Main menu

Background

ကုန်သွယ်ရေးသတင်း

ရာသီပေါ် သီးနှံများကို ကာလသတ်မှတ်၍ နယ်စပ်ဒေသများမှ တင်သွင်းခွင့် ပြု

Thu, 05/16/2019 - 14:04 -- journal_editor

            ရာသီပေါ် သီးနှံများကို ကာလသတ်မှတ်၍ နယ်စပ်ဒေသများမှ တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး ယင်း သို့ ခွင့်ပြုပေးရာတွင် ပြည်တွင်း စိုက်ပျိုးထွက်ရှိမှုအပေါ် မူတည်၍ ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ်ကြောင်း ကုန်သွ ယ်ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ရာသီပေါ်သီးနှံများ ပြည်ပမှ တင်သွင်း ခြင်းအတွက် သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး သွင်းကုန်လိုင်စင် လျှောက် ထားရန် လိုအပ်သော သီးနှံများ တင်သွင်းမှုနှင့် ပတ် သက်၍ စိုက်ပျိုးရေး ဦးစီးဌာန၏ တင်သွင်းခွင့် ထောက်ခံချက် လက်မှတ်နှင့်အတူ သွင်းကုန်လိုင်စင် လျှောက်ထားရ မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်တင်ပို့မှုတန်ဖိုး မြင့်တက်လာ

Thu, 05/09/2019 - 13:31 -- journal_editor

         တာချီလိတ်ကုန်သွယ်ရေးစခန်း အနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီလကုန်သွယ် မှုလျာထားချက် ပို့ကုန်တန်ဖိုး အမေရိ ကန်ဒေါ်လာ သုည ဒသမ ၅ သန်းနှင့် သွင်းကုန်တန်ဖိုး ၄ ဒသမ ၁၅ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ လျာထားချက် ၄ ဒသမ ၆၅ သန်းအပေါ်မှာ စုစု ပေါင်းကုန်သွယ်မှုပမာဏအမှန်ဆောင် ရွက်နိုင်မှုသည် (ယာယီ) စာရင်းအရ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၁၇ သန်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက်  လျာထားချက်အပေါ် ၁၀၃ ဒသမ ၅၉ ရာခိုင် နှုန်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့သည်။

မူဆယ်(၁၀၅)မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ တရုတ်သို့ တင်ပို့သရက်သီးများ ဈေးကောင်းရ

Thu, 05/09/2019 - 12:51 -- journal_editor

           ယခုရက်သတ္တပတ်အတွင်း မူဆယ်( ၁၀၅)မိုင် သစ်သီး ဝလံကုန်စည်ဒိုင်မှ တရုတ်သို့ ဖရဲသီးတင်ပို့မှုအနေဖြင့် ဖရဲ ကျားသီး၊ ဖရဲဖြူသီး၊ ဖရဲအဝိုင်းကျားသီးတို့ တင်ပို့ခဲ့ကြပြီး ဖရဲ တင်ပို့မှုမှာ  နည်းသွားသော်လည်း ဈေးကောင်းရနေသည်။ သခွားတင်ပို့မှုနည်းသွားပြီး ဈေးမှာအနည်းငယ်လျော့သွား သော်လည်း သရက်သီးတင်ပို့မှုမှာ တဖြည်းဖြည်းများလာပြီး ဈေးကောင်းရနေသည်။ ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း ဖရဲကား ၁၁၀၅ စီး၊ တန်ချိန် ၁၃၁၃၆ တန်၊ ရွှေသခွား ၁၂ စီး၊ တန်ချိန် ၆၆ ဒသမ ၅ တန်၊ သရက်ကားစီးရေ ၄၀၆ စီး၊ တန်ချိန် ၂၂၉၆ ဒသမ ၅ တန်တင်ပို့ရောင်းချခဲ့ကြောင်း သစ်သီးဝလံ  ကုန်စည်ဒိုင်မှ သိရှိရသည်။ ယခုတစ်ပတ်အတွင်း ကျောက်ဖရုံသီးတင်ပို့မှု

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့နေတဲ့ ကြက်သွန်နီ

Fri, 05/03/2019 - 13:48 -- journal_editor

           မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ဧပြီ ၁ ရက်မှ ၅ ရက်အထိ တရုတ်နိုင်ငံသို့ကြက်သွန်နီ တင်ပို့မှုအခြေအနေကို စိစစ်ကြည့်ရာ တန်ချိန် ၂၉၇ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၂ သန်း၊ ကားစီးရေ ၉၀ ဖြင့် တင်ပို့နိုင် ခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လ ၃၁ ရက် အထိ  ကြက်သွန်နီတန်ချိန် ၁၆၆၆၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၉၀ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မြို့တွင်းတွင် လက်ရှိဖြစ်ပေါ်နေ သော ကြက်သွန်နီဝယ်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၆၀၀ နှုန်းဖြင့် တစ်တန်လျှင်ကျပ် ၃၆၇၂၀၀ ဖြင့်ဝယ်ယူပြီး ပြန်လည်ရောင်းချမှုဈေးမှာ တစ် ပိဿာလျှင်ကျပ် ၁၀၀၀ နှုန်းဖြင့် တစ်တန်လျှင် ကျပ် ၆၁၂၀၀၀ ရရှိကြောင်း သိရပါတယ်။ ယခင

မြန်မာနိုင်ငံမှ တင်ပို့ခဲ့သည့် ဆန်တန်ချိန် ၁၈၀၀၀ကို အိုင်ဗရီကို့စ် အာဏာပိုင်များက စားသုံးရန်မသင့်ဆိုကာ ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

Thu, 05/02/2019 - 14:35 -- journal_editor

             မြန်မာနိုင်ငံမှတင်ပို့ခဲ့သော ဆန်တန်ချိန် ၁၈၀၀၀ ကို အိုင်ဗရီကို့စ်အာဏာပိုင်များက စားသုံးရန်မသင့်ဟု ကြေညာ၍ ဖျက်ဆီးခဲ့သည်ဟု ပြည်ပသတင်းဌာနများတွင် မကြာသေးမီက  ဖော်ပြခဲ့မှုနှင့်ပတ်သက်၍ စီးပွားေ ရးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဧပြီ ၂၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးခဲ့ရာ ယင်းဆန်များမှာ Olam International Co.,Ltd က အာဖရိကတိုက်ရှိ ဂီနီ (Guinea) သို့ဆန်တင်ပို့ရန် မြန်မာကုမ္ပဏီသုံးခုဖြစ်သော ရွှေဝါ ရောင်ကုမ္ပဏီမှ တန် ၁၃၅၀၀၊ Myanmar Economic Corporation Co.,Ltd မှ တန် ၈၀၀၀ နှင့် ဧရာဟင်္သာကုမ္ပဏီမှ တန် ၅၀၀

ငှက်သိုက်(အမဲ)ကို စင်ကာပူနိုင်ငံသို့ ပို့ကုန်အမယ်သစ်အဖြစ် စတင်တင်ပို့

Fri, 02/15/2019 - 10:29 -- journal_editor

 တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစုဒေသနှင့် ကော့သောင်း ဒေသတို့မှ ထွက်ရှိသော ငှက်သိုက်(အမဲ) Bird's Nest (Black)  များကို ဝယ်ယူ စုဆောင်းပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် စင်ကာပူနိုင်ငံသို့ ပို့ကုန်အမယ် သစ်အဖြစ် ဈေးကွက်ရှာဖွေတင်ပို့နိုင်ခဲ့ပါတယ်။ လိုင်စင်လျှောက်ထားဈေးနှုန်း မှာ တစ်ကီလို ဂရမ်လျှင် ၄၇၀ ဒေါ်လာဖြင့် ၃၈၈ ကီလို၊ တန်ဖိုးအားဖြင့် ၁၈၂၃၆၀ ဒေါ်လာအား တင်ပို့ခွင့် လျှောက် ထားလာပါတယ်။ ငှက်သိုက်(အမဲ) များမှာ ငှက်သိုက် (အဖြူ) ထက် ဈေးပိုမိုရရှိကြောင်း သိရှိရပြီး ငှက်သိုက် (အမဲ)များ ပြည်ပသို့ တင်ပို့နိုင်ခဲ့ခြင်းကြောင့် ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိလာမည်ဖြစ်ကြောင်း သိ

တစ်သျှူးငှက်ပျောတင်ပို့မှုကြောင့် ကုန်သွယ်မှုပိုငွေများပြားလာသည့် ကန်ပိုက်တီကုန်သွယ်ရေးစခန်း

Thu, 01/17/2019 - 13:06 -- journal_editor

      မြန်မာနိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယပြည်သူ့ သမ္မတနိုင်ငံတို့အကြား တည်ရှိကာ ကုန်သွယ်မှုအချက်အချာကျသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဆီယံနိုင်ငံများ၊ အနောက် ဥရောပနိုင်ငံများနှင့်လည်း ကုန်သွယ်မှု ပြုလျက်ရှိပါတယ်။မြန်မာနိုင်ငံသည် ပင်လယ်ဆိပ်ကမ်းမှ ရေကြောင်းကုန်သွယ်မှု၊ လေကြောင်းကုန်သွယ်မှု ၊ နယ်စပ်ဒေသများမှ မော်တော်ယာဉ်များဖြင့် နယ်စပ်ကုန်သွယ် မှုပြု လုပ်လျက်ရှိပြီး နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ၇၀ ရာခိုင်နှုန်းကျော် ကုန် သွယ်မှုပြုလျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်မှုမှ ၃၀ ရာခိုင်နှုန်း ဝန်း ကျင်ရှိပါကြ

လျှော်ဖြူအစေး(ခေါ်) ဆေးကုလားမ TRAGACANTH GUM HERB တရုတ်နိုင်ငံ(တိုင်ပေ)သို့ တရားဝင်လမ်းကြောင်းမှ တင်ပို့ခွင့်ပြုပြီ

Mon, 01/07/2019 - 14:27 -- journal_editor

        လျှော်ဖြူပင်(ခေါ်) ဆေးကုလားမပင်သည် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် သဘာဝအလျောက် ပေါက်ရောက် သလို ယခုအခါ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ တနင်္သာရီ တိုင်းဒေသကြီးတို့တွင် စီးပွားဖြစ်  ဧကဖွဲ့စိုက်ပျိုးလာကြပြီး ထွက်ရှိလာသော လျှော်ဖြူအစေး(ခေါ်)  ဆေးကုလားမကို ကြာဆန်အမျှင်၊ ရေခဲသားအကြည်၊ ရေခဲသားအဝါ၊ အညို ရောင်ဟူ၍   အမျိုးအစား အမျိုး မျိုးခွဲခြား ထားကြောင်း၊ အရောင်အသွေး အမျိုးအစားအလိုက် အနိမ့်ဆုံး ကျပ် ၅၀ဝ၀ မှ အမြင့်ဆုံး ကျပ် ၁၂၀ဝဝဝ ရှိကြောင်း၊ ကြာဆန်အမျှင်မှာ ဈေးနှုန်းအမြင့်ဆုံးရရှိကြောင်းလည်း သိရှိရသည်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း