လာ (၅၁၆ဒသမ၀၀) ဒေါ်လာပေါက်စျေးရှိခဲ့ရာမှ အတက်အကျ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး (၃၀-၁၁-၂၀၂၁) ရက်တွင် သကြားဖြူ (White Sugar) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၄၈၅.၀၅) ဒေါ်လာဖြစ်ပေါ်ခဲ့သည်ကို အောက်ပါအတိုင်း

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ရော်ဘာတန်ချိန် တစ်သောင်းသုံးထောင်ကျော်တင်ပို့

Fri, 12/03/2021 - 15:30 -- journal_editor

     ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ရက်မှ ၃၀ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၁၀၀ ခန့် အိန္ဒိယနိုင်ငံသို့ရော်ဘာတန်ချိန် ၁၇၀ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၁၄၀ ခန့်နှင့်  ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀၀ခန့် စုစုပေါင်းရာဘာတန်ချိန် ၄၅၁၀ ခန့်တင်ပို့နိုင်ခဲ့ပြီးတန်ဖိုးအမေရိကန်ဒေါ်လာ ၆ ဒသမ ၆၀၈ သန်းရှိကြောင်းသိရပါသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပြောင်းတန်ချိန် တစ်သိန်းတစ်သောင်း ကျော်တင်ပို့

Fri, 12/03/2021 - 14:13 -- journal_editor

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၆ရက်မှ ၃၀ရက် ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ဗီယက်နမ်နိုင်ငံသို့ ပြောင်းတင်ပို့မှုတန်ချိန် ၂၇၁၅၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတင်ပို့မှုတန်ချိန် ၂၂၂၆၀ကျော် စုစုပေါင်း ပြောင်းတင်ပို့မှုတန်ချိန် ပြောင်းတင်ပို့မှုတန်ချိန် ၄၉၄၁၀ တန်ဖိုးအမေရိကန်ဒေါ်လာ  ၁၁ ဒသမ ၆၂၀ သန်းတင်ပို့ခဲ့ကြောင်းသိရသည်။

နိုဝင်ဘာ ၁၆ရက်မှ ၃၀ရက် ထိကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်မှ ပြောင်းတင်ပို့မှုတန်ချိန် ၂၂၀၀ ကျော်တန်ဖိုးအမေရိကန်ဒေါ်လာ သုညဒသမ ၃၇၉ သန်းခန့် ရှိကြောင်းသိရသည်။

၂၀၂၁-ခုနှစ်၊နိုဝင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန်တစ်သိန်းငါးသောင်းကျော်တင်ပို့

Fri, 12/03/2021 - 14:12 -- journal_editor

   ၂၀၂၁-ခုနှစ်၊နိုဝင်ဘာ၁၆ ရက်မှ ၃၀ရက်ထိ ကာလအတွင်း ပင်လယ်​ရေကြောင်းမှ အမေရိကန် ဒေါ်လာ ၁၀ဒသမ၉၃၁သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၃၃၆၀၀ခန့် တင်ပို့နိုင်ခဲ့ရာ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၉၂၀၀ကျော် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၄၀၀၀ခန့် နှင့် အာရပ်စော်ဘွား များပြည်ထောင်စုသို့ ဆန်တန်ချိန် ၂၀၃၅၀ကျော် တင်ပို့ခဲ့ကြောင်းသိရှိ ရပါသည်။

ဟင်္သာတခရိုင်၌ အစေ့ထုတ်ပြောင်းစိုက်ပျိုးအောင်မြင်

Wed, 12/01/2021 - 15:27 -- journal_editor

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည် အောက်တိုဘာလဆန်းမှစ၍ မိုးစပါးများစတင်ရိတ်သိမ်းပြီး၊ နိုဝင်ဘာလဆန်းတွင် သီးထပ်အဖြစ်မတ်ပဲ၊အစေ့ထုတ်ပြောင်း ၊နွေစပါးစသည်တို့ကို တောင်သူများစိုက်ပျိုးနေချိန် ဖြစ်သည်။  ဟင်္သာတခရိုင်တွင် စုစုပေါင်းစိုက်ဧက ငါးသိန်းကျော်ရှိပြီး ၊မတ်ပဲစိုက်ဧကလေးသိန်းကျော်၊အစေ့ထုတ်ပြောင်းစိုက်ဧကခုနှစ်သောင်းကျော်၊နွေစပါးစိုက်ဧကသုံးသောင်းကျော်စိုက်ပျိုးသောဒေသလည်းဖြစ်ပါသည်။

ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်းစတင်ဖွင့်လှစ်

Wed, 12/01/2021 - 14:28 -- journal_editor

      ကော့ကရိတ်မြို့(တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်းကို ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ် အကောက်ခွန်ဦးစီးဌာန တာဝန်ခံက စုပေါင်းစစ်ဆေးရေးစခန်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပါသည်။ ဆက်လက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး “

ဘားမဲတောင် သဘာဝဥယျာဉ် (Hpa- Mal Botanical Gardens)ဖွင့်လှစ်

Wed, 12/01/2021 - 13:03 -- journal_editor

             ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားမဲတောင်သဘာဝဥယျာဉ် (Hpa – Mal Botanical Gardens) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် ၈ နာရီအချိန်တွင် အမှတ် (၄) ရပ်ကွက်ရှိ အဆိုပါဥယျာဉ်၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြသည်။ ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားမဲတောင် သဘာဝဥယျာဉ်ကို သဘာဝပေါက်ပင် သစ်မျိုးအရေအတွက် (၇၈)မျိုး၊ အပင်အရေအ

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နှင့်ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ကုန်သွယ်မှု လုပ်ငန်းများ စတင်ဆောင်ရွက်တော့မည်

Sat, 11/27/2021 - 14:26 -- journal_editor

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ကုန်ပစ္စည်းများ တင်ပို့တင်သွင်းနေခြင်းကို ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုကြောင့် မန်းဝိန်းဂိတ်အား(၃၀-၃-၂၀၂၁)ရက်နေ့တွင်လည်းကောင်း၊ ကျိန်စမ်း ကျော့ဂိတ်နှင့် ကြုကုတ်-ပန်ဆိုင်းဂိတ်အား(၈-၇-၂၀၂၁)ရက်နေ့တွင်လည်းကောင်း၊ ချင်းရွှေဟော် ကုန်သွယ်ရေးနယ်စပ်ဂိတ်ကိုလည်း တရုတ်နိုင်ငံဖက်မှ (၁၈-၄-၂၀၂၁)ရက်နေ့မှစ၍ တင်ပို့/တင်သွင်းခြင်း ကို ယာယီရပ်ဆိုင်းခဲ့သည်။   မြန်မာဖက်မှလည်း ကိုဗစ်ကပ်ရောဂါပြန့်ပွားမှုကြောင့် (၆-၁၀-၂၀၂၁) ရက်နေ့မှစ၍ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများမှလွဲ၍ ကျန်ပစ္စည်းများ တင်သွင်းခြင်းကို ယာယီပိတ်ပင်ခဲ့ပါသည်

Pages

Subscribe to RSS - Latest News