Main menu

Background

ကုန်သွယ်ရေးသတင်း

အိန္ဒိယပဲ ရက်သတ္တပတ်

Thu, 05/18/2017 - 14:17 -- journal_editor

          အဂရီဝပ်ချ်က မေ ၈ ရက်တွင် ထုတ်ပြန်ခဲ့ သော ပဲမျိုးစုံ ရက်သတ္တပတ် အစီရင်ခံစာ (Pulses Weekly Report )  တွင် အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံ ထုတ်လုပ်ရောင်းချမှု အခြေအနေကို ဖော်ပြထား သည် အစီရင်ခံစာ တွင်  ပါရှိသော ကိန်းဂဏန်း အချက်အလက်များအနက် အမျိုးသားလယ်ယာ စိုက်ပျိုးရေးသမဝါယမ ဈေးကွက်ရှာဖွေရေး ဖက်ဒရေးရှင်း၏ ဝယ်ယူ ဖြည့် တင်းမှု၊ မဟာ ရသျှတ္တရာ လယ်ယာစိုက်ပျိုးရေးဌာန၏ အထွက် နှုန်း ခန့်မှန်းချက်၊ အိန္ဒိယနိုင်ငံအတွင်းသို့ ပဲမျိုးစုံ ကုန်သေတ္တာများ တင်သွင်းမှု အခြေအနေ စသည့် ကိန်းဂဏန်း အချက်အလက်များမှာ ယခင် ရက် သတ္တပတ်ကအတိုင်း ပြောင်းလဲမှုမရှိသည်ကို တွေ့ ရသည် ယခုရက်သတ္တပတ်တွင် ပဲစင်းငုံ တင်သွင်းခွန်

ကသာခရိုင်တွင် လိုင်ချီးသီး( ခေါ် ) တရုတ်ဆီးသီးများ ရောင်းအားကောင်း

Wed, 05/17/2017 - 14:17 -- journal_editor

      ကသာခရိုင်အတွင်းရှိ   ကသာ၊ ထီးချိုင့်၊ အင်းတော် မြို့နယ်များမှာ   လိုင်ချီးသီးခေါ်  တရုတ်ဆီးသီးများ အများ အပြား စိုက်ပျိုးကြတဲ့အနက် ကသာမြို့နယ်မှာ အများဆုံးစိုက် ပျိုးတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီမှာ ဖူးပွင့်ပြီး  မေမှာမှည့် ပါတယ်။ စားသုံးမှုများလို့   ရောင်းအားကောင်းပါတယ်။ မန္တလေး၊ မုံရွာ၊ ရန်ကုန်၊ ရွှေဘိုမြို့ကြီးများသို့ တင်ပို့ရောင်းချ နေတာတွေ့ရပါတယ်။ကုန်သည်များက အပင်အောက်ဈေးနဲ့ ဝယ်ယူပါတယ်။ အလုံးတစ်ရာပါတစ်တွဲ  တစ်ထောင်ကျပ်နဲ့ ရောင်းရပါတယ်။ အပင်ကြီးတစ်ပင်မှ ပုံမှန်အတွဲတစ်ရာကျော်ရပါတယ်။အခြား မြို့ကြီးဈေးကွက်မှာ တစ်တွဲကျပ် ၂၅၀၀ ၊ ၃၀၀၀ အထိ ရောင်း ရတယ်လို့ သိရပါတယ်။ လိုင်ချီးသီး(ခေါ်) တရုတ်

မေလဆန်းမှာ ရှမ်းချင်းကို ပြည်ပဝယ်လက်တို့ဝယ်ယူ

Wed, 05/17/2017 - 14:16 -- journal_editor

   အောင်ပန်းဈေးကွက်မှာ  ချင်း (စို)  အဝင်နည်းသွားပါတယ်။ တောင်သူတွေ ထံမှာလည်း အနည်းငယ်သာ ကျန်ရှိတော့တယ်လို့သိရပါတယ်။  ဒီနှစ်ထွက်တဲ့   ချင်း(စို) က ပြည် တွင်း/ပြည်ပမှာအဝယ်လိုက်နေလို့ အရောင်း သွက်နေ တယ်လို့လည်း သိရပါတယ်။ ဧပြီလမှာ ပြည်ပဝယ်လက်တွေရှိခဲ့လို့ ဖြုန်းအား  အနည်းငယ်ကောင်း ခဲ့ပါတယ်။ဧပြီလအကုန်မှာတော့ ပြည်ပဝယ်လက်တွေက  နားသွားလို့ ပြည်တွင်းသုံး   ချင်းထိုးသမားတွေသာ အဝယ်ရှိတော့တယ်လို့လည်း သိရပါတယ်။  မေလဆန်း မှာတော့  အောင်ပန်းဈေးကွက်မှာချင်းကို ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ဖို့အတွက် ဝယ် လက်အချို့က ပြန်ပြီး  ဝယ်ယူနေကြပါတယ်။ ဒါပေမယ့် ချင်း(စို)ကိုပြန်ပြီး  စိုက်နေ တာကြောင့် ဈေးကွက်ကိုအဝင်နည်းလာလို

မြဝတီကုန်သွယ်ရေးဇုန်ရဲ့ ဧပြီကုန်သွယ်မှုကာလတူထက်ပိုမို

Tue, 05/16/2017 - 14:53 -- journal_editor

   မြဝတီကုန်သွယ်ရေးဇုန်ရဲ့ ဧပြီလ အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၄၆ သန်း၊ သွင်းကုန် အမေရိ ကန်ဒေါ်လာ ၃၈ ဒသမ ၆၇၅ သန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၄၂၁ သန်း ဆောင်ရွက်နိုင်ခဲ့ပါ တယ်။ ဧပြီလုပ်ငန်းဆောင်ရွက်မှုကို ကာလတူဖြစ်တဲ့ ၂၀၁၆ ခုနှစ် ဧပြီ ဆောင်ရွက်နိုင်မှုနဲ့ နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၈၁၁ သန်းနဲ့ သွင်းကုန်အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၇၀ သန်းပိုမို ခဲ့သဖြင့် ကုန် သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၈၁ သန်းပိုမိုခဲ့တယ်လို့ မြဝတီ ကုန်သွယ်ရေးဇုန်မှ သိရပါတယ်။

အိန္ဒိယနယ်စပ်မှ ကွမ်းသီးပိုမိုတင်ပို့

Tue, 05/16/2017 - 13:59 -- journal_editor

    မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းနဲ့ တမူးကုန်သွယ် ရေးစခန်းများမှ ဧပြီ ၂၉ ရက်မှ မေ ၅ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုည ဒသမ ၆၄၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၇၆၃ တန် တင်ပို့ ခဲ့ပါတယ်။ ယခင် တစ်ပတ်က ကွမ်းသီးတန်ချိန် ၆၇၀ တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၉၃ တန် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။တင်ပို့မှုကိုကြည့်ပါက ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၇၀ သန်းတန်ဖိုးရှိ ကွမ်းသီး ၄၅၅ တန်၊ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၇၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၃၀၇ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ယခုတစ်ပတ်မှာ ရိဒ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီး တစ်မျိုးသာ တင်ပို့ခဲ့ သော်လည်း

မူဆယ်မှ ရေထွက်ကုန် ပိုမိုတင်ပို့

Thu, 05/11/2017 - 15:21 -- journal_editor

      မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ ဧပြီ ၂၂ ရက်မှ ၂၈ ရက် အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၀၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၇၀၇ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က အမေရိကန် ဒေါ်လာ သုညဒသမ ၉၁၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန် ၄၃၀ ကျော်  တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ဖိုးအားဖြင့် အမေ ရိကန်ဒေါ်လာ သုညဒသမ ၆၉၆သန်း၊ တန်ချိန်အားဖြင့် ၁၂၇၇ တန် ပိုမို တင်ပို့ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ဂွန်တူးငရုတ်သီးဈေးကွက် အကျပ်အတည်းတွေ့

Thu, 05/11/2017 - 15:16 -- journal_editor

      ဂွန်တူး ငရုတ်သီးဈေးကွက် မှာ ပြည်နယ်အတွင်း အကြီးဆုံး ဈေးကွက်ဖြစ်သကဲ့သို့ အိန္ဒိယ  တစ်နိုင်ငံလုံးတွင်လည်း အကြီး ဆုံးဈေးကွက်ဖြစ်သည်။ ယခု အခါ ဈေးကွက်အတွင်း ငရုတ် သီးအိတ်များ အများအပြား စုပုံ လျက်ရှိရာ အချို့ခန့်မှန်းချက် အရ အိတ်သုံးသိန်းခန့် ရှိမည်ဟု သိရသည်။ သို့ဖြစ်ရာ ဈေးကွက် အတွင်း၌ အကျပ်အတည်းများ ကြုံတွေ့နေရသည့်အတွက် ဧပြီ ၂၉ ရက်မှစ၍ ဈေးပိတ်ထားပြီး မေ ၃ ရက်တွင် ပြန်လည်ဖွင့်လှစ် ခဲ့သည်။

စစ်တွေကုန်သွယ်ရေးစခန်းမှ ရေချိုငါးမြစ်ချင်း ပြန်လည်တင်ပို့

Thu, 05/11/2017 - 14:27 -- journal_editor

        စစ်တွေကုန်သွယ်ရေးစခန်းမှ ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၀၇၉ သန်းတန်ဖိုးရှိ ရေချို ငါးမြစ်ချင်းတန် ၇၀ ကို တင်ပို့ခဲ့ပါတယ်။ ရေချိုငါးမြစ်ချင်းကို ဧပြီလဆန်း ပိုင်းမှစပြီး တင်ပို့နိုင် ခြင်းမရှိဘဲ ယခုတစ်ပတ်မှသာ ပြန်လည်တင်ပို့လာတာ တွေ့ရပါတယ်။ရေချိုငါးမြစ်ချင်းအပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၀၂၁ သန်း တန်ဖိုးရှိ ကုလားပဲ၊ ဆီးသီးခြောက်၊ မန်ကျည်းစေ့၊ သစ်ခေါက်၊ ဆီးယိုထုတ်တို့ကို တန် ၁၁၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှလည်း ရေထွက် ကုန်များဖြစ်တဲ့ ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက်၊ ငါးသလောက်၊ ငါးစုံလေး ခြောက်တို့ကို ၁၁၈ တန် တင်ပ

မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ စခန်းများမှ ပြောင်းပိုမိုတင်ပို့

Thu, 05/11/2017 - 14:22 -- journal_editor

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီ စခန်းစုံမှ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၅ ဒသမ ၆၄၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၁၆၃၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါ တယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၂၇၁၁၀ တန်၊ လွယ်ဂျယ်မှ ၄၀၈၃ တန်၊ ချင်းရွှေဟော်မှ ၃၄၆ တန်ကျော်နဲ့ ကန်ပိုက်တီမှ တန် ၁၀၀ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် မှ ပြောင်း ၈၄၆၈ တန်ကျော် သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၃၁၇၁ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ဧပြီ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်း ပြောင်းတစ်တန်ဈေး ၂၂၃၀၇၇ ကျပ်ရှိရာမ

တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံသို့ လက်ဖက်ခြောက်တင်ပို့

Mon, 05/08/2017 - 15:18 -- journal_editor

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၂ ရက်မှ ၂၈ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၃၉၄၄တန်ဖိုးရှိ လက်ဖက်ခြောက် ၇၆ တန်ခွဲကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်က ၂၉ တန်ကျော်တင်ပို့ခဲ့ပြီး ဧပြီ တစ်လလုံးမှာတော့ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လက်ဖက်ခြောက် တန် ၁၅၀ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။အလားတူ မြန်မာ-ထိုင်း နယ် စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်း မှလည်း အမေရိကန်ဒေါ်လာ ၁၇၉၂၆ တန်ဖိုးရှိ လက်ဖက်ခြောက် ၄၆ တန်နီး ပါးကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှုမရှိဘဲ ဧပြီလ အတွင်း တာချီလိတ်မှတစ်ဆင့်  ထိုင်း နိုင်ငံသို့  လက်ဖက်ခြောက်  တန

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း