နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ
၂၀၂၄ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း နေပြည်တော် ကောင်စီနယ်မြေတွင် အခြေခံ စားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၆၈၀ဝကျပ်၊ ဧည့်မထ တစ်ပြည် ၃၆၅၀ကျပ်၊ မနော သုခ တစ်ပြည် ၃၆၀ဝကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ကျပ် ၄၀ဝ၀၊ (လတ်)တစ်ပိဿာ ကျပ် ၃၆၀ဝ၊ (သေး)တစ်ပိဿာ ကျပ် ၃၂၀ဝ နှုန်း ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။