Main menu

Background

ကုန်စည်သတင်းများနှင့်ဈေးနှုန်းသတင်း

တောင်ကြီးဈေးကွက်မှာ ပြောင်းကို ရန်ကုန်-မန္တလေးဝယ်လိုအားပုံမှန်ရှိနေ

Mon, 03/23/2015 - 21:35 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

တောင်ကြီးဈေးကွက်မှာ   ဒီတစ်ပတ်  ပြောင်းသီးနှံကို ရန်ကုန်-မန္တလေးဝယ်လိုအားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည် တွေထံမှာတော့ ပစ္စည်းအဝင်နည်းနေကြောင်း သိရပါတယ်။ အရောင်းအဝယ် အနေဖြင့် တစ်ပိဿာ ၃၅၅ ကျပ်ဈေးဖြင့် တစ် ပတ်အတွင်း ပိဿာ ချိန် ၄ သိန်းခန့်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်း ကုန်သည်တစ်ဦးက ဆိုပါတယ်။

ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်အဆွဲသွက်

Mon, 03/23/2015 - 21:34 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

ဟင်္သာတဈေးကွက်မှာ   ဒီတစ်ပတ်မတ်ပဲ (Raw) ကို Export အတွက် အဓိကဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က  ဝယ် လိုအား ကောင်းနေတာကြောင့် ယခင်အပတ်ဖြင့်နှိုင်းယှဉ်ပါက ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၅၅၀ကျပ်(တစ်တန်ကို ၉၄၉၂၀၄ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။

မုံရွာဈေးကွက်မှာ မတ်ပဲနှင့် ပဲစင်းငုံနီ အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်

Mon, 03/23/2015 - 21:32 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

မူဆယ်ဈေးကွက်မှာ ပြောင်းအဝင်နည်းပေမယ့် တရုတ်ဝယ်အားပုံမှန်ရှိနေ

Mon, 03/23/2015 - 21:28 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းအနေဖြင့် နယ်စုံမှ တစ်ပတ်အတွင်း တန် ၂၉၀၀၀ ခန့် ဝင်ရောက်ခဲ့လို့ အဝင်နည်း သွားတယ်လို့ ဆိုရမှာပါ။ ပစ္စည်းအဝင်နည်းပေမယ့် တရုတ်လိုင်း ကတော့ ပုံမှန်အဝယ်ရှိခဲ့ကြောင်း၊ အရောင်းအဝယ်အနေဖြင့် ၅၀ ကီလို တစ်အိတ်ကို ၉၂ ယွမ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနှင့် ပဲစင်းငုံနီကို အိန္ဒိယအဆွဲသွက်လို့ ဈေးမြင့်

Mon, 03/23/2015 - 21:26 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

ရေစကြိုဈေးကွက်မှာ ပြောင်းနဲ့ ကုလားပဲ ပုံမှန်အရောင်းအဝယ်ဖြစ်

Thu, 03/12/2015 - 20:13 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို ရန်ကုန်ဝယ် လက်က ဝယ်လိုအား  ပုံမှန်ရှိသလို ရောင်းသူကုန်သည်တွေက လည်း  အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့ကြောင်း၊ အရောင်း အဝယ်အနေဖြင့်  တစ် ပိဿာကို ၃၅၀ ကျပ် ဈေးဖြင့် တစ်ရက်ကို အိတ် ၄၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေက   တစ်ပိဿာ ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးဖြင့် တစ်ရက်ကို အိတ် ၁၀၀ မှ ၂၀၀ ကြားဝယ်လိုအားပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။

Pages

Subscribe to RSS - ကုန်စည်သတင်းများနှင့်ဈေးနှုန်းသတင်း