Main menu

Background

ကုန်စည်သတင်းများနှင့်ဈေးနှုန်းသတင်း

‌မေလအတွင်း သိမ်ဖြူဈေးတွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ/နီ လက်ကားဈေးနှုန်းများ

Mon, 06/05/2023 - 11:24 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ ဈေးကြီးအတွင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီများအား ကား၊ ရထား တို့ဖြင့်  ဘုရင့်နောင်ကုန်စည်ဒိုင်နှင့်  ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ မေလပထမပတ်တွင် ကြက်သွန်နီ(ဆိပ်ဖြူ)အဝင်  ၃၉၁၅၀ ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်)  ပိဿာ  ၅၅၅၀ ဝင်ရောက်ခဲ့ပြီး   ကြက် သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ကျပ် ၂၀ဝ၀ မှ ၂၅၀ဝ  ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာ လျှင် ကျပ် ၅၅၀ဝ မှ ၇၀ဝ၀  ထိရှိခဲ့သည်။ မေလ ဒုတိယပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင်  ပိဿာ ၃၄၉၀ဝ  နှင့် ကြက်သွန်ဖြူ (ကြူကုတ်)

ငါန်းဇွန်မြို့မဈေးတွင်ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Tue, 05/23/2023 - 13:47 -- journal_editor

ငါန်းဇွန်မြို့ရှိ မြို့မဈေးတွင်  ယခု ဒုတိယပတ်အတွင်း   ဖြစ်ပေါ် ခဲ့သော  အခြေခံစားသောက်ကုန်များ၏    လက်လီဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(ဟောင်း) တစ်ပြည်လျှင်ကျပ် ၄၅၀ဝ၊ (အသစ်)တစ် ပြည်လျှင်ကျပ် ၃၈၀ဝ၊ မဂျမ်းတော(ဟောင်း)တစ်ပြည်လျှင်  ကျပ် ၄၂၀ဝ၊ (အသစ်)တစ်ပြည်လျှင် ကျပ် ၃၇၀ဝ၊ ပုသိမ်ပေါ်ဆန်း(ဟောင်း)တစ်ပြည်လျှင် ကျပ် ၄၀ဝ၀ ၊ မနောသုခတစ်ပြည်လျှင်  ကျပ် ၂၇၀ဝ၊ ၃၀ဝ၀၊ကုလားပဲခြမ်း တစ်ပြည်လျှင် ကျပ် ၆၄၀ဝ၊ ပဲထောပတ် တစ် ပြည်လျှင် ကျပ် ၅၀ဝ၀၊ ကြက်ဥတစ်လုံးလျှင်  ကျပ် ၂၅၀၊၂၈၀၊ ဘဲဥ တစ်လုံးလျှင် ကျပ် ၃၅၀၊ ၄၀ဝ၊ သားငါးဈေးများအနေဖြင့် ငါးကြင်း တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊ ငါးမြစ်ချင်း   တစ်ပိဿာလျှင် ကျပ် ၈

နေပြည်တော်ကောင်စီနယ်မြေအတွင်းရောင်းချလျက်ရှိသောအခြေခံစားကုန်ဈေးနှုန်းများ

Tue, 05/23/2023 - 13:45 -- journal_editor

၂၀၂၃ခုနှစ် မေလ တတိယပတ်အတွင်း နေပြည်တော် ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည်  ၄၄၅၀ကျပ်၊ ဧည့်မထ တစ်ပြည် ၂၆၅၀ကျပ်၊ မနောသုခ တစ်ပြည် ၂၄၅၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် သီဟိုဠ်ဈေးကွက်ကောင်းနေ

Wed, 03/01/2023 - 15:35 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်များတွင် ပြည်ပပို့ကုန်သီဟိုဠ်ဈေးကွက်မှာ ရာသီ သီးနှံအဖြစ်  ဖေဖော်ဝါရီလတတိယပတ်မှစတင်၍ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး မတ်လပိုင်းမှာ သီဟိုဠ်လှိုင်လှိုင်ပေါ်သည့် အချိန်ဖြစ်ကြောင်း၊ မိုးမရွာခင်အချိန်အထိ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်၍ မေလ၊ ဇွန်လများတွင် မိုးရွာသွန်းပါက သီဟိုဠ်စေ့မှာ မိုးမိလျှင်  ရေဝင်ပြီး အသီးမှာမည်းသွားသည့်အတွက် ဈေးကွက်တွင် အရောင်းအဝယ်မဖြစ်တော့ဘဲ သီဟိုဠ်ရာသီ ပြီးဆုံးသွားကြောင်း ဈေးကွက်မှ သိရသည်။

ချောက်မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ဈေးနှုန်းအခြေအနေ

Fri, 12/09/2022 - 11:06 -- journal_editor

မကွေးတိုင်းဒေသကြီး  ချောက်ခရိုင် ချောက်မြို့နယ်ရှိ မြို့မဈေးသည် အနီးပတ်ဝန်းကျင်ကျေးရွာများမှ နေ့စဉ် လာရောက်သည့်အပြင်  ဆိပ်ဖြူနှင့် ယောနယ်ဒေသမှ   စားသုံးသူများကလည်း လာရောက်ရောင်းဝယ်ဖောက်ကားရာ ဈေးဖြစ်သည်။ 

မော်လမြိုင်ကုန်စည်ဒိုင် ကုန်စည်ဈေးနှုန်း

Thu, 09/22/2022 - 15:44 -- journal_editor

စက်တင်ဘာ ၇ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်း ပေါက်ဈေးများ မှာ ၁၀၈ ပေါင်ဆန်တစ်အိတ် (အနိမ့်) ဈေးနှုန်း ဧည့်မထ ကျပ် ၄၁၅၀ဝ၊ ပေါ်ကျွဲ ကျပ် ၅၀၅၀ဝ၊ ပေါ်ဆန်း ကျပ် ၆၁၅၀ဝ၊ ၂၀ ပိဿာဝင် ပဲတစ်တင်း ဈေးနှုန်း ပဲတီစိမ်း ကျပ် ၄၁၀ဝ၀၊ မတ်ပဲ ကျပ် ၆၄၈၀ဝ၊ ပဲလွမ်းဖြူ  ကျပ် ၄၂၀ဝ၀၊ ဗိုလ်ကိတ်ပဲ ကျပ် ၃၉၀ဝ၀၊ ပဲပုပ် ကျပ်  ၆၀ဝ၀ဝ၊ သစ်သီးဝလံတွင် ပန်းရောင်ကျွဲကောသီး ကျပ် ၆၀ဝ မှ ၁၈၀ဝ၊ ကျွဲကောသီးအဖြူ  ကျပ် ၆၀ဝ မှ ၁၀ဝ၀၊ ရေထွက်ကုန် တစ်ပိဿာ ဈေးနှုန်း ငါးတန် ကျပ် ၃၃၀ဝ၊ ငါးမြစ်ချင်း ကျပ် ၆၀ဝ၀၊ တီလားဗီးရား ကျပ် ၇၃၀ဝ၊ ကင်းမွန် ကျပ် ၁၈၀ဝ၀၊ ကကတစ် ကျပ် ၁၄၅၀ဝ၊ ငါးကွန်းရှပ် ကျပ် ၈၅၀ဝ၊ ငါးပုတ် သင် (ငါးဗျက်) ကျပ

ရှမ်းပြည်နယ်(တောင်ပိုင်း) နိုဝင်ဘာလအတွင်း ကုန်စည်စီးဆင်းမှုအခြေအနေ

Thu, 12/03/2020 - 14:38 -- journal_editor

ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်များဖြစ်သော တောင်ကြီး၊ အောင်ပန်း၊ ရပ်စောက်၊ ကလော၊ ညောင်ရွှေ၊ ရွာငံမြို့များမှ ဒေသတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ မြဝတီ၊ မြင်းခြံ၊ နေပြည်တော်၊ မုံရွာ၊ ပြည်၊ စစ်တွေ၊ တပ်ကုန်း၊ မိတ္ထီလာ၊ သာစည်၊ တောင်ငူနဲ့ပဲခူးမြို့များသို့ သီးနှံနှင့် သစ်သီးဝလံ၊ ကုန်စိမ်းမျိုးစုံ စီးထွက် လျှက်ရှိရာ အောင်ပန်း ကုန်စည်ဒိုင်၏ ပေးပို့သော စာရင်းများအရ အစေ့ထုတ်ပြောင်းတစ်ပိဿာ ၃၅၀ ကျပ်မှ ၃၈၀ ကျပ်နှုန်းဖြင့် ကုန်ချိန် ၃၈၈၀ဝ၀၊ ပန်းနှမ်းတစ်ပိဿာ ၁၄၀ဝကျပ်မှ ၁၅၀ဝကျပ် နှုန်းဖြင့် ကုန်ချိန် ၅၅၀ဝ၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁၅၀ဝကျပ်မှ ၂၅၀ဝ ကျပ်နှုန်းဖြင့်  ကုန်ချိန် ၅၁၃၀ဝ၀၊ အာလ

ရော်ဘာ၊ မတ်ပဲနှင့် ဆန်သစ်များ ဈေးတက်နေပြီး ပဲပုတ်ဈေးကျလာသည့် မော်လမြိုင်ကုန်စည်ဒိုင်

Tue, 12/01/2020 - 15:07 -- journal_editor

၂၀၂၀ ဒီဇင်ဘာ ၁ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ ရာဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၆၀၊ ၁၀၈ ပေါင်(ဆန်သား၉၀%) ဆန်(သစ်)တစ်အိတ် ဈေးနှုန်းမှာ ဧည့်မထ ကျပ် ၂၄၅၀၀၊ ပေါ်ဆန်း ကျပ် ၃၆၀၀၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်းများမှာ ပဲတီစိမ်း ကျပ် ၃၆၀၀၀၊ မတ်ပဲ ကျပ် ၃၄၄၀၀၊ ပဲလွန်းဖြူ ကျပ် ၃၄၀၀၀၊ ဘိုကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၁၀၀၀၊ မြေပဲ ၆၁၀၀၀ ကျပ်၊ သစ်သီးဝလံမှ ကျွဲကောသီး ပန်းရောင်လက္ကားဈေး တစ်လုံး ကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင် လက္ကားဈေး တစ်လုံး ကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒေသထွက်ဒူးရင်းသီး တစ်လုံး ကျပ် ၂၀၀၀ မှ ၄၀၀၀၊  မင်းဂွတ်သီး တစ်လုံး ၅၀ မှ ၁၅၀ ကျပ်၊ ရေထွက်ကုန်တစ်ပိဿာ(

လွိုင်ကော် ( ချင်း ) ဈေးနှုန်း

Thu, 11/12/2020 - 15:31 -- journal_editor

ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း(ချင်း)ကို အောင်ပန်း၊ ကလောဒေသတို့ဘက်မှ အများဆုံး တင်ပို့သည်။ ဒေသအတွင်းမှာလည်း (ချင်း) ကို အနည်းငယ်ထွက်ရှိလျက်ရှိရာ ယခုလက်ရှိ နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ် နေသော(ချင်း) (သစ်) ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၂၀၀၀ မှ ၊ ကျပ်  ၁၅၀၀ ဖြင့် ဈေးနှုန်း အသီးသီးဈေးနှုန်း ပေါက်လျက်ရှိပြီး ချင်း(အဟောင်း) တစ်ပိဿာလျှင် ကျပ် ၃၅၀၀ ဈေးနှုန်းပေါက် လျက်ရှိကြောင်း(ချင်း) ရောင်းချသူ တစ်ဦးထံမှသိရှိရပါသည်။

 အေးအေးမော်(ကယား)

Pages

Subscribe to RSS - ကုန်စည်သတင်းများနှင့်ဈေးနှုန်းသတင်း