ပျော်ဘွယ်မြို့နယ် ကျေးရွာများတွင် ခရမ်းချဉ်(ဆောင်းသီး)များ စိုက်ပျိုးအောင်မြင်လျက်ရှိ
ကျေးရွာများတွင် ခရမ်းချဉ် (ဆောင်းသီး) စိုက်ပျိုးတောင်သူ ၁၀ ဦးခန့်ရှိပြီး ဧက ၂၀ ခန့် အောင်မြင်စွာ စိုက်ပျိုးထားသည်ကို တွေ့ရသည်။ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လဆန်းတွင် ခူးဆွတ်ရကြောင်း၊ ရွှေဖရုံမျိုးများကို အများဆုံး စိုက်ပျိုးထားကြောင်း၊ အရင်းအနှီးနည်းပြီး အချိန် တိုအတွင်း ငွေရလွယ်သောသီးနှံဖြစ်သည့်အတွက် အများအားဖြင့် နှစ်စဉ် ပုံမှန်စိုက်ပျိုးကြကြောင်း သိရသည်။ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ သွင်းအားစု စရိတ်၊ လုပ်သားခ စရိတ်အားလုံးပေါင်း တစ်ဧက ကုန်ကျစရိတ် ကျပ် ၂၅၀ဝ၀ဝ ခန့်သာ ကုန်ကျ ကြောင်း၊ တစ်ဧက ပျမ်းမျှအထွက်နှုန်း ပိဿာ ၅၀ဝ ခန့် ထွက်ရှိကြောင်း၊ ယခင်နှစ်ဈေးနှုန်း တစ