ရွှေဘိုဈေးကွက်တွင် စားတော်ပဲနှင့် စားတော်ပဲလုံးရေစိမ် ဈေးအနည်းငယ်မြင့်တက်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တွင် ဒေသတွင်းထွက်ရှိသည့် စားတော်ပဲ များသာမက မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တကောင်းမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြပြီး အစိမ်းသာမက ရေစိမ်၍လည်း ရောင်းချကြ သည်။ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချသည့် စားတော်ပဲဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၁၁၀ဝ၀ နှင့် တစ်တင်းလျှင် ကျပ် ၁၇၆၀ဝ၀ ဖြစ်ပြီး ယခင်တစ်ပတ်ထက် စားတော်ပဲ တစ်ပြည်လျှင် ကျပ် ၁၀ဝ၀ ဈေး ပိုမြင့်ခဲ့ကြောင်းသိရသည်။
