Main menu

Background

ကုန်သွယ်ရေးသတင်း

ဒီတစ်ပတ် မန်ကျည်းတန်ချိန် ၂၀၀၀ကျော်တင်ပို့

Fri, 03/30/2018 - 12:39 -- journal_editor

   မတ်လ၁၁ရက်မှ၁၇ရက်အထိသီတင်းပတ်အတွင်းမန်ကျည်း၂၀၆၇ဒသမ၉၈တန်ကိုပင်လယ်ရေကြောင်းကုန် သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ဒီတစ်ပတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ၉၆ တန်၊ အင်ဒိုနီးရှားနိုင်ငံသို့ ၂၉၈ တန်၊ မလေးရှားနိုင်ငံသို့ ၄၄၁ ဒသမ ၉၈ တန်၊ စင်ကာပူနိုင်ငံသို့ ၁၀၃၂ တန်၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၁၅၀ နဲ့ ဗီယက် နမ်နိုင်ငံသို့ တန်ချိန် ၅၀ တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ မန်ကျည်းတန်ချိန် ၃၇၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန်၁၆၉၀ ကျော် တင်ပို့မှုပိုခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်းတင်ပို့မှုမှ   အမေရိကန်ဒေါ်လာ ၉၅၈၃၈၀ ဝင်ငွေရရှိခဲ့တယ်လို့သိရပါတယ်။                   

အိန္ဒိယနယ်စပ်မှ ကွမ်းသီးတင်ပို့မှု ကျဆင်း

Thu, 02/22/2018 - 11:05 -- journal_editor

မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၆၉၃ သန်း တန်ဖိုးရှိ ကွမ်းသီး ၈၁၇ တန်ကိုတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ၁၃၄၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၂၃ တန် လျော့နည်းတင် ပို့ခဲ့တယ်လို့သိရပါတယ်။ယခုတစ်ပတ်မှာ ရိဒ်ကုန်သွယ်ရေးစခန်းရော တမူးကုန်သွယ်ရေးစခန်း ပါ ကွမ်းသီးများတင်ပို့မှု ကျဆင်းခဲ့တဲ့အတွက်ကြောင့် လျော့နည်းရခြင်းဖြစ် တယ်လို့ သိရပါတယ်။ တင်ပို့မှုကိုကြည့်ပါက ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေ ရိကန်ဒေါ်လာ သုည ဒသမ ၄၀၆ သန်းတန်ဖိုးရှိ ကွမ်းသီး ၄၉၅ တန်နဲ့ တမူး ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၈၇ သန်းတန်ဖိုးရှိ ကွမ်းသီး

ထိုင်းနိုင်ငံသို့ ကော်ဖီစေ့ တင်ပို့

Thu, 02/22/2018 - 10:42 -- journal_editor

  မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီ ၃ရက်မှ ၉ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၆၄၄၀ တန်ဖိုးရှိ ကော်ဖီစေ့ ၁၂ တန်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တာချီလိတ်မှ ကော်ဖီစေ့တင်ပို့မှု မရှိခဲ့ပါဘူး။မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးလျက်ရှိတဲ့ ဒေသများမှာ တောင်ငူ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ရှမ်းပြည်နယ် ရွာငံဒေသနဲ့ ချင်းပြည်နယ်တို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံထွက် အထူးတန်းကော်ဖီကို ၂၀၁၆ ခုနှစ်က အမေရိကန်သို့ တင်ပို့ခဲ့ပြီး ဂျပန်၊တရုတ်(တိုင်ပေ)၊ ဆွစ်ဇာလန်နဲ့ အာရှနိုင်ငံများသို့ ကော်ဖီ ဈေးကွက် ချဲ့ထွင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ် ရောင်

ရွှေဖြစ်နေတဲ့ ရွှေသခွားမွှေး

Wed, 02/21/2018 - 12:45 -- journal_editor

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံနယ်စပ်သို့ သစ်သီးဝလံ များ တင်ပို့ရောင်းချလျက်ရှိပြီး မြန်မာ့သခွားမွှေး များကိုလည်း တရုတ်ပြည်ရှိ   တိဘက်ဒေသ၊ ဟိုင်နန်ဒေသ၊ မကာအိုဒေသ၊ ဟောင်ကောင် ဒေသများမှအပ  ကျန်ပြည်နယ်များသို့  တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ စိုက်ပျိုး ထွက်ရှိသော သခွားမွှေးများကို တစ်နှစ်ထက် တစ်နှစ် ပိုမိုတင်ပို့ရောင်းချနေပြီး တရုတ်နိုင်ငံ ရဲ့ ဈေးကွက်မှာလည်း ရွှေသခွားမွှေးကို ဈေး ကွက်ဝင်သီးနှံအဖြစ် ရောင်းဝယ်လျက် ရှိကြပါ တယ်။

ကျွဲ ၊ နွား (အရှင်)များ ပြည်ပတင်ပို့ခြင်းဆိုင်ရာ သိကောင်းစရာ

Tue, 02/06/2018 - 14:16 -- journal_editor

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနသည် ဝန်ကြီးရုံး၏ ၂၀၁၇ ခုနှစ်၊ အောက်တို ဘာလ ၇ ရက်တွင်ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာ စာအမှတ် (၄၉/၂၀၁၇) အရ ကျွဲ၊ နွားအရှင်များ အား ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုခဲ့ပြီးဖြစ်ပါ တယ်။ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင် ရွက်နေသည့် ဈေးကွက်စီးပွားရေးနှင့်အညီ ရောင်း လိုအားနှင့် ဝယ်လိုအားအရ ဖြစ်ပေါ်လာသော လွတ်လပ်သည့် ဈေးကွက်ကို ဖော်ဆောင်နို င်ရန်၊ တရားမဝင်တင်ပို့မှုများအား တရားဝင်လမ်း ကြောင်းပေါ်သို့ ရောက်ရှိလာစေရန်၊ မွေးမြူသူ တောင်သူများကို ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမို ရရှိစေရန်နှင့် တောင်သူလယ် သမားတို့၏ အကျိုးစီးပွားကို ပိုမိုကာ

ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခွင့်ပြု

Wed, 01/31/2018 - 10:30 -- journal_editor

         ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား စည်းမျဉ်းစည်းကမ်း သတ်မှတ်၍ တရားဝင် တင်ပို့/တင်သွင်းခွင့်ပြုခြင်းအားဖြင့် တရားမဝင် ရောင်းဝယ်မှုပပျောက်ပြီး နိုင်ငံတော်မှ ရသင့်ရထိုက် သော အခွန်ဘဏ္ဍာငွေရရှိစေရန်၊ ငွေကြေးဈေးကွက်တည်ငြိမ်မှုကို အထောက်အကူပြုစေရန်နှင့် ကမ္ဘာ့ရွှေဈေးကွက်တွင် မြန်မာ့ ရွှေထည်ပစ္စည်းများ ထိုးဖောက်ဝင်ရောက်နိုင်ရန် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ဇန်နဝါရီ ၂၂ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၇/၂၀၁၈  ထုတ်ပြန်ကြေညာခဲ့ ကြောင်းသိရသည်။

တရားမဝင် ရှောင်ကွင်းလမ်းမှ အကောက်ခွန်မဲ့ သယ်ဆောင်လာသော တစ်ဖက်နိုင်ငံထွက် အာလူးများ ဖမ်းဆီးရမိ

Tue, 01/23/2018 - 11:27 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီး ဌာနအနေဖြင့် တရုတ်ပြည်မှ စိုက်ပျိုး ထွက်ရှိသည့် အာလူး၊ ကြက်သွန်ဖြူများ အား မိမိနိုင်ငံအတွင်းသို့  တရားဝင် တင်သွင်းခွင့်ပြုထားခြင်း  မရှိသကဲ့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း  ယခု နှစ်ဆောင်းရာသီပေါ်ချိန်တွင်  တရုတ် နိုင်ငံဘက်မှ ထွက်ရှိသည့်  အာလူးများ ကို ပြည်တွင်းဈေးကွက်သို့ တရားမဝင် လမ်းကြောင်းများမှ အလုံးအရင်းတင်း သွင်းလျက်ရှိကြောင်း၊ ပြည်တွင်းအာလူး စားသုံးမှုဖူလုံစေရန်  ရာသီအလိုက် မိုးကြိုအာလူး၊   ဆောင်းအာလူး၊ နွေ အာလူး စသည်တို့ကို ရှမ်းပြည်နယ် တောင်ပိုင်းတွင်  အများဆုံးစိုက်ပျိုးခဲ့ သော်လည်း  ပြည်တွင်းလိုအပ်ချက် ပြည့်မီကျေ

တောင်ကြီးမြို့တွင် မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဖွဲ့စည်း

Wed, 01/17/2018 - 14:59 -- journal_editor

    မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းမှ  ကြီးမှူးကျင်းပသော   မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီး မြို့၊ ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာန၌ ဇန်နဝါရီလ ၈ ရက်တွင် ကျင်းပခဲ့ပါ သည်။  အဆိုပါ  အခမ်းအနားတွင် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်း ရွက်စိုက်ပျိုး ထုတ် လုပ်တင်ပို့ရောင်းချ သူများအသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင

လားရှိုးဈေးကွက်မှာ ပြောင်းဈေးငြိမ်နေပြီး အရောင်းအဝယ်ကောင်းနေ

Wed, 01/03/2018 - 12:47 -- journal_editor

     ယခုတစ်ပတ်  လားရှိုးဈေးကွက်မှာ ပြောင်းဈေးငြိမ်နေပြီး အရောင်းအဝယ်လည်း ကောင်းနေကြောင်း သိရပါတယ်။ ယခု တစ်ပတ်ပြောင်းတစ်ပိဿာ ကျပ် ၄၇၀ (တစ်တန်ကျပ် ၂၈၇၈၂၀) ဈေးရှိခဲ့ရာ ယခင်တစ်ပတ်ဈေးနှုန်း အတိုင်း ဈေးအတက်အကျ မရှိခဲ့ကြောင်း သိရပါတယ်။  အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခင်တစ်ပတ်က ၂၀၆၈၈၃၇၁ ပိဿာ ရှိခဲ့ရာမှ ယခုတစ်ပတ်မှာ ၂၀၇၄၈၉၉၈ ပိဿာရှိခဲ့လို့ အရောင်းအဝယ်လည်း ကောင်းခဲ့ ကြောင်း သိရပါတယ်။  သယ်ယူပို့ဆောင်ခအနေနဲ့ လားရှိုးမှ မူဆယ်အထိ ယခင်တစ်ပတ်က ပြောင်းတစ်ပိဿာ ၃၅ကျပ်ရှိခဲ့ ပေမယ့် ယခုတစ်ပတ်မှာတော့ ပြောင်းတစ် ပိဿာ ၃၇ကျပ်ရှိခဲ့လို့ သယ်ယူပို့ဆောင်စရိတ် အနည်းငယ်တ က်လာခဲ့ကြောင်း သိရပါ တယ်။

မူဆယ်မှ ဝဥစို ပိုမိုတင်ပို့

Wed, 01/03/2018 - 12:30 -- journal_editor

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင်  ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ရက် သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ  ၀၁၀ သန်းတန်ဖိုးရှိ ဝဥ (စို) ၄၂ တန်နဲ့ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၈၂ သန်းတန်ဖိုးရှိ ဝဥခြောက် ၄၄ တန်ကျော်ကို တရုတ် နိုင်ငံသို့တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က ဝဥ(စို) ၁၄ တန်၊ ဝဥခြောက် ၁၃၃ တန် ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ဝဥခြောက် ၈၉ တန် လျော့နည်းတင် ပို့ခဲ့ပေမယ့် ဝဥ(စို) ၂၈ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း