Main menu

Background

ကုန်စည်သတင်းများနှင့်ဈေးနှုန်းသတင်း

ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်အဆွဲသွက်

Mon, 03/23/2015 - 21:34 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

ဟင်္သာတဈေးကွက်မှာ   ဒီတစ်ပတ်မတ်ပဲ (Raw) ကို Export အတွက် အဓိကဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က  ဝယ် လိုအား ကောင်းနေတာကြောင့် ယခင်အပတ်ဖြင့်နှိုင်းယှဉ်ပါက ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၅၅၀ကျပ်(တစ်တန်ကို ၉၄၉၂၀၄ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။

မုံရွာဈေးကွက်မှာ မတ်ပဲနှင့် ပဲစင်းငုံနီ အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်

Mon, 03/23/2015 - 21:32 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

မူဆယ်ဈေးကွက်မှာ ပြောင်းအဝင်နည်းပေမယ့် တရုတ်ဝယ်အားပုံမှန်ရှိနေ

Mon, 03/23/2015 - 21:28 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းအနေဖြင့် နယ်စုံမှ တစ်ပတ်အတွင်း တန် ၂၉၀၀၀ ခန့် ဝင်ရောက်ခဲ့လို့ အဝင်နည်း သွားတယ်လို့ ဆိုရမှာပါ။ ပစ္စည်းအဝင်နည်းပေမယ့် တရုတ်လိုင်း ကတော့ ပုံမှန်အဝယ်ရှိခဲ့ကြောင်း၊ အရောင်းအဝယ်အနေဖြင့် ၅၀ ကီလို တစ်အိတ်ကို ၉၂ ယွမ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနှင့် ပဲစင်းငုံနီကို အိန္ဒိယအဆွဲသွက်လို့ ဈေးမြင့်

Mon, 03/23/2015 - 21:26 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

ရေစကြိုဈေးကွက်မှာ ပြောင်းနဲ့ ကုလားပဲ ပုံမှန်အရောင်းအဝယ်ဖြစ်

Thu, 03/12/2015 - 20:13 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို ရန်ကုန်ဝယ် လက်က ဝယ်လိုအား  ပုံမှန်ရှိသလို ရောင်းသူကုန်သည်တွေက လည်း  အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့ကြောင်း၊ အရောင်း အဝယ်အနေဖြင့်  တစ် ပိဿာကို ၃၅၀ ကျပ် ဈေးဖြင့် တစ်ရက်ကို အိတ် ၄၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေက   တစ်ပိဿာ ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးဖြင့် တစ်ရက်ကို အိတ် ၁၀၀ မှ ၂၀၀ ကြားဝယ်လိုအားပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။

အောင်လံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲ အရောင်းအဝယ်သွက်လာ

Thu, 03/12/2015 - 20:03 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်  ပဲစင်းငုံနီကို ရန်ကုန် ဝယ်လက်က ဝယ်လိုအားပြန်သွက်လာတာကြောင့် ယခင်တစ် ပတ်နဲ့ နှိုင်းယှဉ်ပါက ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄၆၀ ကျပ် (တစ်တန် ကို ၈၉၄၀၈၉ ကျပ်) ဈေးဖြင့် တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၄၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း  သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်) ကိုတော့ မြို့ခံပဲခွဲစက်တွေရဲ့ ဝယ်လိုအား ကောင်းတာကြောင့် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်) ဈေးဖြင့် တစ်ရက်ကို အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါ တယ်။

Pages

Subscribe to RSS - ကုန်စည်သတင်းများနှင့်ဈေးနှုန်းသတင်း