မုံရွာမြို့နယ်အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိသော ပဲမျိုးစုံနှင့် ကြက်သွန်နီ ဈေးနှုန်း/ဈေးကွက် အခြေအနေ
မေလကုန်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိ သော လယ်ယာထွက်ကုန်သီးနှံများထဲမှ ဂျုံဖြူသန့် ဈေးငြိမ်၍ ဃဏပြောင်း ဖူးစေ့နှင့် ပဲတီစိမ်းကြီး ဈေးနှုန်းကျဆင်းသွားပြီး ပဲတီစိမ်း သေး၊ ပဲစင်းငုံ၊ ပဲနီလုံးကျား၊ ပဲကြီး၊ မတ်ပဲ၊ ၉၂၉၊ ကုလားပဲဖြူလုံးသေးနှင့် ကုလားပဲ ဖြူလုံးကြီး ဈေးနှုန်းများ မြင့်တက်သွားသည်။ မေလကုန်တွင် သီးနှံများ တစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် ကျပ် ၅၃၅၀ဝ၊ ပဲစင်းငုံ ကျပ် ၉၂၀ဝ၀၊ မတ်ပဲ ကျပ် ၇၄၀ဝ၀၊ ပဲတီစိမ်း (ကြီး) ကျပ် ၆၀ဝ၀ဝ-၄၅၀ဝ၀၊ ပဲတီစိမ်း(သေး)ကျပ် ၄၄၀ဝ၀၊ ပဲနီလုံးကျား ကျပ် ၅၀ဝ၀ဝ နှင့် ပဲကြီးတစ်တင်းလျှင် ကျပ် ၉၁၀ဝ၀ ပေါက်ဈေးရှိသည်။