မိတ္ထီလာခရိုင်တွင် ကြက်သွန်နီဈေး အနည်းငယ်ကျဆင်း
မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီလက်ကားဈေး အနည်းငယ် ကျဆင်း သကဲ့သို့ နယ်ဝေးတင်ပို့မှုမှာလည်း လျော့နည်းလာကြောင်း သိရသည်။ ယခင်က ရန်ကုန်၊ ပဲခူးသို့ ပုံမှန်ပို့နိုင်ပြီး နယ်စပ်လမ်းကြောင်းများသို့ပါ တင်ပို့ နိုင်ခြင်းကြောင့် ကုန်တင်ယာဉ်များအတွက် အကျိုးအမြတ်များခဲ့သည်။ တင်ပို့ရာတွင် ဘင်္ဂလားဒေ့ရှ်သို့ ဥလနမ ှနေ မှလည်းကောင်း၊ ဗီယက်နမ်၊ မလေး ရှားနိုင်ငံများသို့ နယ်စပ်လမ်းကြောင်းဖြစ်သည့် မြဝတီမှလည်းကောင်း တင်ပို့ ကြောင်းသိရသည်။