ဒေသမရွေးသည့် စီးပွားဖြစ် စပျစ်
မြန်မာနိုင်ငံတွင် စပျစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြား၌ အများအပြား စိုက်ပျိုးဖြစ် ထွန်းလျက်ရှိကြောင်း သိရသည်။ စပျစ်စိုက်ပျိုးရာ တွင် ကိုင်းကူး/ကိုင်းဆက်၍ စိုက်ပျိုးနည်း၊ ပင် ထောင်စိုက်ပျိုးနည်း၊ ချုံပုတ်သဏ္ဌာန်စိုက်ပျိုးနည်း နှင့် စင်တင်စိုက်ပျိုးနည်းဟူ၍ စိုက်ပျိုးလေ့ရှိ ကြောင်း၊ ကိုင်းဆက်စိုက်ပျိုးခြင်းသည် အပင်ပိုမို အကြမ်းခံသည်ဟုလည်း သိရသည်။ အများအား ဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စင်တင်စိုက်ပျိုး ခြင်းနည်းကိုသာ အသုံးပြုကြသည်။