မြဝတီကုန်သွယ်ရေးဇုန်မှ စက်တင်ဘာလအတွင်း ကုန်သွယ်မှုအခြေအနေ
မြဝတီကုန်သွယ်ရေးဇုန်၏ စက်တင်ဘာ လအတွင်း ကုန်သွယ်မှု လျာထားချက်မှာ ပို့ကုန် တန်ဖိုးအမေရိကန်ဒေါ်လာ ၃၀ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၆၀ သန်းနှင့် ကုန် သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၀ သန်း ဖြစ်သည်။ အမှန်လုပ်ငန်းဆောင်ရွက် မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၈၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၅ ဒသမ ၂၅၈ သန်းဖြစ်ပြီး ကုန်သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၄၄ သန်းဖြစ်၍ လျာထားချက်အပေါ် ၁၁ ဒသမ ၃၈ ရာခိုင်နှုန်း ဆောင်ရွက်ခဲ့သည်။