ရွှေဖြစ်နေတဲ့ ရွှေသခွားမွှေး
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံနယ်စပ်သို့ သစ်သီးဝလံ များ တင်ပို့ရောင်းချလျက်ရှိပြီး မြန်မာ့သခွားမွှေး များကိုလည်း တရုတ်ပြည်ရှိ တိဘက်ဒေသ၊ ဟိုင်နန်ဒေသ၊ မကာအိုဒေသ၊ ဟောင်ကောင် ဒေသများမှအပ ကျန်ပြည်နယ်များသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ စိုက်ပျိုး ထွက်ရှိသော သခွားမွှေးများကို တစ်နှစ်ထက် တစ်နှစ် ပိုမိုတင်ပို့ရောင်းချနေပြီး တရုတ်နိုင်ငံ ရဲ့ ဈေးကွက်မှာလည်း ရွှေသခွားမွှေးကို ဈေး ကွက်ဝင်သီးနှံအဖြစ် ရောင်းဝယ်လျက် ရှိကြပါ တယ်။









