ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာ၌ ဆောင်းမြေပဲ စိုက်ပျိုးထွက်ရှိမှု အခြေအနေ
ကျွန်းပင်စင်ကျေးရွာသည် ပွင့်ဖြူမြို့နယ် ဝဲဒေါင့် ကျေးရွာ အုပ်စုတွင်တည်ရှိပြီး သမိုင်းဝင်ကျောင်းတော်ရာ ဘုရားကြီးနှင့် သုံးမိုင်ခန့်အကွာတွင် တည်ရှိသည်။ ကျွန်းပင် စင်ကျေးရွာတွင် အိမ်ခြေ ၂၀ဝ ခန့်ရှိပြီး လူဦးရေမှာ ၁၃၅၀ ဦးခန့် နေထိုင်ကြသည်။ စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင် ကြပြီး စပါး၊ ပဲကြီး၊ ပဲထောပတ်၊ ကုလားပဲ၊ ပြောင်း၊ နှမ်းနှင့် မြေပဲသီးနှံများကို စိုက်ပျိုးကြကြောင်း၊ ဆောင်းမြေပဲသီးနှံကို ယခုနှစ်တွင် ဧက ၂၀ဝ ခန့်စိုက်ပျိုးထားပြီး ရာသီဥတု ကောင်း မွန်သောကြောင့် သီးနှံအထွက်နှုန်းများ ကောင်းမည်ဖြစ် ကြောင်း သိရှိရသည်။