ပခုက္ကူဒေသထွက်ကုန်သီးနှံများ
မြေပဲ
Background
မြေပဲ
ပြည်ခရိုင်အနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ် တွင် ဧည့်မထဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀ ဈေးရှိပြီး တစ်ပြည်လျှင် ကျပ် ၃၀ဝ၀ နှုန်းဖြင့် ဆန်ဆိုင်နှင့် ဆန်ပွဲရုံများတွင် နေ့စဉ်ရောင်းချပေးလျက်ရှိသည်။ ဆီဈေး နှုန်းအနေဖြင့် ပဲဆီတစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀ ၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၆၅၀ဝ နှင့် စားအုန်းဆီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ ဈေးရှိသည်။
ပုသိမ်မြို့ ဆန်စပါးဈေးကွက်တွင် စက်တင်ဘာလအတွင်း ပေါ်ဆန်း စပါးဈေး တစ်တင်း ကျပ် ၂၈၅၀ဝ ဆန်တစ်အိတ် ကျပ် ၁၁၈၀ဝ၀ ၊ ဧည့်မထ မိုးမနောသုခ မျိုးပွားစပါး တစ်တင်း ကျပ် ၂၀၈၀ဝ ဆန်တစ်အိတ်ကျပ် ၈၀ဝ၀ဝ၊ နွေသီးထပ်ရင်စပါး တစ်တင်း ကျပ် ၁၅၇၄၀ ဆန် တစ်အိတ်ကျပ် ၇၂၀ဝ၀ ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ဆန်စပါးဈေးကွက်မှ သိရ သည်။
သန်လျင်မြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစား အလိုက် အောက်တိုဘာလ ပထမပတ်တွင် ဧည့်မထတစ်ပြည်လျှင် ကျပ် ၃၅၀ဝ-၄၀ဝ၀ ထိ၊ ဧရာဝတီ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၃၀ဝ-၅၅၀ဝ၊ ငစိန်အုပ်စု ပုသိမ်ရာကျော် တစ်ပြည်လျှင် ကျပ် ၃၀ဝ၀-၃၂၀ဝ၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်ပတ်တွင် ကျပ် ၇၀၅၀၊ ယခုတစ်ပတ်တွင် ကျပ် ၆၉၂၀ ဖြင့် ဈေးနှုန်း အနည်းကျဆင်းလျက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ ဖြင့် လည်းကောင်း၊ ကြက် သွန်နီ အသစ်ဆိုဒ်စုံ တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ-၃၃၀ဝ၊ ကြက်သွန် ဖြူ(ကြက်ကုတ်) တစ်ပိဿာလျှင် ကျပ် ၂၁၀ဝ၀ ၊ ရိုးရိုးဆားတစ်ပိဿာလျှင် ကျပ် ၁၀ဝ၀၊ ငရုတ်တောင့်(အပု) တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀၊
နှမ်းသီးနှံကို လူအများက နှမ်းဆီကြိတ်၍ စားသုံးကြသလို နှမ်း သီးနှံအတိုင်းကို လိုအပ်သလိုပြုလုပ်၍ စားသုံးကြသည်။ နှမ်းသီးနှံ ကို ဆီကြိတ်၍ စားသုံးလျှင် ကျန်းမာရေးအတွက် အထောက်ကူဖြစ်စေ သည်။ နှမ်းသီးနှံတစ်တင်းကို ဆီကြိတ်လျှင် ဆီခြောက်ပိဿာခန့်ထွက် ရှိပြီး နှမ်းဖတ်ငါးပိဿာခန့် ထွက်ရှိသည်။ နှမ်းကို ဆီကြိတ်ရာတွင် နှမ်းနီကို အဓိကထား၍ ဆီကြိတ်ကြပြီး နှမ်းနီမရှိလျှင် နှမ်းနက်ကို ဆီကြိတ်ကြသည်။ နှမ်းနီကို ဆီကြိတ်လျှင် ဆီအထွက်နှုန်းကောင်းပြီး နှမ်းနက်ကို ဆီကြိတ်လျှင် ဆီအထွက်နှုန်းနည်းပြီး ဆီအရောင်မှာ အနည်းငယ် မည်းတတ်သည်။ နှမ်းနီမှထွက်ရှိသောဆီမှာ စားသုံးရန် သင့်တော်ပြီး နှမ်းနက်မှထွက်ရှိသော
ဇူလိုင်လအတွင်း ပြည်ဈေးကွက်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့် မြေပဲဆန်ဈေးများ မြင့် တက်လာခဲ့သည်။ မိုးနှမ်းနှင့် မိုးမြေပဲများ စိုက်ပျိုးချိန်ဖြစ်၍ ဝင်ရောက်မှုမရှိခြင်း၊ ဒေသတွင်းလည်း လာ ရောက် ရောင်းချခြင်းမရှိ၍ ယခင်လက်ကျန်များဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
မိတ္ထီလာခရိုင် မိတ္ထီလာမြို့ရှိ မြို့မ ဈေးကြီးတွင် လူသုံးကုန်၊ စားသောက် ကုန်များ လက်လီလက်ကားရောင်းချ လျက်ရှိသည်။ ဇူလိုင်လ စတုတ္ထပတ် အတွင်း ဖြစ်ပေါ်နေသော အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်း တစ်ပြည် ကျပ် ၆၅၀ဝ၊ မနော သုခ တစ်ပြည် ကျပ် ၂၇၀ဝ-၃၃၅၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ အခြေခံစားကုန်များ၏ တစ်ပိဿာ ဈေးနှုန်းများမှာ စားအုန်းဆီ ကျပ် ၆၀ဝ၀၊ မြေပဲဆီ တစ်ပိသာလျှင် ကျပ် ၁၆၀ဝ၀-၁၇၀ဝ၀၊ နှမ်းဆီ တစ်ပိဿာ လျှင် ကျပ် ၁၄၅၀ဝ-၁၆၀ဝ၀ တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကုလားပဲဆန် တစ်ပိဿာ ကျပ် ၆၂၀ဝ၊ ကြက်သွန်နီ လက်လီတစ်ပိဿာ ကျပ် ၂၂၀ဝ၊ ကြက်သွန်ဖြူ တစ်ပိ
ယခုအချိန်တွင် မိုးရာသီ ရောက်ရှိနေပြီဖြစ်သည့် အတွက် ရာသီစာဖြစ်သော မန်ကျည်းသီး စိမ်းများ ဈေးကွက် သို့ ဝင်ရောက်နေပြီဖြစ်သည်။ မန်ကျည်းသီးစိမ်းများကို ပြည်မြို့နယ် အနီးတစ်ဝိုက်ဖြစ်သော ရွှေတောင်၊ ပေါက်ခေါင်း၊ သဲကုန်း၊ ပြည်တစ်ဖက်ကမ်းရှိ ရွှေဘုံသာ၊ ငွေဘုံသာကျေးရွာ များမှ ပြည်ဈေးကွက်အတွင်းသို့ လာရောက်ရောင်းချကြသည်။
ပြည်ဈေးကွက်အတွင်းတွင် ရောင်းချသော မန်ကျည်း သီးစိမ်းဈေးများမှာ ယခင်နှစ်တွင် ၁၀ ကျပ်သားလျှင် ကျပ် ၆၀ဝ-၇၀ဝ ဖြင့်ရောင်းချခဲ့ပြီး ယခုနှစ် ဇူလိုင်လနောက်ဆုံး ပတ်တွင် ၁၀ ကျပ်သားလျှင် ကျပ် ၁၂၀ဝ ဖြင့်ရောင်းချနေ ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် ကြီးပင် ကန်ကျေးရွာအုပ်စုရှိ ကြီးပင်ကန်ကျေးရွာတွင် တောင်သူများအနေဖြင့် နွေနှမ်း ဧက ၃၀ဝ ကျော်ကို ၂၀၂၄ ခုနှစ် ဧပြီလတွင် ထွန်ကြောင်းဆွဲအစေ့ချ စနစ်ဖြင့် ဆည်ရေကိုအသုံးပြုကာ စိုက်ပျိုးကြောင်း သိရသည်။
ပဲတီစိမ်း
ပဲတီစိမ်းမှာ မေလပထမပတ်မှစတင်၍ ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇူလိုင် စတုတ္ထပတ်တွင် အရောင်း အဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၇၀၅၀ဝ ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ ၄၅၀ဝ တင်း၊ ၁၄၇ တန် ဖြစ်ကြောင်း၊ ယခင်တစ်ပတ်က ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၆၅၀ဝ၀ ပေါက်ဈေးရှိခဲ့သဖြင့် ယခုပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၅၅၀ဝ ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုတစ်ပတ်တွင် ပဲတီစိမ်းဈေး ဆက် လက်မြင့်တက်လာသည့်အပြင် အရောင်းအဝယ် လည်းကောင်းလာ ကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများထံမှ သိရ သည်။