ပြည်ဈေးကွက်မှာ ပဲစင်းငုံနီ ရန်ကုန်အဝယ်သွက်၊ ကုလားပဲ(သစ်) အဝင်များလို့ ဈေးကျ
အတွဲ(၁၅)အမှတ်(၁၂)
Background
အတွဲ(၁၅)အမှတ်(၁၂)
အတွဲ(၁၅)အမှတ်(၁၂)
လားရှိုးဈေးကွက်မှာ နယ်စုံမှ ပစ္စည်းအဝင်နည်းနေပေမယ့် တရုတ်ဝယ်လက်နှင့် ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များ အတွက် ဝယ်ယူနေတဲ့ လှောင်လက်တွေ အဝယ်ဆုံနေပြီး တစ် ပိဿာကို ၄၀၀ ကျပ်ဈေးဖြင့် တစ်ပတ်အတွင်း ပိဿာချိန် ၆ သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။
အတွဲ(၁၅)အမှတ်(၁၂)
အောင်လံဈေးကွက်မှာ ပဲစင်းငုံနီအနေဖြင့် ရောင်းသူကုန် သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် နထစသမအ အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်ကတော့ ဝယ်လိုအား သွက်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ် ပိဿာကို ၁၄၉၀ ကျပ် (တစ်တန်ကို ၉၁၂၄၆၁ ကျပ်)ဈေးဖြင့် တစ်ရက်ကို အိတ် ၆၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ အနေဖြင့် ဒီနှစ်မှာရာသီဥတုမမှန်လို့ အထွက်နှုန်းလျော့ကျခဲ့ပေ မယ့် ဈေးကောင်းရနေကြောင်း မြို့ခံကုန်သည်တစ်ဦးက ပြောပါ တယ်။
အတွဲ(၁၅)အမှတ်(၁၂)
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းသီးနှံကို ရန်ကုန်-မန္တလေးဝယ်လိုအားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည် တွေထံမှာတော့ ပစ္စည်းအဝင်နည်းနေကြောင်း သိရပါတယ်။ အရောင်းအဝယ် အနေဖြင့် တစ်ပိဿာ ၃၅၅ ကျပ်ဈေးဖြင့် တစ် ပတ်အတွင်း ပိဿာ ချိန် ၄ သိန်းခန့်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်း ကုန်သည်တစ်ဦးက ဆိုပါတယ်။
အတွဲ(၁၅)အမှတ်(၁၂)
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (Raw) ကို Export အတွက် အဓိကဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဝယ် လိုအား ကောင်းနေတာကြောင့် ယခင်အပတ်ဖြင့်နှိုင်းယှဉ်ပါက ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၅၅၀ကျပ်(တစ်တန်ကို ၉၄၉၂၀၄ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။
အတွဲ(၁၅)အမှတ်(၁၂)
အတွဲ(၁၅)အမှတ်(၁၂)
အတွဲ(၁၅)အမှတ်(၁၂)
အတွဲ(၁၅)အမှတ်(၁၂)
မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းအနေဖြင့် နယ်စုံမှ တစ်ပတ်အတွင်း တန် ၂၉၀၀၀ ခန့် ဝင်ရောက်ခဲ့လို့ အဝင်နည်း သွားတယ်လို့ ဆိုရမှာပါ။ ပစ္စည်းအဝင်နည်းပေမယ့် တရုတ်လိုင်း ကတော့ ပုံမှန်အဝယ်ရှိခဲ့ကြောင်း၊ အရောင်းအဝယ်အနေဖြင့် ၅၀ ကီလို တစ်အိတ်ကို ၉၂ ယွမ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ
အတွဲ(၁၅)အမှတ်(၁၂)