Main menu

Background

စီးပွားရေးသတင်း

ပြည်စားတော်ပဲဈေးကွက် နှစ်စဉ်ဈေးကောင်းရ

Wed, 08/26/2015 - 17:07 -- journal_editor

       ပြည်ပဲဈေးကွက်မှာ လက်ကျန်ပဲသာရှိပြီး လက်လီအရောင်းအဝယ်ဖြစ်တဲ့ ပဲထဲမှာ ဈေးအမြင့်ဆုံးရနေတဲ့ သီးနှံကတော့ စားတော်ပဲသီးနှံဖြစ်ခဲ့ပါတယ်။ အိတ်အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ခဲ့လို့ လက်ကျန်ပဲများ ထုတ်ရော င်းချခဲ့ရပြီး တစ်တင်း ၃၅၀၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်မှစ၍ ဈေးမြင့်တက်ခဲ့ကာ ယခုတစ်ပတ်မှာလည်း ၎င်းဈေးအတိုင်း ဈေးအမြင့်နဲ့ လက်လီသမားများ ဆက်လက်အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ စားတော်ပဲ သီးနှံဟာ နှစ်စဉ်ေ ဈးကောင်းရတဲ့  ပဲဖြစ်ခဲ့ပြီး ယခင်နှစ် သြဂုတ်လအတွင်းမှာလည်း တစ်တင်း ၂၈၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်ထိ ဈေးကောင်းရခဲ့တယ်လို့ သိရပါတယ်။

 

ခင်ဆွေဝင်း-ပြည်

ကမ္ဘာ့ဆန်အများဆုံးတင်ပို့သော နိုင်ငံနေရာသို့ ပြန်လည်ရရှိပြီဟု ထိုင်းအစိုးရက အခိုင်အမာ ယုံကြည်

Wed, 08/26/2015 - 17:03 -- journal_editor

      ထိုင်းနိုင်ငံသည် ကမ္ဘာ့ဆန်အများဆုံး ထုတ်လုပ်တင်ပို့တဲ့ ဦးဆောင်နိုင်ငံနေရာကို ပြန်လည်ရရှိလာပြီဟု ထိုင်းအစိုးရက အခိုင်အမာယုံကြည်နေပြီဖြစ်ပါတယ်။ ထိုင်းပြည်ပဆန်တင်ပို့သူများအသင်း (The Thai Rice Exporte -rs Association - TREA) ရဲ့ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်ခြောက်လတာကာလမှာ ဘတ် ၇၂ ဘီလီယံကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၄ ဒသမ ၄၆ သန်းတင်ပို့နိုင်ခဲ့ပြီး ယှဉ်ပြိုင်ဖက်နိုင်ငံများကို ပမာဏအားဖြင့်ရော တန်ဖိုး အားဖြင့်ပါ ကျော်လွှားနိုင်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာကုန်စည်ဒိုင် သြဂုတ်လလယ် ပဲဈေးကွက် စိမ်းကြီးအသစ်ဝင်

Wed, 08/26/2015 - 16:57 -- journal_editor

      မုံရွာကုန်စည်ဒိုင် သြဂုတ်လလယ် ပဲဈေးကွက်မှာ ငုံနီ၊ မတ်ပဲ၊ ကုလားပဲစတဲ့ Export ဈေးကွက်ဝင်ပဲတွေ လက်ကျန်နည်းလို့ အရောင်းအဝယ်ပါးနေပေမယ့် နယ်စုံက အသစ်ဝင် လာတဲ့ စိမ်းကြီးကတော့ အရောင်းအဝယ် အ နည်းငယ်သွက်လာခဲ့တယ်လို့ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း ချင်းတွင်းမြစ်ရေလျှံခြင်းနဲ့ ကင်းလွတ်ခဲ့တဲ့ ဒေသတွေမှာ စိုက်ပျိုးခဲ့ကြတဲ့ စိမ်းကြီးတွေ နယ်စုံ ကဒိုင်ကိုဝင်လာခဲ့ပြီး၊ တစ်တင်း ၃၃၀၀၀ ကျပ်ဈေးနဲ့ တစ်ရက် အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ယွမ်ငွေတန်ဖိုး ကျဆင်းလာမှုနှင့် ကောလာဟလ သတင်းများကြောင့် ပြည်တွင်းငွေလဲနှုန်းများမြင့်တက်

Wed, 08/26/2015 - 16:32 -- journal_editor

      အိမ်နီးချင်းတရုတ်နိုင်ငံတွင် ယွမ် ငွေတန်ဖိုး ကျဆင်းလာမှုနှင့် ပြည်တွင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် ကောလာဟလသတင်းများကြောင့် ပြည်တွင်းငွေလဲနှုန်းများ ဆက်လက်မြင့်တက်ရခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပုဂ္ဂလိကဘဏ်များနှင့် ပြည်တွင်းရှိ ငွေလဲစင်တာများတွင် အမေရိကန်ဒေါ်လာများကို လဲလှယ်၍ရနေသော်လည်း လိုသလောက်ရောင်းချမပေးနိုင်ခြင်းနှင့် ယွမ်ငွေတန်ဖိုးကျဆင်းမှု၏ ဂယက်ကြောင့် ပြည်တွ င်းငွေလဲနှုန်းများ မြင့်တက်နေရခြင်းဖြစ်ကြောင်း ဈေးကွက်သုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။

ဗန်ကောက်ဗုံးပေါက်ကွဲမှုက ထိုင်းစီးပွားရေးကို ခြိမ်းခြောက်

Tue, 08/25/2015 - 20:55 -- journal_editor

     ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာရှိတဲ့ ဟိန္ဒူ ဘုရားရှိခိုးကျောင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၂၂ ဦး သေဆုံးကာ ၁၀၀ ကျော်  ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဒီပေါက်ကွဲမှုက အလူးအလဲ ရုန်းကန်နေရတဲ့ ထိုင်းစီးပွားရေးအတွက်  အလားအလာကောင်းတဲ့  ကဏ္ဍတစ်ခုဖြစ်တဲ့ ထိုင်း ခရီးသွားလုပ်ငန်းကဏ္ဍကို ပြင်းထန်တဲ့ ထိုးနှက်ချက်ပင်ဖြစ်ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

စင်ကာပူဘဏ်များအတွက် စိန်ခေါ်မှုအသစ်ရှိ

Tue, 08/25/2015 - 20:22 -- journal_editor

     အခွန်အကောက်ဆိုင်ရာ သတင်းအချက်အလက်မျှ ဝေဖို့ ကမ္ဘာ့လှုပ်ရှားမှုရဲ့ ဖိအားပေးမှုကို  စင်ကာပူအခြေစိုက် ဥစ္စာဓနမန်နေဂျာများ (Wealth Managers) ခံထားရပြီးဖြစ်ပါတယ်။ ယခုအခါမှာ အင်ဒိုနီးရှားနဲ့   အိန္ဒိယအပါ အဝင် အာရှနိုင်ငံတွေက အခွန်အကောက်သက်သာတဲ့  စင်ကာပူနိုင်ငံအတွင်းမှာရှိတဲ့ ကြေညာခြင်းမရှိတဲ့ငွေကြေးတွေကို ခြေ ရာခံဖို့ ကြိုးစားလျက်ရှိနေတဲ့အတွက် လတ်တလောခြိမ်းခြောက်မှုကို ရင်ဆိုင်တွေ့ကြုံနေရကြောင်း  ရိုက်တာသတင်းမှာ  ဖော်ပြထားပါတယ်။

Electric Myanmar 2015 ၂၀၁၅ ကုန်စည်ပြပွဲကျင်းပ

Fri, 08/21/2015 - 16:47 -- journal_editor

Electric Myanmar  2015 ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦး၊ UMFCCI ဒုဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) ဥက္ကဋ္ဌ ဦးကျော်ပိုင်၊  Fireworks Trade Media Pte .,Ltd. Director Mr.Danen Soo တို့  တက်ရောက်ကြပြီး  အခမ်းအနားအား  ဖွင့်လှစ်ပေးကြပါသည်။

ဘိလပ်မြေအဝင်လျော့

Wed, 08/19/2015 - 20:55 -- journal_editor

     သြဂုတ် ၂ ရက်မှ ၈ ရက် သီတင်း ပတ်အတွင်း ကန်ဒေါ်လာ    ၄၈၁၇၀၂၆ တန်ဖိုးရှိ  ဘိလပ်မြေ ၅၇၉၅၆ ဒသမ ၈၂ တန်ကို  ပင်လယ်ရေကြောင်း  ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၁၈၇ တန်၊ ဂျပန်နိုင်ငံမှ ၁၅၀၂ ဒသမ ၂၀ တန်နဲ့  ထိုင်းနိုင်ငံမှ ၅၆၂၆၇ တန် အသီးသီး  တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စိန်၊ ဆင်၊ မောင်တိန်းနဲ့ အခြားဘိလပ်မြေများ ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအ ဝင်မှာ တန်ချိန် ခြောက်သောင်းငါး ထောင့်နှစ်ရာကျော် ရှိခဲ့တာကြောင့်  ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် ၇၂၈၄ တန် အဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့ရွှေဈေး တစ်ပတ်အတွင်း ကျပ် သုံးသောင်းနီးပါးမြင့်တက်

Wed, 08/19/2015 - 19:35 -- journal_editor

     ကမ္ဘာ့ရွှေဈေး  မြင့်တက်လာခြင်း နှင့် ငွေလဲနှုန်းများ မြင့်တက်လာခြင်းတို့ ကြောင့် ပြည်တွင်း ရွှေဈေးများ ပြန်လည်မြင့်တက်လာရကြောင်း ရွှေဈေး ကွက်အတွင်းမှစုံစမ်းသိရှိရသည်။ မြန်မာ့ရွှေဈေးသည်  တစ်ပတ်အတွင်း ကျပ် သုံးသောင်းနီးပါး မြင့်တက်ခဲ့ကြောင်း သိရသည်။ မြန်မာ့ရွှေဈေးသည် ပြည်တွင်း ငွေလဲနှုန်းများ မြင့်တက်လာမှုနှင့်အတူ  လိုက်ပါမြင့်တက်ခဲ့ပြီး ပြည်ပရွှေဈေး ကွက်တွင်လည်း  ဈေးများပြန်လည်မြင့် တက်လျက်ရှိသဖြင့် ေ ဈးများ မြင့်တက် လာရခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ငွေလဲနှုန်းများပြန်လည်မြင့်တက်

Wed, 08/19/2015 - 19:23 -- journal_editor

     ပြီးခဲ့သည့်ရက်သတ္တပတ်အထိ ကျဆင်းခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်အတွင်း ပြန်လည်မြင့်တက်လာခဲ့ရာ တစ်ပတ်အတွင်း ကျပ် ၃၀ ကျော်မြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

Pages

Subscribe to RSS - စီးပွားရေးသတင်း