သီရိမင်္ဂလာဈေးနှင့် ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကုန်ဈေးနှုန်းများ
သစ်သီးဝလံ
Background
သစ်သီးဝလံ
ဘိလပ်မြေ
မော်လမြိုင်မြို့၌ ဇူလိုင်လစတုတ္ထပတ်တွင် ဘိလပ်မြေဈေး ကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။ ဈေးကွက်တွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေသော ဈေးမှာ ယခုတစ်ပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၁၉၀ဝ၊ ကြံ့တံဆိပ် (အပြာ) ကျပ် ၁၁၅၀ဝ၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၁၁၉၀ဝ၊ ဖြင့်အရောင်း အဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုသတ်ဆေး ဈေးနှုန်းမှာ အရောင်းအဝယ်အေး၍ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။
ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး
မြင်းခြံမြို့ရှိ စည်ပင်သာယာနယ်နိမိတ်အတွင်း အများပြည်သူ စားသုံးရန်အတွက် အေးမြသီတာဈေး၌ ရောင်းချနေသော ငါးအမျိုး အမည်အလိုက် ဈေးနှုန်းများမှာ ဇူလိုင်လ နောက်ဆုံးပတ်တွင် ငါးကြင်းနီ အကောင်လိုက်တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ မှ ၉၀ဝ၀ ထိ လည်းကောင်း၊ ငါးကြင်းဖြူအကောင်လိုက် တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ မှ ၁၁၀ဝ၀ ထိလည်း ကောင်း၊ ငါးခုတ်သားတစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀ မှ ၁၈၀ဝ၀ ထိလည်းကောင်း၊ ငါးကြင်းခြစ် (အသား) တစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀ မှ ၁၈၀ဝ၀ ထိလည်းကောင်း၊ ငါးမြင်း အကောက်လိုက် တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ မှ ၆၅၀ဝ ထိလည်း ကောင်း၊ ငါးခူတစ်ပိဿာလျှင် ကျပ် ၇၅၀ဝ မှ ၈၅၀ဝ ထိလည်းကောင်း၊ ငါးကြင်းရွှေဝါအကောင်လိုက် တစ်ပိဿာလျ
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်မြို့နယ်များတွင် စိုက်ပျိုးရေးခြံများနှင့် အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော လိုင်ချီးသီး (ဒေသအခေါ် တရုတ်ဆီး သီး/လေချူသီး)များ မေလမှစတင်၍ ပေါ်ထွက်နေပြီဖြစ်၍ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိနေသည်။
ပဲမျိုးစုံ
ပခုက္ကူမြို့နယ်တွင် ပဲမျိုးစုံဖြစ်သော ပဲစင်းငုံနီ၊ ကုလားပဲ အမျိုးမျိုး၊ ပဲယင်းနီ၊ ပဲယင်းဝါများ၊ ပဲနီ၊ ပဲထောပတ်နှင့် အခြား ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ယခုတစ်ပတ်တွင် အရောင်းအဝယ်ဖြစ်နေသောပဲများမှာ ပဲစင်းငုံနီ၊ ကုလားပဲဖြူ လုံးကြီး၊ ပဲယင်း၊ ထောပတ်ပဲ၊ ပြောင်းဖူးစေ့ (ဃဏ)၊ ပဲလွန်းပြာနှင့် နေလဲစေ့များ အရောင်းအဝယ်ဖြစ်နေသည်။ ပခုက္ကူကုန်စည်ဒိုင် သည် ပခုက္ကူမြို့၏ စီးပွားရေးအချက်အချာကျပြီး ရောင်းဝယ် ဖောက်ကားရာတွင်လည်း နေရာဒေသစုံမှ လာရောက်အရောင်း အဝယ်ဖြစ်နေသည်။
ဆန်စပါး
မွန်ပြည်နယ်သည် ရေမြေ၊ ရာသီဥတုကောင်း များရှိခြင်း ကြောင့် စပါးကိုအဓိကထား စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ဒေသဝမ်းစာ ဖူလုံရုံမျှမက ပြည်နယ်ပြင်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ထုတ်လုပ်ထွက်ရှိသည့် ပြည်နယ်တစ်ခုလည်းဖြစ်သည်။ ပြည်နယ် အတွင်းထွက်ရှိရုံမျှမက စပါးကိုကြိတ်ခွဲ ထုတ်လုပ်နိုင်ရန်အတွက် ဆန်စက်လုပ်ငန်းများသည်လည်း မရှိမဖြစ်သော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းအနေဖြင့် ယခုအခါ မွန်ပြည်နယ် ၁၀ မြို့နယ်အဆင့်ထိပါ မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းကို တိုးချဲ့ဆောင်ရွက်လာ နိုင်ပြီဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ ၂၀၂၄ ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်မှ မေလဆန်းအတွင်း ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေး နှုန်းများမှာ ကြက်သွန်ဖြူ (ကြူကုတ်-ရှယ်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ် ၁၃၀ဝ၀၊ အနိမ့်ဈေး ကျပ် ၁၂၅၀ဝ၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၂) တစ်ပိဿာ လျှင် ကျပ် ၆၅၀ဝ၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၃) တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊ ကြက်သွန်ဖြူ (အောင်ပန်း ထူး-၄) တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ၊ ကြက်သွန်ဖြူ (အောင်ပန်း ထူး-၅) တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀၊ ငရုတ်သီး(ဆင်ဖြူကျွန်း-ပု) တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ မှ ၁၁၀ဝ၀ ၊ ငရုတ်သီး(ပန်းရဲ-သစ်) တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ မှ ၄၅၀ဝ၊ ငရုတ်သီး မြှားန
ပုသိမ်မြို့ ပြည်ပပို့ကုန်သီဟိုဠ်ဈေးကွက်၌ ရာသီ သီးနှံအဖြစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဈေးကွက်ဝင် ရောက်လျက် မေလဒုတိယပတ်ရောက်လျှင် သီဟိုဠ်ရာသီ ကုန်ဆုံးသွားကြောင်း သီဟိုဠ်အဝယ်ဒိုင်များမှသိရသည်၊ သီဟိုဠ်ပေါ်ချိန် မြို့ပေါ်တွင် အဝယ်ဒိုင် ငါးဒိုင်ခန့်မှ သီဟိုဠ်စေ့ များကိုဝယ်ယူ၍ ရန်ကုန်မြို့သို့ အဓိကတင်ပို့မှုရှိပြီး ရန်ကုန် စက်မှုဇုန်ရှိ သီဟိုဠ်ခွဲစက်များမှ ကုန်ချောပြုလုပ်ကာ ပြည်တွင်း/ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှုရှိကြောင်း ဈေးကွက်မှ သိရသည်၊
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မြို့မဈေးတွင် ဧပြီလစတုတ္ထပတ်အတွင်း ရောင်းချနေသော အခြေခံ စားသောက်ကုန်များ၏ ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်း တစ်အိတ် လျှင် ကျပ် ၁၇၀ဝ၀ဝ ၊ ဧည့်မထဆန် တစ်အိတ် ကျပ် ၇၈၀ဝ၀၊ စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆီ တစ်ပိဿာ ကျပ် ၁၆၀ဝ၀ ၊ နှမ်းဆီတစ်ပိသာ ကျပ် ၁၆၀ဝ၀၊ ကြက်သွန်နီ (ကြီး)တစ်ပိဿာ ကျပ် ၃၀ဝ၀၊ ကြက်သွန်နီ(သေး) တစ်ပိဿာ ကျပ် ၂၈၀ဝ၊ ကြက်သွန်ဖြူရှမ်းမြွှာ တစ်ပိဿာ ကျပ် ၁၄၀ဝ၀၊ ကြက်သွန်ဖြူ ကြူကုတ် တစ် ပိဿာ ကျပ် ၁၃၀ဝ၀၊ ငရုတ်ခြောက်အရှည် တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ၊ ငရုတ်ခြောက်အပွ တစ်ပိဿာ ကျပ် ၂၄၀ဝ၀ နှုန်းဖြင့် ရောင်းဝယ်နေသည်။
ပွတ်သားဈေးကျသော်လည်း သကြားဈေးတက်
နတ်တော်လမှစတင်ကာ ယခုတပေါင်းလအထိ ကြံစိုက် တောင်သူများကိုယ်တိုင် ပွက်သားများကို ချက်၍ သကာရည်များ တင်ပို့ရောင်းချလျက်ရှိသည်။ ကသာ၊ ထီးချိုင့်၊ တွင်းငယ်မြို့များ၏ အခေါ်ဝေါ်မှာ ပွက်သားသို့မဟုတ် သကာရည်၊ ရှမ်းပြည်နယ်မြောက် ပိုင်းဒေသတို့မှ တင်လဲရည်ဟုခေါ်ဆိုကြသည်။ မတ္တရာမြို့နယ်၊ ပြင်ဦးလွင်၊ နောင်ချိုမြို့နယ်တို့မှထွက်ရှိသည့်ကြံများကို တစ်တန် လျှင် ကျပ် ၁၂၀ဝ၀ဝ မှ ၁၃၀ဝ၀ဝ ငွေရည်ပုလဲသကြားစက်နှင့် ဝေမာလ်သကြားစက်များ သို့ ရောင်းချကြသည်။