ပြည်ပဈေးကွက်တွင် ဖျာပုံမှ ငါးမုတ်နှင့် ငါးသလောက် ဈေးကောင်းရနေ
ဖျာပုံမြို့နယ်သည် လယ်ယာ စိုက်ပျိုးခြင်း လုပ်ငန်းနှင့် ပင်လယ် ငါးဖမ်းခြင်း လုပ်ငန်းတို့ဖြင့် စီးပွားရေး ရပ်တည်နေသော မြို့တစ်မြို့ ဖြစ်ပါ တယ်။ ယခုလရာသီသည် လယ်ယာ လုပ်ငန်းများကို စတင်စိုက်ပျိုး လုပ်ကိုင် ကြေ သာ လရာသီ ဖြစ်သလို ပင်လယ်ငါးဖမ်းလုပ်ငန်းအနေဖြင့်လည်း ငါးမုတ် ငါးဖမ်းသော လရာသီလည်း ဖြစ်ပါ တယ်။ ငါးမုတ်ငါးများကို ဇွန်လမှစ၍ သြဂုတ်လအထိ ဖမ်းယူကြပါတယ်။ငါးမုတ်သည် ဈေးကွက်ဝင်ငါးဖြစ်လို့ ပင်လယ် ငါးဖမ်း ရေယာဉ်ပိုင်ရှင်များ အနေဖြင့် သူ့လရာသီရောက်လာလျှင် ငါးမုတ်ကိုသာ ဦးစား ပေးဖမ်းလေ့ ရှိကြ ပါတယ်။ ဒုတိယဈေးကွက်ဝင် ငါးမှာငါးသလောက်ဖြစ်ပြီး ယခုအချိန် အခါသည် ငါးသလောက်ရာသီ မဟုတ်သော်လည်း လက်ကျန် ငါးသလောက် အကေ









