ကုလားပဲမျိုးစုံ လက်ကျန်နည်းလို့ မျိုးအတွက် ခက်ခဲစေနိုင်
သြဂုတ်လဒုတိယပတ် ကုလားပဲဈေးကွက်မှာ မုံရွာကုန်စည်ဒိုင်ရှိ ကုန်သည် တွေရဲ့လက်ထဲ ပဲလက်ကျန် လျော့လာတာနဲ့အမျှ ပြည်ပဝယ်လက်နဲ့ ဒေသတွင်း ကုန်ကြမ်းလိုအပ်ချက်ရှိတဲ့ လုပ်ငန်းသမားတွေရဲ့ ဝယ်လိုအားမြင့် မားလာတာကြောင့် နေ့စဉ်တက်ဈေးဖြစ်နေတာ တွေ့ရပါတယ်။ ယခုနှစ်အစ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ ကုလားပဲပေါ်ချိန်က ဈေးထက် နှစ်ဆ နီးပါး ဈေးမြောက်လာခဲ့ခြင်းဖြစ်ပြီး ယခုတစ်ပတ်မှာ ကုလားပဲဖြူလုံးကြီး တစ်တင်း ၃၀၀၀၀ ကျပ်၊ ၉၂၉ ကုလားပဲ တစ်တင်း ၃၀၅၀၀ ကျပ်အထိ အသီးသီး အမြင့်ဆုံး ဈေးပေါက်ခဲ့ပါတယ်။




