Main menu

Background

စီးပွားရေးသတင်း

မူဆယ်နယ်စပ်မှ နှမ်းဖြူ (အခွံချွတ်) ပိုမိုတင်ပို့

Wed, 07/08/2015 - 19:52 -- journal_editor

ဇွန်လ  နောက်ဆုံးပတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၈၈ သန်းတန်ဖိုးရှိ နှမ်းဖြူ(အခွံချွတ်)၁၀၇ တန်ခွဲနဲ့ ကန်ဒေါ်လာ ၆၀၀၀ တန်ဖိုးရှိ နှမ်းလှော် ၃ တန်တင်ပို့ခဲ့ပါတယ်။

တတိယအကြိမ်မြောက် မြန်မာ့နိုင်ငံတကာဆေးဝါးနှင့် ဆေးပစ္စည်းလုပ်ငန်းများ ပြပွဲနှင့်တွေ့ဆုံပွဲ (The 3rd International Exhibition & Conference on Pharmaceutical & Medical Equipment Industry for Myanmar) ကျင်းပမည်

Wed, 07/08/2015 - 19:51 -- journal_editor

Minh Vi Exhibition & Advertising Service Co., Ltd. နှင့် မြန်မာနိုင်ငံဆေးဝါးနှင့်   ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း & Medical Equipment     Entrepreneurs' Association(MPMEEA) တို့ ပူး ပေါင်းကျင်းပပြီး  မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်း၏     ပံ့ပိုးမှုဖြင့်  တတိယအကြိမ်မြောက်  မြန်မာ့နိုင်ငံ တကာဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်ရာ လုပ်ငန်းများ   ပြပွဲနှင့် တွေ့ဆုံပွဲကို ဇူလိုင်  ၉ရက်မှ ၁၁ ရက်အထိ ရန်ကုန် မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သွားမည်ဖြစ်သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပြည်ပသို့ ကန်ဒေါ်လာ သန်း 40ကျော် ဖိုးရှိ သစ်တောထွက်ပစ္စည်းများတင်ပို့

Tue, 07/07/2015 - 21:17 -- journal_editor

   ပြည်ပသို့ မြန်မာထွက်ကုန်များ တင်ပို့ရာမှာ အုပ်စု ခုနစ်ခုခွဲခြားတင်ပို့လျက်ရှိရာ လယ်ယာထွက်၊ တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္ထုတွင်းထွက် ၊ သစ်တောထွက်၊ စက်မှုကုန်ချောနဲ့ အခြားဟူ၍ခွဲခြားထားပါတယ်။

မြဝတီကုန်သွယ်ရေးဇုန်မှ ဇွန်လစတုတ္ထပတ်အတွင်း ITC နဲ့ Cable Wire တင်သွင်းခဲ့

Tue, 07/07/2015 - 21:16 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်မှ ဇွန်လစတုတ္ထပတ်အတွင်ွှITC  နဲ့777 kg  ရှိ Cable Wireန ကျပ်သန်းပေါင်း ၄ ဒသမ ၀၉၅ ခန့်ကို တင်သွင်းခဲ့ပါတယ်။မြဝတီနယ်စပ် ITC နဲ့ သွင်းကုန်ပစ္စည်းများကို အဓိကတင်သွင်းခဲ့ပြီး စတင်ခွင့်ပြုချိန်မှ ယနေ့ထိ ပို့ကုန်တင်ပို့မှုမရှိတာ တွေ့ရပါတယ်။ နယ်စပ်စခန်း ၁၈ ခုရှိသည့်အနက် ှုွှဃ ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိတဲ့ စခန်း ၁၀ ခုရှိပြီးယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ မေလ ၂၂ ရက်အထိ မြဝတီ နယ်စပ်စခန်းမှ သွင်းကုန်တန်ဖိုး ကျပ်သန်းပေါင်း ၃၅ ဒသမ ၅၈၄ ခန့် ကုန်သွယ်နိုင်ခဲ့ပါတယ်။ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း လွယ်ဂျယ် နယ်စပ်မITC  နဲ့ အများဆုံး ကုန်သွယ်နိုင်ခဲ့ပြီး မူဆယ်နယ်စပ်မှITC  နဲ့ အနည်းဆုံးကုန်

မြဝတီ၊ကော့သောင်းနဲ့ မြိတ်နယ်စပ်မှ ရေထွက်ကုန် တန်ချိန် တစ်ထောင့်ငါးရာကျော်တင်ပို့

Tue, 07/07/2015 - 21:15 -- journal_editor

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန် ၊ ကော့သောင်း ကုန် သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ဇွန်လ ၂၀ ရက်မှ ၂၆ ရက် တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၆၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၅၈၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့    နှိုင်းယှဉ်ပါက ၁၁၅၈ တန်ကျော်   ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။စခန်းအလိုက် တင်ပို့မှုများမှာ -

မူဆယ်နယ်စပ်မှ ကော်ဖီစေ့ ပုံမှန်တင်ပို့

Tue, 07/07/2015 - 20:49 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှ  ဇွန်လ တွင် ကန်ဒေါ်လာ ၁၂၈၈၆၅ တန်ဖိုးရှိ ကော်ဖီစေ့ ၁၁၉ တန်တင်ပို့ခဲ့ပါတယ်။အနီးစပ်ဆုံး မေလက ၂၇၉ တန် တင်ပို့ ခဲ့တာကြောင့် မူဆယ်နယ်စပ်မှ တရုတ် ပြည်သို့ ကော်ဖီစေ့ပုံမှန်တင်ပို့နေတယ် လို့ ဆိုရပါမယ်။ရှမ်းပြည်နယ်နဲ့   အခြားဒေသ တွေကထွက်ရှိတဲ့   ကော်ဖီစေ့တွေဟာ  အရည်အသွေး  ပိုကောင်းတာကြောင့် မြန်မာ-တရုတ်နယ်စပ်မှ   ကုန်သည် များက အဓိကဝယ်ယူနေကြကြောင်း ၊ နိုင်ငံတစ်ဝန်းလုံးတွင် ကော်ဖီစိုက်ပျိုး လျက်ရှိနေကြပြီး၊  ပြီးခဲ့တဲ့နှစ်က ဂျပန်နဲ့ ကိုရီးယားမှ ကော်ဖီအဝယ်တော်တွေ ပြင်ဦးလွင်အထိ    လာဝယ်ကြတယ်လို့ မြန်မာကော်ဖီစိုက်ပျိုးရေးလုပ်ငန်းလုပ် ကိုင်တဲ့ ကုမ္ပ

ပရဆေးကို မူဆယ်နှင့် မြဝတီ နယ်စပ်မှ တင်ပို့ပြီး တမူးမှ ပြန်လည်တင်သွင်း

Tue, 07/07/2015 - 20:48 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၁၅ ခုနှစ် ဇွန်လနောက်ဆုံးပတ်တွင် ကန် ဒေါ်လာ သုည ဒသမ ၅၆၈ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန်ချိန် ၁၀၈၄ တန်တင်ပို့နိုင်ခဲ့ပါတယ်။တင်ပို့ခဲ့တဲ့ ပရဆေး ကုန်ကြမ်းတွေကတော့  မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကြက်ဆူစေ့၊ ကြောင်ပန်းစေ့၊ ဆီးသီးခြောက်၊ ဝဥခြောက် ၊ ဆီးဆံ၊ ကွမ်းစားဂမုန်း၊ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ မာလာဥ၊ ချဉ်ပေါင်ဖာလာ၊ တောချင်းနဲ့တောင်လုံးကျော်တို့ဖြစ် ပါတယ်။တရုတ်နယ်စပ်မှ ပရဆေး တင်ပို့ခဲ့သလို မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း ကန်ဒေါ်လာ ၉၃၀၂ တန်ဖိုးရှိ ဆီးဖြူသီးခြောက် ၁၅ တန်ခွဲကို တင်ပို့ခဲ့တာတွေ့ရပါတယ်။

လာပြီ လာပြီ ကြက်သွန်နီ

Tue, 07/07/2015 - 20:47 -- journal_editor

ယောချောင်း၊ ကျောချောင်း ဧရာဝတီမြစ်ကမ်းနံဘေး တစ်လျှောက် ချောင်းရေမြစ်ရေကျ ချိန်မှာ ပေါ်ပေါက်လာတဲ့   သဲနုန်းမြေတွေပေါ်မှာ စိုက်တဲ့ကြက်သွန်နီကို တောင်သူတွေက ဆောင်းစိုက်  ချောင်းစိုက် ကြက် သွန်နီလို့ ခေါ်ကြပါတယ်။ ချောင်းစိုက်  ကြက်သွန်နီဟာ  ဧပြီလမှာ စတင် ပေါ်ပေါက်ပါတယ်။ ဒေသအခေါ် လှောင်လို့ရတဲ့ ကြက်သွန်နီလို့ခေါ် ပါတယ်။ မိုးတွင်းကာလမှာ စိုက်တဲ့ '' ဥ '' စိုက်ကြက်သွန်နီများ ဒေသအခေါ် မိုးတွင်းကာလမှာ မျိုးကြက်သွန်ဥကို  စိုက်တဲ့ကြက်သွန်နီတွေဟာ ဆောင်း စိုက်ချောင်းစိုက်ကြက်သွန်နီတွေ  ကုန်ခါနီးမှာ ကြားဖြတ်ပေါ်လာပေမယ့် အလှောင်မခံ၊ အထားမခံတဲ့ ကြက်သွန်နီပါ၊

ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် ၃၉၉ တန်ကျော်ဝင်

Tue, 07/07/2015 - 20:09 -- journal_editor

ဇွန်လ ၂၁ ရက်မှ ၂၇ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၃၃၈၇၇၃၄ တန်ဖိုးရှိ ဓာတ်ဆီ ၁၉၈ ဒသမ ၆၉၂ တန်နဲ့ ကန်ဒေါ်လာ ၁၃၆၆၅၁၄၆ တန်ဖိုးရှိ ဒီဇယ် ၂၀၀ ဒသမ ၃၉၂ တန် ကို ပင်လယ်ရေကြောင်း ကုန်သွယ် မှုလမ်းမှ တင် သွင်းရန် သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့  သိရပါတယ်။   ယခင်တစ်ပတ် ဓာတ်ဆီအဝင်မှာ ၂၇၃ တန်ကျော်  ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၇၅ တန်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီဇယ် ကလည်း ယခင်သီတင်းပတ်မှာ တန်ချိန် ၇၄၄ ကျော် ဝင်လာခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ၅၄၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။  ပြည်တွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်၃ ရက် နေ့အတွင်း ရောင်းချနေတဲ့ဓာတ်ဆီ

ဒေါ်လာဈေးမှာပြန်လည်မြင့်တက်လာပြန်

Tue, 07/07/2015 - 20:06 -- journal_editor

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း က ဈေးကျဆင်းသွားခဲ့ပြီးနောက် ဈေး ကွက်ပြန်ဖွင့်ချိန်တွင် အနိမ့်ဈေးဖြင့် ဈေးဖွင့်လာခဲ့သော်လည်း  ဈေးကွက် ပိတ်ရက်ရောက်ချိန်တွင် ဈေးပြန်လည် မြင့်တက်လာခဲ့ပြန်ကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။အစိုးရဘဏ်များနှင့်    ပုဂ္ဂလိက ဘဏ်များက သွင်းကုန်ပမာဏများပြား သည့်လုပ်ငန်းရှင်များအား  ဒေါ်လာ များရောင်းချပေးရန် ဗဟိုဘဏ်မှ ညွှန် ကြားချက်များထုတ်ပြန်ပြီးသည့်နောက် တွင် ဒေါ်လာဈေးများ ကျဆင်းခဲ့သော် လည်း လက်တွေ့တွင်မူ ပုဂ္ဂလိကဘဏ် များမှ ရောင်းချပေးနိုင်ခြင်းမရှိ၍ ပြင်ပ ဈေးကွက်ကိုပင် သွင်းကုန်လုပ်ငန်းရှင် များ အားထားလာခဲ့ရသည်။ထို့ကြောင့် ပြည်တွင်းငွေ လဲနှုန်း များမှာ    ကျဆင်းသ

Pages

Subscribe to RSS - စီးပွားရေးသတင်း