Main menu

Background

ကုန်သွယ်ရေးသတင်း

မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် AAA အမှတ်တံဆိပ် ဘိလပ်မြေကို အိန္ဒိယနိုင်ငံသို့ စတင်တင်ပို့

Fri, 12/01/2017 - 13:19 -- journal_editor

       မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် AAA အမှတ်တံဆိပ် ဘိလပ်မြေများကို တမူး-မိုရေး နယ်စပ်လမ်းကြောင်းမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ စတင်တင်ပို့နေပြီ ဖြစ်သည်။ မြန်မာ့ဘိလပ်မြေများ၏ အရည်အသွေးကောင်းမွန်ခြင်း၊ ဈေးနှုန်းသက် သာခြင်းကြောင့် အိန္ဒိယနယ်စပ်ဒေသများတွင် ပိုမိုအသုံးပြုလာခဲ့ပါသည်။ အစ ပထမတွင် တမူးမြို့ရှိ ကုန်မာဆိုင်များနှင့် နန့်ဖာလုံဈေးများတွင် လက်လီရောင်း ချခဲ့ရာမှ ဝယ်ယူသုံးစွဲပြီး အရည်အသွေးကောင်း မွန်မှုကြောင့် ဈေးကွက်ရရှိလာ ခဲ့ခြင်း ဖြစ်ပါသည်။ အဓိကဝယ်ယူအသုံးပြုလျက်ရှိသော ဘိလပ်မြေမှာ ဗဗဗ အမှတ်တံဆိပ်ဖြစ်ပြီး စက်ရုံဝယ်ယူဈေးမှာ တစ်အိတ်လျှင်ကျပ် ၄၄၈၀ ဖြစ်ရာ တမူးမြို့တွင် လက်လီ ရောင်းဈေးကျပ် ၆၀၀၀

ပျားရည်တင်ပို့မှု အနည်းငယ်လျော့ကျ

Thu, 11/16/2017 - 15:53 -- journal_editor

အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်  အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၇၅၉၅၀ တန်ဖိုးရှိ ပျားရည် ၁၀၈ တန်ခွဲကို တရုတ် နိုင်ငံသို့တင်ပို့ ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၁၂၃ တန်နဲ့ နှိုင်းယှဉ်ပါက ၁၄ တန်ခွဲ လျော့နည်းတင်ပို့ခဲ့ပါတယ်။ ပျားသတ္တဝါတွေရဲ့  အဓိကအစာတွေကတော့   နှမ်း၊   ရော်ဘာ၊ ဒူးရင်း၊ ကျွဲကော၊ လိုင်ချီး၊ ပြောင်းနဲ့ပဲအမျိုးမျိုးဖြစ်ပြီး သာမန်ပျားအစာတွေ မှာ သခွား၊ ဖရုံ၊ လဲမှို့၊ ရှောက်၊ သံပုရာ၊ လက်ပံ၊ အင်ကြင်း၊ သရက်၊ ကြက်မောက်၊ ကံ့ကော်၊ ဇီး၊ အုန်း၊ ကွမ်း၊ ယူကလစ်နဲ့ ထိကရုံးတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ပျားမွေးမြူရေးလုပန်ငန်းကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း

မြန်မာ့ဖရဲများကို ပြည်ပသို့တင်ပို့

Thu, 11/16/2017 - 15:52 -- journal_editor

     မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ သစ်သီး များကို ပြည်ပသို့ရေကြောင်း ကုန်သွယ် မှုရော နယ်စပ်ကုန်သွယ်မှုနဲ့ပါ တင်ပို့ လျက်ရှိပြီး မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှတစ်ဆင့်    တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇၇ သန်း   တန်ဖိုးရှိ ဖရဲသီး တန် ၁၁၃၀၀ ကိုတင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင် ပို့ခဲ့တဲ့ ၈၅၁၂ တန်နဲ့ နှိုင်းယှဉ်ပါက ၂၇၈၈ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။တရုတ်နိုင်ငံမှ ဖရဲသီးဝယ်ယူ ရာ တွင် တစ်လုံးကို အလေးချိန်ရှစ်ပိဿာမှ ၁၀ ပိဿာ ဝန်းကျင်ရှိတဲ့ အလုံးတွေကို သာ အဓိကဝယ်ယူကြောင်း၊  မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်ကို ဖရဲကား အစီးရေ ၁၂၀ ခန့် ပုံမှန်ဝင်ရောက်မှုရှိ ကြောင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည် နယ်မှလ

တရုတ်နိုင်ငံသို့ သကြားပိုမိုတင်ပို့

Thu, 11/16/2017 - 15:44 -- journal_editor

     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၆၈ သန်းတန်ဖိုးရှိ ျွန-နထစသမအ သကြား ၁၂၈၇၄ တန်ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရာ ယခင်တစ် ပတ်ကတင်ပို့ခဲ့တဲ့ ၉၆၄၁ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၃၂၃၃ တန် ပိုမို တင်ပို့ခဲ့ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ သကြားတစ်တန်ကို ကျပ် ၇၅၉၂၂၀ ဈေးရှိပြီး တစ်ဖက်နိုင်ငံ ဝယ်ဈေးကတော့ယွမ် ၃၇၄၀ ရှိတယ် လို့ သိရပါတယ်။ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၄၇ သန်းတန်ဖိုးရှိ ျွန-နထစသမအ သကြား ၂၉၉၄ တန် ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါ တယ်။         

ကန်ပိုက်တီနဲ့ လွယ်ဂျယ်မှ တစ်သျှူးငှက်ပျော တင်ပို့

Thu, 11/16/2017 - 15:43 -- journal_editor

     မြန်မာ-တရုတ်နယ်စပ်ရှိ ကန် ပိုက်တီကုန်သွယ်ရေးစခန်းမှ အောက် တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၈၃၅၅၃ တန်ဖိုးရှိ တစ်သျှူး ငှက်ပျော ၆၂၅ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့ တဲ့တန် ၁၀၀ နဲ့နှိုင်းယှဉ်ပါက ၅၂၅ တန် ပိုမိုတင်ပို့ခဲ့သလို လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၃၂၈၉၂ တန်ဖိုးရှိ တစ်သျှူးငှက်ပျော ၁၁၂ တန်ကို အဆိုပါ ရက်သတ္တပတ်မှာ တင်ပို့ခဲ့တာ တွေ့ရပါတယ်။တစ်သျှူးငှက်ပျော  တစ်တန်ကို မိမိဘက်ပေါက်ဈေးမှာ ကျပ်လေးသိန်း ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။    
မော်မော်အောင်

 

နယ်စပ်စခန်းစုံမှ လက်ဖက်ခြောက်တင်ပို့

Tue, 10/31/2017 - 18:03 -- journal_editor

            အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ရက်သတ္တပတ် အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်  ကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၈၁၃၈ တန်ဖိုးရှိ လက် ဖက်ခြောက် ၂၆ တန်ကိုလည်းကောင်း၊ ချင်းရွှေဟော် ကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၀၂၈ တန်ဖိုးရှိ လက် ဖက်ခြောက် ၆ တန်ခွဲကိုလည်းကောင်း တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၁၉၄၇ တန်ဖိုးရှိ လက်ဖက်ခြောက် တန် ၃၀ ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။

တရုတ်နိုင်ငံသို့ ပရဆေးကုန်ကြမ်း အမယ်စုံတင်ပို့

Tue, 10/31/2017 - 18:01 -- journal_editor

       အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ သုည ဒသမ ၆၄၃ သန်းတန်ဖိုးရှိ  ပရဆေးကုန်ကြမ်းအမယ် (၁၄) မျိုး၊ တန်ချိန်အားဖြင့် ၅၅၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန် ၁၃၀ ကျော်နဲ့ နှိုင်းယှဉ်ပါက ၄၂၉ တန် ပိုမိုတင် ပို့တာ တွေ့ရပါတယ်။ ယခုတစ်ပတ် တင်ပို့ခဲ့တဲ့ ပရဆေးအမယ်များမှာ မိကျော င်းကွမ်းဖတ် စေ့၊ နေလဲစေ့၊ ကြောင်ပန်းစေ့၊ နနွင်းတက်၊ တောချင်း၊ ချင်းခြောက်၊ ဝဥ ခြောက်၊ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ မာလာဥ၊ မာလာဥခေါင်း၊ ဆီးဆန် နဲ့  ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ) တို့ဖြစ်ပါတယ်။ အလားတူ မြန်မာ-ထိုင

အိန္ဒိယနယ်စပ်မှ ကွမ်းသီးတင်ပို့မှု ကျဆင်း

Tue, 10/31/2017 - 17:59 -- journal_editor

         မြန်မာ-အိန္ဒိယနယ်စပ်ရှိ  ကုန် သွယ်ရေးစခန်းများမှ အောက်တိုဘာ ၁၄ ရက် မှ ၂၀ ရက်အထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၀၉၉ သန်းတန်ဖိုးရှိ ကွမ်းသီး ၁၂၁ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင် တစ် ပတ်က ၄၃၄ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၁၃ တန်လျော့နည်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခု တစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်း ရော ရိဒ်ကုန်သွယ်ရေးစခန်းကပါ တင် ပို့မှုလျော့နည်းခဲ့တဲ့အတွက် ယခုလို တင်ပို့မှု ကျဆင်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းသို့ ဆိုင်ကယ်မျိုးစုံ တစ်သောင်းကျော်တင်သွင်း

Tue, 10/31/2017 - 17:56 -- journal_editor

        ကုန်သွယ်ရေးဇုန်များနဲ့ ကုန်သွယ်ရေးစခန်းများမှ အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၇၈ သန်း တန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံကို ၁၀၅၈၉ စီး တင်သွင်းခဲ့ပါတယ်။ ယခင် တစ်ပတ်က ၁၆၀၀ စီးသာ တင်သွင်းခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၈၉၈၉ စီး ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ယခုတစ်ပတ်မှာ မူဆယ်ကုန်သွယ်ရေးဇုန်မှ ဆိုင်ကယ် အများအပြား တင် သွင်းခဲ့တာကြောင့် ယခုလိုပိုမိုရခြင်း ဖြစ်ပါတယ်။

မြန်မာထိုင်းနယ်စပ်မှ ရေထွက်ကုန်များပိုမိုတင်ပို့

Tue, 10/31/2017 - 17:54 -- journal_editor

    မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်ထိသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၂၉ သန်းတန်ဖိုးရှိ ရေထွက်ကုန်မျိုးစုံ ၅၇၈၆ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ၄၉၉၈ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၇၈၈ တန်ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ မြိတ်ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန် လျော့နည်းတင်ပို့ခဲ့ပေမယ့် မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းကုန်သွယ်ရေးစခန်းမှ ရေထွက် ကုန်များပိုမိုတင်ပို့ခဲ့တဲ့အတွက် ယခုလိုပိုမိုရခြင်းဖြစ်ပါတယ်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း