တရုတ်တစ်နိုင်ငံလုံး 5G မိုဘိုင်းဖုန်းများ ရောင်းချရန် ဟွာဝေး ခြေလှမ်းပြင်
ဟွာဝေး Mate 20 X (5G)ကို တရုတ်နိုင်ငံတွင် သြဂုတ် ၁၆ ရက်၌ စတင်ရောင်းချကြောင်း ဂလိုဘယ်တိုင်းမ် သတင်းတွင်ဖော်ပြသည်။ ရောင်းချသော မိုဘိုင်းဖုန်းမှာ တစ်ခုနှင့်တစ်ခု မတူညီသော SA နှင့် NSA ကွန်ရက် နှစ်ခုစလုံးတွင်အသုံး ပြုနိုင်ပြီး ထိုသို့အသုံးပြုနိုင်မည့်ဖုန်းများ အနက် ယခုဖုန်းမှာ ပထမဆုံးထုတ် လိုက်သော မိုဘိုင်းဖုန်းအမျိုးအစား ဖြစ်သည်။ ဟွာဝေး၏ လှုပ်ရှားမှုသည် 5G ကွန်ရက်ကိုတစ်နိုင်ငံလုံး၌ စီးပွား ဖြစ်ရောင်း ချရန် ခြေတစ်လှမ်း ပြင် လိုက်ခြင်းဖြစ်သည်။ ဂလိုဘယ်တိုင်းမ် သတင်း ထောက်က ပေကျင်းမြို့တွင်းပိုင်းရှိ စတိုးဆိုင်နှစ်ဆိုင်ကို သွားရောက် စုံစမ်းရာ ဖုန်းတန်ဖိုးကို ၆၁၉၉