Main menu

Background

Latest News

(၁၂-၁၁-၂၀၂၁)မှ (၁၈-၁၁-၂၀၂၁)အထိ သကြားပြည်တွင်း စျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 11/19/2021 - 15:28 -- journal_editor

ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများအနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ်ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြားစျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။

(၁၂-၁၁-၂၀၂၁) မှ (၁၈-၁၁-၂၀၂၁) ထိ ဆန်ပြည်တွင်း စျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Fri, 11/19/2021 - 15:25 -- journal_editor

ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ တွင် International Rice Market Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်းများမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၈ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါသည်။ ထိုင်း ဆန်စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၁၂ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၇ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၃ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၀ ဖြင့်လ

(၁၂-၁၁-၂၀၂၁) မှ (၁၈-၁၁-၂၀၂၁ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 11/19/2021 - 15:22 -- journal_editor

  ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထား ရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၄) နိုင်ငံအနက် အင်ဒိုနီးရှား နိုင်ငံသည် ယခင်အပတ် စျေးနှုန်းထက် (၁၀.၅၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး Uganda နိုင်ငံတွင် (၈.၅၀ %)၊ လာအို နိုင်ငံတွင် (၆.၂၀ %) ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး စျေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၄၄) နိုင်ငံရှိကြောင်း တွေ့ရှိရ ပါသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပြောင်းတန်ချိန် ခြောက်သောင်းခုနှစ်ထောင်ငါးရာကျော်တင်ပို့

Fri, 11/19/2021 - 14:52 -- journal_editor

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁ရက်မှ ၁၅ရက် ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ဗီယက်နမ်နိုင်ငံသို့ ပြောင်းတင်ပို့မှုတန်ချိန် ၁၁၈၂၀ ကျော်၊ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုတန်ချိန်  ၁၀၀၀ခန့်၊ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတင်ပို့မှုတန်ချိန် ၄၉၀၈၀ခန့်၊ ဘင်္ဂလားဒေရှ့်နိုင်ငံသို့  ၅၂၀၀ခန့်နှင့် စင်ကာပူနိုင်ငံသို့  ပြောင်းတင်ပို့မှုတန်ချိန် ၄၆ခန့် စုစုပေါင်း ပြောင်းတင်ပို့မှုတန်ချိန်ပြောင်းတင်ပို့မှုတန်ချိန် ၆၇၁၄၆ ကျော်တန်ဖိုးအမေရိကန်ဒေါ်လာ  ၁၅ဒသမ ၅၆၄ သန်းခန့်တင်ပို့ခဲ့ကြောင်းသိရသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းတစ်သောင်းကျော်တင်ပို့

Fri, 11/19/2021 - 13:46 -- journal_editor

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ၁ရက်မှ ၁၅ရက်ထိကာလအတွင်းပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၂၂ ဒသမ၈၀၅သန်းတန်ဖိုးရှိဆန်တန်ချိန် ၆၇၉၀၀ကျော်တင်ပို့ခဲ့ရာအာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၅၃၀၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၁၄၅၀၀ခန့်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုသို့ ၂၈၁၀၀ခန့် တင်ပို့ခဲ့ကြောင်းသိရှိရသည်။

(၁၀) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကျင်းပ အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်ကြောင်းကြေညာ

Fri, 11/19/2021 - 10:55 -- journal_editor

နေပြည်တော် ၊ ၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာ ၁၇ ရက် ။              ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် (၇) နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၁၀) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများအစည်းအဝေးကို နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးရုံးမှ တက်ရောက်ခဲ့သည်။

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ(၁၉/၂၀၂၁)

Tue, 11/16/2021 - 14:16 -- journal_editor

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံ သားနှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီ/လက်ကား ရောင်းချခွင့်ပြုသည့် ဦးစားပေးကုန်ပစ္စည်းအုပ်စုစာရင်းကို ၂၆.၇.၂၀၂၁ ရက်စွဲပါ သတင်းလွှာ (၃/၂၀၁၈) ဖြင့် အသိပေးထုတ်ပြန်ခဲ့ပါသည်။

ပင်လယ်ရေကြောင်းမှ နို့မှုန့်တန်ချိန် တစ်သိန်းလေးသောင်းခန့်တင်သွင်း

Tue, 11/16/2021 - 13:31 -- journal_editor

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ နိုဝင်ဘာ၁ရက်မှ ၁၅ ရက်အတွင်းအမေရိကန်ဒေါ်လာသုညဒသမ၅၂၄ သန်းတန်ဖိုးရှိနို့မှုန့် ၁၃၉,၈၀၀ တန်အားတင်သွင်းခဲ့သည်။ ယခုအပတ် အတွင်းနယူးဇီလန်နိုင်ငံမှ တန်ချိန် ၁၁၆,၈၀၀ နှင့် ပိုလန် နိုင်ငံမှ တန်ချိန် ၂၃,၀၀၀ တင်သွင်းခဲ့ကြောင်းသိရသည်။ ယခင်ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာသုည ဒသမ ၆၇၆ သန်းနှင့်  ၂၄၉,၂၀၀ တန် လျော့နည်းတင်သွင်းခဲ့ကြောင်းသိရသည်။ယခုအပတ်အတွင်း နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှ နို့မှုန့်တင်သွင်းမှုမရှိကြောင်းသိရသည်။

အိမ့်

စင်ကာပူနိုင်ငံမှ နို့ဆီတန်ချိန် လေးသောင်းသုံးထောင်ကျော်တင်သွင်း

Tue, 11/16/2021 - 13:30 -- journal_editor

နိုဝင်ဘာ၁ရက်မှ ၁၅ ရက်အတွင်းအမေရိကန်ဒေါ်လာသုညဒသမသုည ၅၈တန်ဖိုးရှိနို့ဆီ၄၃,၇၇၆ တန်အားပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခုအပတ်အတွင်းစင်ကာပူနိုင်ငံမှ တင်သွင်းခဲ့ပြီးတင်သွင်းခဲ့သည့် အမျိုးအစားမှာCreamer Brand ဖြစ်ကြောင်းသိရသည်။ ယခင်ကာလတူတွင် နို့ဆီ ၆၀၄,၀၈၀တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုအပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်ပါက ၅၆၀,၃၀၄ တန် တင်သွင်းမှုလျော့နည်းကြောင်းသိရသည်။ ယခုအပတ်အတွင်းနယ်စပ်မှ နို့ဆီတင်သွင်းမှုမရှိကြောင်းသိရသည်။

အိမ့်

ယခုအပတ်အတွင်းဘိလပ်မြေအဝင်လျော့နည်းလျက်ရှိ

Tue, 11/16/2021 - 13:29 -- journal_editor

နိုဝင်ဘာအတွင်းပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာသုညဒသမ၃၈၇ သန်းတန်ဖိုးရှိဘိလပ်မြေ၄,၉၅၄,၀၀၀တန်အားထိုင်းနိုင်ငံမှ တင်သွင်းခဲ့ကြောင်းသိရသည်။ယခင်အောက်တိုဘာကာလတူနှင့် နှိုင်းယှဉ်ပါက တန်ဖိုး အမေရိကန် ဒေါ်လာသုညဒသမ၀၅၃သန်းနှင့်  ၃၈၄,၂၂၀ တန် တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။ 

Pages

Subscribe to RSS - Latest News