မတ်လ စတုတ္ထပတ်အတွင်း ပြည်ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲဈေး အမြင့်ဆုံးရနေသလို ပဲစင်းငုံသီးနှံဈေးကလည်း တရိပ်ရိပ်တက်လျက်ရှိ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ဆောင်းပဲများ လှိုင်လှိုင်ဝင်ရောက်ရှိရာ၊ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီး၊ ကုလားပဲသီးနှံများ ဝင်ရောက်မှုများပြီး ပဲတီစိမ်းသီးနှံမှာ ပဲ အဝင်နည်းသွားပြီလို့ သိရပါတယ်။ ပြည်အနီး တစ်ဝိုက် နယ်စုံ မှ ဝင်ရောက်ခဲ့ကာ အရောင်းအဝယ်ဖြစ်မှုကတော့ မတ်ပဲနှင့် ပဲစင်းငုံသီးနှံကို ရန်ကုန်ဝယ်လက်မှဝယ်ယူနေသလို ကုလားပဲ နှင့် ပဲကြီးသီးနှံများကတော့ ဒေသတွင်း ဝယ်လက်များ အဓိက ထား အရောင်းအဝယ်ဖြစ်ခဲ့ကြပါ တယ်။ ပဲတီစိမ်းသီးနှံမှာ မန္တလေးဝယ်လက်က ဝယ်ယူပြီး လက်ကျန်ပဲအနည်းငယ်သာ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် အိတ် ၁၀၀ ကျော်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မတ်ပဲသီးနှံမှာ




