ပင်ရင်းနိုင်ငံ အထောက်အထားထက် ထုတ်ကုန်အရည်အသွေးက ပိုမိုအရေးပါ
ထုတ်ကုန်များကို အမှတ်တံဆိပ်တပ်ခြင်းနှင့်ပတ်သက်၍ ဗီယက်နမ်နိုင်ငံတွင် စည်းမျဉ်းဥပဒေများ ရှိထားပြီး ဖြစ်သော်လည်း ထုတ်ကုန်များကို Made in Vietnam ဟု အမှတ်တံဆိပ် တပ်ရာတွင် စံနှုန်းသတ်မှတ်ချက်မရှိ သေးကြောင်း ဗီယက်နမ်နယူးစ်အေဂျင် စီသတင်းတွင်ဖော်ပြသည်။ ဟနွိုင်းမြို့၌ ဇူလိုင် ၁၇ ရက်က ကျင်းပသော နှီးနှောဖလှယ်ပွဲတစ်ခုတွင် ဗီယက်နမ် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (VCCI) ရှိ ကူးသ န်းရောင်းဝယ်ရေးအထောက် အထား အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရေးစင်တာမှ ညွှန်ကြားရေးမှူး ထရမ်သီသူဟောင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။