တရုတ် ZTE ကုမ္ပဏီအား တင်ပို့မှု ကန့်သတ်ချက်ကို အမေရိကန်ပြည်ထောင်စုက ယာယီသက်သာခွင့်ပေး
အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ် ဆို့မှုပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ ဖောက်ဖျက်မှုကြောင့် တရုတ်တယ်လီ ကွန်ဆက်သွယ်ရေးကိရိယာနဲ့ စမတ်ဖုန်း ထုတ်လုပ်သူZTE ကော်ပိုရေးရှင်းအား ပို့ကုန်ကန့်သတ်မှုများကို အမေရိကန် ပြည်ထောင်စုက ချမှတ်ခဲ့ပါတယ်။ ဒါပေ မဲ့ အစိုးရက အဆိုပါကန့်သတ်ချက်များကို ယာယီအားဖြင့် ရုပ်သိမ်းပေးခဲ့ကြောင်း အမေရိကန် စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြ ပါတယ်။